Friday, August 21, 2009

ခင်ဝမ်းရဲ.ခင်ဝမ်း

မှာတမ်း - ဤ စာတို.သည် ၀တ္တု တစ်ပုဒ် ဇတ်လမ်းတစ်ပုဒ် မဟုတ်ပါ။ လူတစ်ယောက်အကြောင်းကို စာတမ်းဖွဲ.ထား သော စာစုတို.သာမည် ၍ သည်လူကိုလည်း ခင်ဝမ်း က ခင်ဝမ်းဟုပင် ခေါ်ပါသည်။

အမှန်ဆိုရပါမူ
ခင်ဝမ်းတို. ဇတ်လမ်းဝယ်
မင်းသားသည်လည်းကောင်း
မင်းသမီးသည်လည်းကောင်း
မရှိ။
လူကြမ်းအဖြစ် ခင်ဝမ်း တစ်ဦးတည်းသာ ရှိပါသည်။

အဆွေးခန်းတွင်လည်းကောင်း
အပျော်ခန်းတွင်လည်းကောာင်း
အကြမ်းခန်းတွင်လည်းကောင်း
အလွမ်းခန်းတွင်လည်းကောင်း
လူကြမ်းခင်ဝမ်းတစ်ယောက် တည်း သာ ပြောင်းလဲ၍ သရုပ်ဆောင်ရပါမည်။

ခင်ဝမ်းဆိုသော ကောင်
ဒီကောင်သည် ကောင်းသောကောင်မဟုတ်။ အလွန်ရှုပ်၍ အလွန်ပွေသည်။
သူ.ထက်ဆိုးပြီး ဆိုးသူ မရှိဟု လူတကာဆိုကြသည်။
ခင်ဝမ်း၏ မိဘများသည် လည်း ဆုံးမ၍ မရ လက်မှိုင်ချကာသာ နေရသည်။

ခင်ဝမ်းသည် လူနောက်တစ်ဦးဖြစ်သည်။
ဘွဲ. နှင်းသဘင်ရှေ.မှ ပန်းအိုးများကို ခင်ဝမ်းတို.တသိုက် သွားရွှေ.ကြသည်။
ရွှေ.၍မျှမပြီးမီ ဒရမ်ဝမ် ကုလား နိုးလာ၍ ခင်ဝမ်းတို.ခွေးပြေးဝက်ပြေး ပြေး ကြရသည်။
ခင်ဝမ်းမူ ပျော်လှသည်။

တစ်ခါကလည်း ဂျပ်ဆင်မျှော်စင် ထိပ်မှ ရှာလပတ်ရည်ကုလားကို
ရှာလပတ်ရည် ငါးပြားတန် တစ်ခွက်ပေးပါဗျို. ဟု အော်မှာဘူးသည်။
ခင်ဝမ်းတို.တသိုက် ပွဲကျ၍ မဆုံး။

ခင်ဝမ်းသည် နောက်သော ခင်ဝမ်းဖြစ်၏။
သို.တစ်မူ ခင်ဝမ်းသည် လူမိုက်တစ်ဦး ကား မဟုတ်ချေ။

အကြောင်းမူ မည်သူကမျှ ခင်ဝမ်းကို လူမိုက်ဟုမခေါ်ကြသောကြောင်.ဖြစ်သည်။
ခင်ဝမ်းကို ခင်ဝမ်းသူငယ်ချင်း သိန်းမြင်.ဆိုသူက ခင်.၀မ် ဟု ခင်တွင် အောက်ကမြင်.ထည်.၍
လည်းကောင်း ၀မ်းတွင် ရှေ.ကပေါက်ဖြုတ်၍ လည်းကောင်းခေါ်သည်မှတပါး ၊ တကမ္ဘာလုံး
ခင်ဝမ်းဟု ခေါ်ကြသည်။

ထို.ကြောင်. ခင်ဝမ်းသည် ခင်ဝမ်းသာဖြစ်ရမည်။
ခင်ဝမ်းသည် လူမိုက်မဟုတ်နိုင်ပါ။

ခင်ဝမ်းငယ်ငယ်က ခင်ဝမ်းသည် ခင်ဝမ်းသူငယ်ချင်း ညိုညို ဆိုသော ကောင်မလေး ကို မုန်.ကျွေးမည်ဟု
ညာခေါ်၍ တီကောင်နှင်.တို.ဖူးပါသည်။ ညိုညို အာခေါင်ခြစ် အော်ငိုလေမှ ခင်ဝမ်းချော.သည်။

