Saturday, February 27, 2010

ချစ်ကတိ

ကောင်မလေးရဲ. မိဘတွေက ကောင်လေးနဲ. ချစ်သူဖြစ်တာ သဘောမတူကြဘူး။ဆင်းရဲ ကောင်လေးရဲ. မိသားစုနောက်ခံအခြေအနေ နဲ. ဆိုရင် ကောင်မလေးဘ၀တစ်လျောက်လုံးမှာ ပင်ပန်းဆင်းရဲ လိမ်.မယ်လို.သူတို.ပြောကြတယ်။
မိသားစုရဲ. ဖိအားပေးမှုတွေကြောင်. ကောင်မလေးဟာ ကောင်လေးကို ခဏခဏပြဿနာလုပ်လေ.ရှိတယ်။ ကောင်လေးကိုကောင်မလေးက ချစ်ပါတယ်။ ကောင်လေးကို " ရှင်ကျွန်မကိုဘယ်လောက်ချစ်လဲ " လို.မကြာခဏမေးလေ.ရှိတယ်။ အဆုံးမှာတော. စကားလုံးတွေကို ကဗျာဆန်ဆန်ပြောမပြတတ်တဲ. ကောင်လေး ဟာ ကောင်မလေး ရဲ. စိတ်ဆိုးမှုအမြဲတမ်းခံယူရတယ်။ ကောင်မလေးရဲ. မိဘတွေက ပြောတဲ.စကားလုံးတွေက လည်း ကောင်မလေးရဲ.စိတ်ကို မီးလောင်ရာလေပင်.သလိုမျိုးဖြစ်တာပေါ.။ ကောင်လေးဟာ ကောင်မလေးရဲ. ဒေါသစိတ်တွေထွက်ပေါက်ရှာ ရာပစ်မှတ်တစ်ခုဖြစ်လာတော.တာပေါ.။ ကောင်လေး ကတော. ကောင်မလေးသူ.အပေါ်မှာ ဘယ်လိုစိတ်ဆိုးဆိုး နှုတ်ဆိတ်လို.သာနေပါတယ်။
နောက်တော. ကောင်လေး က တက္ကသိုလ်က ကနေဘွဲ. ရပါတယ်။ သူက နိုင်ငံခြားတက္ကသိုလ် တစ်ခုမှာ မဟာဂုဏ်ထူးတန်း တက်ဖို. ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမယ်. သူကမသွားခင် ကောင်မလေးကို လက်ထပ်ခွင်.တောင်းခဲ.ချင်တယ်။ စေ.စပ်သွားချင်တယ်။
" ကဗျာဆန်ဆန်စကားလုံးလှလှလေးတွေကို တော. ငါမသုံးတတ်ပါဘူး ၊ မင်းကိုအရမ်း ချစ်တယ်ဆိုတာတစ်ခုတော. ငါဟာပြောရဲပါတယ်။ မင်းသာသဘောတူမယ်ဆိုရင် မင်းဘ၀တစ်လျှောက်လုံး အတွက် မင်းဘေးမှာ ပေးဆပ်ရင်းချစ်သွားချင်တယ်။ မင်းရဲ. မိသားစု က လက်ခံနိုင်တဲ.သူတစ်ယောက်ဖြစ်အောင်လည်း ငါအစွမ်းကုန်ကြိုးစားပါ.မယ် "
လို.ပြောတယ်။
ကောင်မလေး က ကောင်လေးကို တကယ်ချစ်တော. လက်ခံလိုက်ပါတယ်။ကောင်မလေးရဲ. မိဘတွေက လည်း ကောင်မလေးကို ချစ်တာတစ်ကြောင်း ၊ ကောင်လေးက လည်း ဆင်းရဲပေမယ်. ရိုးရိုးသားသားကြိုးကြိုးစားစား ပညာတတ်လူငယ်လေးတစ်ယောက်ဖြစ်တာတစ်ကြောင်း၊ နောက်ဆုံးတော. လက်ခံလိုက်ပါတယ်။ စေ.စပ်ပြီးတဲ.အခါမှာတော. ကောင်လေးဟာ ပညာဆက်သင်ဖို. နိုင်ငံခြားကို ထွက်သွားပါတယ်။ ကျန်ခဲ.တဲ.ကောင်မလေးကတော. ကောင်လေး မရှိတဲ. အချိန်မှာ အလုပ်ဝင်လုပ်ပါတယ်။ ကောင်လေးနဲ.ကောင်မလေးရဲ.ဆက်ဆံရေး ဟာ ခိုင်မြဲခဲ.ပါတယ်။ စာနဲ.အပြန်အလှန် အဆက်အသွယ်အမြဲလုပ်ပါတယ်။ တယ်လီဖုန်းလည်းအမြဲဆက်ကြပါတယ်။ အချိန်တွေက စောင်.ရတာကြာတယ်ဆိုပေမယ်.လည်း ကောင်လေးနဲ.ကောင်မလေး ရဲ. ချစ်ခြင်းမေတ္တာက ခိုင်မြဲလျက်ခိုင်မြဲဆဲပါပဲ။
တစ်ရက်မှာတော. အလုပ်က အပြန်သွားနေကျလမ်း မှာ အရှိန်မထိန်းနိုင်တဲ. ကားတစ်စီး က ကောင်မလေးကို ၀င်တိုက်မိပါတယ်။ ကောင်မလေး ပြန်သတိလာတဲ.အခါမှာတော. ကံကောင်းလို. အသက်မသေခဲ.ပေမယ်. သူမရဲ.ရှိခဲ.တဲ. ဒဏ်ရာတွေဟာ အလွန်ပြင်းထန်တယ်ဆိုတာ သတိပြုမိသွားပါတယ်။ မျက်ရည်တွေအရွှဲသားနဲ. စာင်.ကြည်.နေတဲ. မိဘတွေကို သူမဘာမှမဖြစ်ကြောင်းနှစ်သိမ်.ပေးဖို. ကောင်မလေး ကြိုးစားပေမယ်. အသံထွက်မလာခဲ.ပါဘူး။ သူမဟာ စကားတစ်လုံးစနှစ်လုံးစ တောင်ပြောလို.မရနိုင်တော. ဘူး လို.သတိပြုမိသွားတယ်။ အသံထွက်ဖို. သူအမျိုးမျိုးကြိုးစားပေမယ်. လေသံကလွဲလို. ဘာအသံမှထွက်မလာပါဘူး။ကောင်မလေး ဟာ "အ" သွားပါတယ်။ ကောင်မလေးရဲ.ဒဏ်ရာဟာ ဦးနှောက်ကိုထိခိုက်သွားတဲ.အတွက် စကားပြောဖို. နာဗ်ကြောတွေ အလုပ်မလုပ်နိုင်တော.တဲ. အတွက် ကောင်မလေး တစ်သက်လုံးစကားပြောနိုင်တော. မှာမဟုတ်ဘူး လို. ဆရာဝန်တွေကပြော တဲ.အခါ မှာ ကောင်မလေး ရုပ်ကြိုးပြတ်လဲကြသွားခဲ.တယ်။ တစ်နေ.လုံးတစ်ညလုံး ငိုလို.သာနေတော.တယ်။
ဒဏ်ရာတွေ ပြန်ကောင်းပြီး လို.ကောင်မလေး ဆေးရုံက ဆင်းပြီး အိမ်ကိုပြန်တဲ.အချိန်မှာတော. အရာရာအားလုံးဟာ အရင်အတိုင်းပါပဲ။ တယ်လီဖုန်းသံ ကလွဲလို.ပေါ.။ ကောင်လေးဆီက လာတဲ. တယ်လီဖုန်းသံဟာ ကောင်မလေး အတွက် နွေလယ်အိပ်မက်ဆိုးတစ်ခုလိုပါပဲ။ တယ်လီဖုန်းသံတိုင်းဟာ ကောင်မလေး ကိုနာကျင်သထက်နာကျင် စေပါတယ်။ ကောင်မလေး ဟာ ကောင်လေး ကို သူ.အကြောင်းမပြောပြပါဘူး။ ကောင်လေးအတွက် သူဟာ ၀န်ထုပ်ဝန်ပိုးတစ်ခုမဖြစ်ချင်ဘူးလေ။ ကောင်လေးပြန်လာတဲ.အချိန်အထိ ဆက်ပြီးမစောင်.နိုင်တော.တဲ. အကြောင်း ၊ ပတ်သတ်မှုတွေအားလုံး ပြီးဆုံးသွားပြီဖြစ်ကြောင်း ကောင်မလေး က ကောင်လေးဆီကို စေ.စပ်လက်စွပ်နဲ. အတူ စာရေးပြီးပို.လိုက်တယ်။ ကောင်လေးဆီက ပြန်လာတဲ.စာတွေ ၊ ဖုန်းခေါ်သံတွေအားလုံး ဟာ ကောင်မလေးရဲ.မျက်ရည်တွေ ပဲပေါ.။