ခင်ဝမ်းသည် ညစ်ထေးထေးကောင်ဖြစ်၏။

သည်မျှသည်မျှ
ဆိုးသော
ရိုင်းသော
ညစ်ထေးထေးနိုင်သော
ခင်ဝမ်းသည် ရုတ်တရက် ရန်ကုန်တက္ကသိုလ် သို.ရောက်လာပါသည်။

ခင်ဝမ်းမူ
ဆိုးမြဲ
မိုက်ရိုင်းမြဲ
နောက်မြဲ

တစ်ခါကအဆောင်ရှိ အိမ်သာတိုင်း ကို အတွင်းမှ ဂျက်ချ၍ ပြတင်းပေါက်မှ ကျော်ဆင်း၍
ပြတင်းပေါက်များကို ပြန်စေ.ထားခဲ.သည်။အိမ်သာအားလုံးကို ဤ သို.လိုက်လုပ်သည်။
အပြင်မှသော် ဖွင်.မရပြီ။
နောက်တစ်နေ. မနက်စောစောတွင် အဆောင်သားများ ပျားပန်းခတ်မျှ အိမ်သာပြဿနာပေါ်တော.သည်။
ခင်ဝမ်းမူ သဘောကျလှသည်။တစ်ယောက်တည်း ရယ်နေတော.သည်။

တစ်ခါကလည်း ခင်ဝမ်းသည် ခင်ဝမ်းသူငယ်ချင်းတစ်ဦးကို မိုင်လိုတိုက်မည်ဟုခေါ်ပြီး မိုင်လိုထဲတွင် ၀မ်းနှုတ်ဆေး
ထည်.တိုက်ပါသည်။နောက်ပြီး သူ.သူငယ်ချင်း အိပ်ချိန်တွင် အခန်းတံခါးကို အပြင် မှ ကလန်.ချထားလိုက်သည်။

နောက်နေ. ခင်ဝမ်းသူငယ်ချင်းသည် ဘုံဘိုင်မှရေတို.ကို ငင်၍ ငင်၍ အိုသောမျက်နှာဖြင်.
အခန်းအနှံ. အပြားဆေးကြောနေချိန်တွင် ခင်ဝမ်းအခန်းတွင်း ၌ အူတက်လေသည်။

သည်မျှရှုပ်သော ခင်ဝမ်းသည်
နောက်သော ခင်ဝမ်းသည်
ဆောင်းပြယ်စ နွေညတစ်ညတွင်
သူမကိုစတင် တွေ.ရပါသည်။
သူမကို မည်သို.မည်ပုံချစ်မိကြောင်း ခင်ဝမ်းကိုယ်တိုင်ပင် မသိပါချေ။

ခင်ဝမ်းချစ်သူသည်
အသားဖြူ၏။
မျက်နှာမူလည်း ၀ိုင်းပါသည်။
မျက်နက်ရွှန်းရွှန်း ပါး ၀န်းဝန်းဖြင်.
ရွှေသွန်း ရုပ်သွင် နှင်.လည်း တင်.မောလှပါ၏။

ခင်ဝမ်းချစ်သူ သည် အရှက်ကြီးလှသူဖြစ်ပါ၏။
ထို.ကြောင်.သူ.နာမည်ကိုသာ တိုက်ရိုက်သုံးလျှင် ခင်ဝမ်းကို သူ မုချမုန်းပါလိမ်.မည်။
ခင်ဝမ်းကို သူမုန်းလျှင် ခင်ဝမ်းဘ၀လည်း ဆုံးရပါမည်။ သည်ကြောင်. သူမနာမည်ကို ခင်ဝမ်းထိန်ဝှက် လိုပါသည်။
ခင်ဝမ်းချစ်သောသူကို ညက်စစ် မွတ်ကြည် ဘုံခြောက်မည်၍ ပြစ်ချည်ကင်းလွတ် အားလုံးနတ်လျှင် တုမှတ်ဘက်မျှ
ပြိုင်လာကြလည်း သောမရောင်တွင် ကြယ်နှယ်သာထင်ပါလိမ်.မည် ဟု ခင်ဝမ်း ယူဆပါသည်။

ဤ မျှ ဆန်.ကျင်ဘက်ကျသော မိန်းမငယ်ကို ခင်ဝမ်းချစ်မိခြင်းသည် ခင်ဝမ်းအဖို.
ကံဆိုးမိုးမှောင်ကျ၍ ဖြစ်ပါသည်။

ခင်ဝမ်းသည် သူ.အဖြစ်ကို အမိတက္ကသိုလ်မြေ နှင်.လည်းနှိုင်းပြဖူးသည်။ ငွားငွားစွင်.စွင်. ကံကော်ပွင်.တို.သည်
မြေတွင် ကြွေလွင်.ပြန်.ကျဲနေမှ လှသည်ဟု ဆိုပါသည်။
တဖန်ရွှေဝါ ပိတောက်ခိုင်တို.သည် ပင်ထက်တွင် ပွင်.နေလေမှ တင်.တယ်ပါသည်ဟု ဆိုပြန်သည်။
ဤကဲ.သို. ဆန်. ကျင်ဖက်ကျ လှသော ပန်းနှစ်မျိုး အမိမြေတွင် ကြီးစိုးနေသောကြောင်.သာ ခင်ဝမ်း သူ့ကိုချစ်မိသည်ဟုဆိုပါသည်။
အကြောင်းအားဖြင့်တော့ ဆီလျော်လှသည်မဟုတ်ပါ။
မည်သို့ဆိုစေ သူ့ကို …
ခင်ဝမ်း ချစ်လှသည်၊ မြတ်နိုးလှသည်။
သူသည်သာ ခင်ဝမ်းဘ၀၊ သူသည်သာ ခင်ဝမ်းအသက်ဖြစ်၍ သူသည်သာ ခင်ဝမ်းနှလုံးသည်းပွတ်ဖြစ်ပါချေ၏။
ခင်ဝမ်းသည် သူ့ကိုမြင်တွေ့ရမှ ထမင်းစားဝင်ပါသည်၊ အိပ်၍ပျော်ပါသည်ဟုဆိုဖူး၏။
သူ့ကိုတစ်ရက်မမြင်ရလျှင် ခင်ဝမ်းထမင်းစားပျက်သည်ဟု ဆိုပါသည်။
ခင်ဝမ်းအခန်းထဲတွင် သတင်းစာထဲမှ သူနှင့်တူသောကြောင့် ဖြတ်ယူထားသော ပုံတစ်ပုံရှိသည်။
ကျောင်းပိတ်ရက်တွင် သူ့ကိုယ်စားကြည့်ရန်ဟုဆိုသည်။ သို့သော် လူကိုယ်တိုင်မြင်ရခြင်းမဟုတ်သောကြောင့် ထမင်းစား၍ နည်းနည်းသာရပြီး၊
အိပ်၍လည်း နည်းနည်းသာပျော်ကြောင်း ခင်ဝမ်းပြောပြဖူးပါသည်။
ကျောင်းရက်ရှည်ပိတ်လျှင်တော့ ခင်ဝမ်း ဘယ်လိုနေမည်မပြောတတ် …
နှင်းတွေဝေနေ …
မိုးတွေရွာနေ …
နေတွေပူနေ …
လတွေသာနေ …
မည်သို့ပင်ရှိစေ ခင်ဝမ်း သူ့ကိုသတိရသည်။ အိပ်နေချိန်တွင် သူ့အကြောင်း အိပ်မက်ထဲတွင်စဉ်းစား၍ နိုးနေချိန်တွင်လည်း မေ့သည်မရှိ …
သည်မျှ ခင်ဝမ်းက ချစ်လှသော်လည်း သူမသိရှာ၊ ခင်ဝမ်းကလည်း ဖွင့်မပြောရဲ။
ဤသည်ကို ခင်ဝမ်းက “မေတ္တာစစ်” ဟု အမည်တပ်သည်။ ရယူလိုသောဆန္ဒ၊ ပိုင်ဆိုင်လိုသောဆန္ဒ မရှိသောအချစ်သည်
စစ်မှန်သောအချစ်ပင်ဖြစ်သည်။ ခင်ဝမ်း မှတ်ချက်ချသည်။
တစ်ခါက ခင်ဝမ်း သူ့ကိုနောက်ဖူးသည်။
ခင်ဝမ်းကြော့မှူးသည် …
အလွန်လှပါသည် …
အလွန်ယဉ်ပါသည် …
ဣနြေ္ဒလည်းရသည် …
ပါးဖြူဖြူလေးက မွှေးချင်စရာ …
တစ်ခါတစ်ရံ ခင်ဝမ်းက …
“ သည်မျှလှသူသည် ကဝေမသာဖြစ်ရမည်။ ကဝေမဖြစ်၍သာ သူ့ကို ဖမ်းစားသည်။ ဒါကြောင့် ကဝေမကို မုချမုန်းရမည် ” ဟု ပြောဖူးသည်။