ကောင်မလေးရဲ. ဖခင် ဟာ သူ.ရဲ.သမီးလေး ခံစားနေရတာကို မကြည်.ရက်တော. အခြား မြို.ကိုပြောင်းနေဖို. ဆုံးဖြတ်လိုက်တယ်။ နေရာသစ်ပတ်ဝန်းကျင်အသစ်မှာ အရာရာအားလုံးကိုမေ.ပစ်ပြီးကောင်မလေး ပျော်နိုင်လိမ်.မယ်လို. သူထင်တယ်။ ဒီလိုနဲ.ကောင်မလေးဟာ စကားမပြောနိုင်တဲ.သူတွေ သုံးတဲ. သင်္ကေတ ဘာသာကို ဖြေးဖြေးချင်းသင်ယူပြီးစိတ်ကို မြုပ်လိုက်တယ်။ ကောင်လေးကို မေ.ပစ်လိုက်ဖို.ကိုလည်း သူ.ကိုသူအမြဲအားပေးရတယ်။
တစ်ရက်မှာတော. ကောင်မလေး ရဲ. အချစ်ဆုံးသူငယ်ချင်း တစ်ယောက် က ကောင်လေး က အရင်နေခဲ.တဲ.မြို.လေးကို ပြန်ရောက်လာပြီဖြစ်တဲ.အကြောင်း ၊ ကောင်မလေး ကို နေရာအနှံ.လိုက်ရှာနေကြောင်း ကို သတင်းပေးတယ်။ ကောင်မလေး က ကောင်လေးကို ဘာမှမပြောဖို.၊ သူဘယ်မှာရှိတဲ.ဆိုတာကို မပြောဖို. ၊ သူ.ကို မေ.နိုင်အောင်တိုက်တွန်းဖို. သူ.အချစ်ဆုံးသူငယ်ချင်းကိုတောင်းဆိုတယ်။
ဒီလိုနဲ. နောက်တစ်နှစ်အကြာ နွေရာသီတစ်ခု ကုန်လွန် သွားပါတယ်။ကောင်လေး ရဲ. သတင်းလည်းမကြားရတော.တာကြာခဲ.ပါပြီ။ တစ်ရက်မှာတော. ကောင်မလေးရဲ. အချစ်ဆုံးသူငယ်ချင်း က ကောင်လေး လက်ထပ်တော.မှာဖြစ်တဲ.အကြောင်းအိမ်ကိုလာ သတင်းပေးပြီး မင်္ဂလာဆောင်ဖိတ်စာ ကိုပေး ပြီးအိမ်အပြင်ပြန်ထွက်သွားပါတယ်။ ကောင်မလေး ဟာ ဖိတ်စာ ကို ၀မ်းနည်းစွာနဲ.ဖောက်ဖတ်ကြည်.တဲ.အခါမှာတော. မယုံနိုင်အောင်ပဲ သူရဲ. နာမည်ကို ဖိတ်စာပေါ်မှာတွေ.ရပါတယ်။ သူ.သူငယ်ချင်းနောက်လိုက်ပြီး အကျိုးအကြောင်းမေးဖို. အိမ်တံခါးကို ဖွင်.လိုက်တဲ.အခါမှာတော. ကောင်လေးဟာ အိမ်တံခါးဝမှာပြုံးပြီး ရပ်နေတာကိုကောင်မလေးတွေ.ရပါတယ်။ စကားမပြောနိုင်သူတွေသုံးတဲ. သင်္ကေတဘာသာနဲ. ကောင်လေး ကပြောလိုက်ပါတယ်။
" ငါဟာ ဒီဘာသာစကားကို သင်ယူဖို. တစ်နှစ်လောက်အချိန်ယူခဲ.ရတယ်။ ငါပေးခဲ.တဲ.ကတိကို မမေ.ဘူး ဆိုတာကို မင်းကိုပြောချင်လွန်းလို.။ မင်းရဲ.ပျောက်ဆုံးသွားတဲ. အသံ ဆို ငါပဲဖြစ်ခွင်.ပေးပါတော.။ မင်းကိုအရမ်းချစ်တယ်။"

ကောင်လေး ရဲ.မပြောတတ်ပြောတတ်နဲ.ပြောတဲ. ဟန်ပန်အမူအရာနဲ. သူမပြန်ပို.ပေးခဲ.တဲ. လက်ထပ်လက်စွပ်လေးကို မြင်လိုက်ရတဲ. အခါ ကောင်မလေး မပြုံးပဲမနေနိုင်တော.ပါဘူး။

Fulling a promise ကိုဆီလျော်အောင်ဘာသာပြန်ပါသည်။ ဘယ်သူရေးမှန်းတော.မသိပါ။
ဗျတ်ဇ

ဆရာကြီး

ပြီးခဲ.တဲ. ကြာသပတေးနေ. က စိတ်ထဲမှာ နည်းနည်း ဖုသွားတာရှိတယ်။ လွန်ခဲ.တဲ. ၆ လ ၇ လလောက်ကတည်းက ကြိုးစားခဲ.ရတဲ. Group တစ်ခုက ကွန်ဖန်းဖြစ်သွားပြီ။စာချုပ်လက်မှတ်ထိုးဖို.ပဲကျန်တော.တယ်။ အဲဒါကိုသိတဲ.Sales Manager ဆိုတဲ.အကောင်က သူ.ကို အဲဒီကုမဏီပေးကိုင်ပါတဲ.။ ဘာဖြစ်လို.လည်းဆိုတော. သူကအာရဗစ်လိုတတ်တော.ဆက်ဆံရတာပိုကောင်းတယ်တဲ.(အမှန်က အဲဒီကုမဏီ Potential ဖြစ်တာသိလို.)။ ဒါပေမယ်. ၀င်ဖို.ရှိတဲ.Group တွေနဲ.ပတ်သတ်တာတွေအားလုံး စာချုပ်ကိစ္စတွေအားလုံးကို ပြီးအောင်လုပ်ပေးပါတဲ.။ အားလုံးပြီးသွားရင်တော.သူ.ကိုအဲဒီကုမဏီပေးပါတဲ.။ ချစ်ဖို.ကောင်းလိုက်တာ။ အစကနေအဆုံး ကိုယ်က Relationship ကိုထူထောင်ထားခဲ.ရတာ။ကျွန်တော်တို. ဟိုတယ်မှာ က Sales Manager နဲ. Sales Executive နဲ.ဘာမှမကွာဘူး။ အားလုံးအတူတူလုပ်ရတာချည်းပဲ။ကျွန်တော်က Sales Executive မို.လို. Sales Manager တစ်ယောက်ထက် Target ကပိုလျော.သွားတာမျိုးမရှိဘူး။ တစ်ချို.လတွေဆိုပိုတောင်ပိုနေသေးတယ်။ ကိုင်ရတဲ. အကောင်.(ကုမဏီ) အရည်အတွက် က လည်း ဘာမှကွာဘူး။ ကွာတာလစာနဲ. အခွင်.အရေးပဲရှိတယ်။ Sales Manager တွေအလုပ်လုပ်လားဆိုတော.လည်း ကောင်းကောင်းလုပ်တာမဟုတ်ဘူး။ အားလုံးက ညာဝါးနေကြတာတွေ။ ကျွန်တော်တို.က တစ်နေ.ကို Sales Call ၅ call ထွက်ရတယ်။ Sales Call ဆိုပြီး အိမ်ပြန်အိပ်တဲ.သူကအိပ် ၊ နေ.လည်သွားချင်တဲ.နေရာ သွားနေကြတာပဲ။ခုနပြောတဲ.ကောင်အဆိုးဆုံး။ ကျွန်တော်လည်း တစ်ခါတစ်လေလုပ်တာပဲ။ သူငယ်ချင်းနဲ. အပြင်မှာသွားတွေ.တာမျိုးတို.၊ ရှော.ပင်းမော တွေလျောက်သွားနေတာမျိုးတို.လုပ်တာပဲ။ ဒါပေမယ်. အလုပ်ကိုတော. ပီပြင်အောင်လုပ်တယ်။ သူ.လောက်တော.မဆိုးဘူး။ အဲဒီလို အလုပ်ကိုကောင်းကောင်းမလုပါတော.သူ.ရဲ. Production တွေကျရော ။ လကုန်ခါနီးရင် မျက်နှာငယ်လေးနဲ.။ ငါဒီလ Revenueကဒီလောက်ပဲရတယ်။ ဘာဖြစ်တယ်ညာဖြစ်တယ် နဲ.။ ငါ.ကို မင်းအကောင်.နည်းနည်းလောက်ပေးပါဆိုပြီးတောင်းတယ်။ ကိုယ်ကတော.လုပ်ဖော်ကိုင်ဖက် အချင်းချင်းဆိုတော. ပေးပါတယ်။ ဒါပေမယ်. လတိုင်းလတိုင်းဆိုတော. နည်းနည်းတင်းလာတယ်။ ကိုယ်အကူအညီတောင်းရင်ကျတော.မပေးချင်ဘူး။ ငါမအားလို. ငါ.ဧည်.သည်ဟိုတယ်လာရင် ခဏလောက်တွေ.ပေးပါ ဆိုတာမျိုးကိုတောင် မကူညီနိုင်ဘူး။ သူလည်းမအားဘူးဆိုတာချည်းပဲ။ ပြီးရင်သူကခရက်ဒစ်ကျတော.လိုချင်တယ်။ မင်းဆီက ငါအကောင်.တွေတောင်းထားတာ ဒါရိုက်တာကို မပြောနဲ.နော် ဆိုပြီး ပိတ်ရတာအမော။ မပြောပါဘူး။ အဲဒီလောက် ကလေးမဆန်ပါဘူး။ သူ.ကိုလည်း ဘာမှမပြောပါဘူး။ ကိုယ်.ဘာသာကိုယ် ဘလော.ဂ်မှာပဲ လျောက်ရေးတာ။အပြင်မှာတော.အားနာတယ်။ အချိန်တန်တော.အားလုံးထိုက်တန်တဲ.လမ်းကိုလျောက်ကြရမှာပဲ။ အပင်တစ်ပင်က ပန်းအိုးနဲ.မဆံ.အောင် ကြီးထွားနေရင် သူနဲ.ထိုက်တန်တဲ.၊ပိုကျယ်ဝန်းတဲ.မြေရှိတဲ. နေရာကိုရွေ .ရမှာပဲ။ အပင်တစ်ပင်က အဲဒီပန်းအိုးထဲမှာပဲ ညိုးနွမ်းသွားမယ်ဆိုရင်လည်း သူ.ကိုပန်းအိုးထဲကနေ ရွှေ.ွှ.ပစ်လိုက်ရမှာပါပဲ။ အဲဒီလိုလူမျိုးတွေအကြောင်းကိုပြောတော. ဖတ်ဖူးတဲ.အင်္ဂလိပ် ပုံပြင်လေးကိုသတိရတယ်။
ခွေးအတစ်ကောင်ဟာ မြေခွေးတစ်ကောင်နဲ.တွေ.ပြီးစကားပြောတယ်။
" မင်းဘယ်လောက်ထိ ပညာသင်ခဲ.လည်း" လို. မြေခွေးက မေးတယ်။
အမှန်အတိုင်းပြောရရင် ကျွန်တော် ပညာ တစ်ပိုင်းတစ်စ ပဲသင်ခဲ.ရပါတယ်။ လို.ခွေးအကပြန်ပြောတယ်။
ဒါဆိုဆိုငါက မင်းထက် ၂ ဆ လောက်ပိုတတ်တယ်ကွ ၊ အခုအချိန်က စပြီးမင်းငါ.ကိုဆရာကြီးလို.ခေါ်ပေတော. လို.၀ံပုလွေကပြောတယ်။
ကာခင်မှာပဲ ကြမ်းကြုတ်ရက်စက်တဲ. ကျားကြီးတစ်ကောင်က ချုံပုတ်နောက်ကနေထွက်လာတယ်။
ခွေးအကမေးလိုက်တယ်။ " ကျွန်တော်တို.ဘာလုပ်ကြမလဲဆရာကြီး။"
ဒါပေမယ်. ဆရာကြီးဝံပုလွေမှာ ကြောက်လွန်းတဲ. အတွက် စကားတောင်မပြောနိုင်ဘူး။
ကျားကြီးက ခုန်အုပ်တော.မယ်.ဟန်ပြင်ရင်း ဘယ်သွားကြမလို.လဲ ကွ လို. ဟိန်းဟောက်ပြီး မေးလိုက်တယ်။
ဒါနဲ. ခွေးအကအမြန်စဉ်းစားလိုက်ပြီး ..
"တကယ်တော.ကျွန်တော်တို.ဟာ ဆရာကြီးဆီကို လာပြီးအကြံညဏ်တောင်းခံချင်လို.ပါခင်ဗျာ" လို. ပြောလိုက်တယ်။ "ကျွန်တော်တို.နှစ်ယောက်ကြားမှာ အငြင်းပွားစရာတစ်ခုဖြစ်နေလို. ဆရာကြီးရဲ. ထက်မြက်တဲ. ညဏ်စွမ်းနဲ.မှသာလျင် ဖြေရှင်းပေးနိုင်မှာမို.ပါ" လို.ပြောလိုက်တယ်။
ကျားကြီးက သဘောခွေ.သွားတယ်။ ဒါဖြင်. မင်းတို.ရဲ. အငြင်းပွားမှု က ဘာလဲ လို. အေးအေးဆေးဆေးပဲ ကျားကြီးကမေးလိုက်တယ်။
ကျွန်တော်ဟာ ဆူဖြိုးတဲ. ကြက်နှစ်ကောင် ကိုဖမ်းမိခဲ.ပါတယ်။ ကျွန်တော်.သူငယ်ချင်းက ပြောတယ် သူကကျွန်တော်.ထက် ပညတတ်လို. ကြက်တစ်ကောင်ကိုသူရသင်.တဲ.လို.ပြောပါတယ်။ အဲဒါတရားမျှတပါသလားလို.ဆုံးဖြတ်ပေးပါခင်ဗျာလို. ခွေးအကပြောတယ်။
ကျားကြီးက ၀ံပုလွေ ကို ခေါင်းအစခြေအဆုံးကြည်.ပြီးမင်းကပညာဘယ်လောက်သင်ခဲ.လို.တုန်းကွ လို.မေးလိုက်တယ်။
ဝံပုလွေခင်ဗျာ ကြောက်လွန်းလို.သွားချင်းရိုက်ပြီးတုန်နေတယ်။
အဲဒီမှာ ခွေးအက ဘေးကနေ၀င်ပြောတယ်။ " ကျွန်တော်သူငယ်ချင်းက သူ.ပါးစပ်ထဲမှာရှိတဲ.သွားတွေလောက်ကို အရည်အချင်းပညာတွေရှိတယ်ဆို တာကိုပြနေပါ"
သြော်အဲဒီလိုလား ။ ဒါဖြင်.ရင်ငါက မင်းထက်တောင် ပညာတတ်သေးတယ် ဒီမှာကြည်.ဆိုပြီး သူ.ရဲ.ကြောက်မက်ဖွယ်သွားတွေကို ပါးစပ်ကြီးဟပြီး ပြတယ်။
အဲဒီက ၀ံပုလွေဆရာကြီးခမျာ သွေးတွေပျက် ခြေထောက်တွေပျော.ခွေပြီး မြေကြီးပေါ်မျက်နာနဲ.အပ်ပြီး ၀မ်းလျားမှောက်သွားတယ်။ ကျွန်တော်. သူငယ်ချင်း က ဆရာကြီး ဟာသူ.ထက်ပညာတတ် တယ်လို. ၀န်ခံပြီး ဆရာကြီးရဲ. သွားတွေကို ၀ပ်တွားခစားနေတာပါ လို. ခွေးအကရှင်းပြတယ်။ ကျွန်တော်တို. ရဲ. အငြင်းပွားမှု ကို ဖြေရှင်းပေးနိုင်ခဲ.တဲ. ဆရာကြီးရဲ. ပညာညဏ်ကိုလည်း ကျွန်တော်မျိုး ၀ပ်တွားခစားသင်.ပါတယ် လို. ခွေးအက ထပ်ပြောတယ်။
"ငါကဖြေးရှင်းပေးခဲ.တယ်" ။ ကျားကြီး ဇဝေဇ၀ါဖြစ်သွားတယ်။
ဆရာကြီး က ပညာညဏ်အကြီးမားဆုံးဆိုတော. ကြက်တွေ ကိုဆရာကြီးပဲရသင်.ရထိုက်ပါတယ်။ ဒီတော. ကျွန်တော်နဲ. ကျွန်တော်.သူငယ်ချင်းမှာလည်း ဘာအငြင်းအခုံမှ မရှိတော.ဘူးပေါ.။ ကျေးဇူးပြုပြီး ကျွန်တော်မျိုးရဲ. အိမ်မှာ ကြက်တွေကို လိုက်ယူပါဆရာကြီးလို. ခွေးအက ပြောလိုက်တယ်။
ကျားကြီးက ကျေနပ်ဝမ်းမြောက်သွားတယ်။ သူ.အနေနဲ. ကြက်သားကလည်းစားရခဲတယ်။ သူ.ရဲ. ကြီးမားလှတဲ.ညဏ်ပညာကလည်း ၊ ကြက်ကိုစားပြီးတာနဲ. ၀ံပုလွေကော ခွေးအကိုပါ တစ်ခါတည်းစားပစ်လိုက်လို.ရတယ်လို. ပြောတယ်။ ကဲဒါဖြင်.လမ်းပြပေတော.လို.သူကပြောလိုက်တယ်။
ခွေးအက ဒါနဲ.သူ.ကို တောင်ကုန်းဘေးမှာရှိတဲ. လိုဏ်ဂူဝနားကိုခေါ်သွားတယ်။
ရောက်ပါပြီ ဆရာကြီး ။ ကျွန်တော.်သူငယ်ချင်း က အထဲကိုဝင်ပြီး ကြက်တွေသွားယူပါလိမ်.မယ်လို.ပြောလိုက်တယ်။ လိုဏ်ဂူဝက ၀ံပုလွေ အတွက် ကျဉ်းလွန်းတယ်။ ဒါပေမယ်. အသက်ဘေးကလွတ်ချင်တဲ.ဇောနဲ. မရမကရအောင်ဝင်လိုက်နိုင်တယ်။
အချိန်အတော်အကြာထိ ၀ံပုလွေထွက်မလာသေးတဲ.အခါ ၊ ခွေးအက ဒီလောက်ကြာရတဲ.အကြောင်းအရင်းကိုသိဖို.အတွက် သူလိုက်သွားကြည်.လိုက်ဦးမယ်ဆိုပြီး လိုဏ်ဂူထဲကို ကျင်လည်စွာ တိုးဝင်ပျောက်ကွယ်သွားတယ်။
အချိန်တော်တော်ကြာပြီးတဲ.အခါမှာကျားကြီးကသူတော.အလှည်.စားခံလိုက်ရပြီဆိုတာသိလိုက်တယ်။
သူဟာဒီလောက်ပညာတတ်ရဲ.သားနဲ. ခံရတယ်ဆိုပြီး အကြီးအကျယ်ဒေါသူပုန်ထသွားပြီး ၊ လိုဏ်ဂူဝကို ကနေ ခွေးအ ကို အယုတ္တ အနတ္တ အမျိုးမျိုး ဆဲဆိုတော.တယ်။
ကျားကြီးထွက်သွားတဲ. အခါမှာ ခွေးအကအရင်ထွက်ပြီး ၀ံပုလွေကို ကူထုတ်ပေးတယ်။
ဝံပုလွေ အခုမှ အသံပြန်ထွက်လာတယ်။မင်း က ပညာတ၀က်မပြောနဲ. လုံးဝ ကိုတတ်ချင်မှတတ်မယ် ။ ဒါပေမယ်. ဦးနှောက်ရှိတာတော. သေချာတယ်ကွာ လို.လေးလေးစားစားပြောတယ်။
ကျေးဇူးတင်ပါတယ်။ ခွေးအ ပြန်ပြောလိုက်တယ်။ စကားအဆုံးမှာ သူကထပ်ဖြည်. လိုက်သေးတယ်။
“ဆရာကြီး ခင်ဗျာ”

Saturday, February 13, 2010

ဒါဟာ ဘ၀ ပါ


တေးဆို ဟန်ထူးလွင် ၊ တေးရေး အရိုး

ရေဒီယိုကို ဖွင်.ထားပါ အသံတွေထဲမှ တစ်ခုခု မင်းရနိုင်တယ်။
အဆင်ပြေလာရင် ငိုလိုက်ပါ ကိစ္စပေါင်းစုံတံခါးခေါက်ထပ်ရောက်လာမယ်။
သေမင်းနဲ.မင်းဟာ ငယ်သူချင်းပါ သူဟာမင်းကို အကောင်းဆုံး စောင်.ရှောက်ပါရဲ.။
ပြတင်းပေါက်ကနေလေချွန်လိုက်ပါ အမှောင်ရိပ်ထဲမှာ တစ်ယောက်ယောက်ရပ်စောင်.နေမယ်။

ဒါဟာဘ၀ပါ မြေကြီးနဲ.ကောင်းကင်ကြားက ရသလောက်ပါပဲ။
ဒါဟာဘ၀ပါ အဖုံးဖွင်.ထားရင် မင်းအကြောင်းမင်းတွေ.နိုင်မယ်။
ဒါဟာဘ၀ပါ ကလေးလေးတစ်ယောက်လို ခြေထောက်စောင်.စိတ်ကောက်နိုင်တဲ.
ဒါဟာဘ၀ပါ အဘိုးကြီးတစ်ယောက်လို တုတ်ထောက်ရပ်စောင်.နိုင်ရဲ. ။

အစီခံတိုတွေ သွန်လိုက်ပါ၊ ပြာခွက်ထဲမှာ အတွေးနဲ.ထပ်ဖြည်.နိုင်တဲ.
ရယ်သံအတိုတွေယူလိုက်ပါ ၊ လူတွေအကြောင်းကို အကောင်းနဲ.ထပ်ဖြည်.နိုင်တဲ.။
အသည်းကွဲဖူးရင် မှတ်ထားပါ ရန်သူငါးပါးမှာနောက်တစ်ယောက်ထပ်ဖြည်.နိုင်တဲ.။
မက်ကင်းနစ်တစ်ယောက်ခေါ်ပြင်လိုက်ပါ ကွန်ဂရက်ကျူလေးရှင်း
မင်းကိုမင်းတွေ.မယ်။

ဒါဟာဘ၀ပါ မြေကြီးနဲ.ကောင်းကင်ကြားက ရသလောက်ပါပဲ။
ဒါဟာဘ၀ပါ အဖုံးဖွင်.ထားရင် မင်းအကြောင်းမင်းတွေ.နိုင်မယ်။
ဒါဟာဘ၀ပါ ထမင်းစားအသက်ရှင်စဉ်းစားမှားယွင်းနိုင်တဲ.
ဒါဟာဘ၀ပါ စိတ်ကလွဲရင် အားလုံးသန်.ပြန်.ပါရဲ. ။

မှန်တယ်ထင်ရင်ဆက်တွေးပါ ဇာတာကောင်းရင်သတင်းကောင်းကြားရနိုင်တဲ.
အကူညီလိုရင်ယူလိုက်ပါ အပြင်ထွက်တွေးရင်အကောင်းပဲကြားရနိုင်တဲ.
မစဉ်းစားတတ်ရင်ကျော်လိုက်ပါ ။ ဒီသီချင်းကိုမင်းလည်းနားငြီးနိုင်ရဲ.။
စိတ်ထဲကအတိုင်းဝင်ခံလိုက်ပါ ငါတို.သွားမယ်.လမ်းမှာတံတားတွေခင်းထားတယ်။

ဒါဟာဘ၀ပါ မြေကြီးနဲ.ကောင်းကင်ကြားက ရသလောက်ပါပဲ။
ဒါဟာဘ၀ပါ အဖုံးဖွင်.ထားရင် မင်းအကြောင်းမင်းတွေ.နိုင်မယ်။
ဒါဟာဘ၀ပါ မင်းကလွဲရင် လူတိုင်းကရိပ်မိပါရဲ.
ဒါဟာဘ၀ပါ ရသလောက်နဲ.နေရဲ ဖို.ကြိုးစားနိုင်ရဲ. ။

အရမ်းကောင်းတဲ. သီချင်းလေးတစ်ပုဒ်ပါ။ အထူးသဖြင်. အရိုး ရဲ. စကားလုံးတွေကို အလွန်နှစ်သက်မိပါတယ်။



User Online