ခင်ဝမ်းသည် ညာတတ်သည်။
ယနေ့တိုင် ချစ်စရာ ကဝေမလေးကို မမုန်းနိုင်။
ချစ်ဆဲ … မြတ်နိုးဆဲ … မျှော်လင့်ဆဲ …
တစ်ခါက ခင်ဝမ်းချစ်သူသည် အင်္ကျီအဖြူရောင်နှင့် လုံချည်ယောထဘီအနက်တို့ဝတ်လာသည်။ ပါးဖြူဖြူတွင်လည်း သနပ်ခါးရေကြဲဆွတ်ထားသည်။
ခင်ဝမ်း သဘောကျ၍မဆုံး။ မျက်လုံးပင်မခွာတော့။
လက်တွေ့လုပ်ရာတွင် သူ့အနားသို့သွား၍ ခင်ဝမ်းနေရာယူပါသည်။ သူတစ်မျိုးများ ထင်မည်လားဟု ခင်ဝမ်းရှက်ရသေး။ သူကမူ ဂရုမစိုက်။ ဆလိုက်
(Slide) များသာလျှောက်ကြည့်သည်။ ခင်ဝမ်းလည်း သူ့နောက်တကောက်ကောက်လိုက်၍ ဆလိုက်ကြည့်သည်။ သူနှင့်တိုးဝှေ့ကြည့်ရသည်မှာ
ခင်ဝမ်းပျော်လှသည်။ အပျော်လွန်၍ စုံအောင်ပင်မကြည့်လိုက်ရပေ။
သူ ဆလိုက်တစ်ခုကို ကြည့်သောအခါ အလင်းရောင်ယူသောမှန်ကို ခင်ဝမ်းက မသိမသာကွယ်ထားပါသည်။
ပထမတစ်ခါမူ
ဒုတိယတစ်ခါမူ
မတော်တဆထင်၍
“ ခင်ဝမ်း … ကွယ်နေတယ် ” ဟုဆိုပါသည်။
နောက်တော့ တမင်လုပ်မှန်းသိ၍
“ ခင်ဝမ်း ” ဟု အပြုံးတစ်ဝက်နှင့် မာန်မဲပါသည်။
ခင်ဝမ်း ကျေနပ်၍မဆုံး၊ ၀မ်းသာ၍မဆုံးပြီ။
ဤကား နောက်သော ခင်ဝမ်းဖြစ်၏။
နောက်သောခင်ဝမ်းသည် ကြာကြာမခံ …
မကြာခဏ စိတ်ဆင်းရဲသော ခင်ဝမ်းဖြစ်သွားတတ်သည်။
တစ်ခါက ခင်ဝမ်းချစ်သောသူသည် ယောက်ျားရွယ်တစ်ယောက်နှင့် စကားပြောနေသည်ကို ခင်ဝမ်းမြင်ရသည်။
ထိုနေ့တစ်နေ့လုံး ခင်ဝမ်းမပျော်တော့ပြီ။
မျက်နှာကြီးအောက်သိုးသိုးနဲ့ ဆိုးတဲ့ခင်ဝမ်းသည် ကျောင်းတက်လိုစိတ်မရှိတော့ …
သူ့ကိုလည်း အခြောက်တိုက် စိတ်ဆိုးလိုက်သေးသည်။
ထိုညတွင် ခင်ဝမ်းအိပ်မပျော်ပြီ …
အိပ်မက်ထဲတွင် သူ့ကိုယ်သူပင် မာန်မဲမိသည်။
သည်မျှသ၀န်တိုသော ရူးသောခင်ဝမ်းသည် ကလေးကလားအလွန်ဆန်သည်။
တစ်ခါတစ်ခါ သူပြောတတ်သည် …
ခင်ဝမ်းသာ သူနှင့်ရလျှင်ဟု အစချီတတ်သည် …
ထိုအခါတွင် …
အိမ်လှလှတစ်လုံးဆောက်ပါမည်။
ထိုအိမ်တွင် ရေကန်တစ်ခု ပါရပါမည်။
ထိုအိမ်တွင် ခင်ဝမ်းတို့ လှေစီးကြပါမည်။
လျှောက်လည်ရန်နှင့် ရုပ်ရှင်ကြည့်ရန် ကားတစ်စီးဝယ်ထားမည်ဟု ဆိုပါသည်။
တစ်ဖန်လည်း …
ခင်ဝမ်းသည် ကျောက်ဒိုးပစ် အင်မတန်ဝါသနာပါလှသည်။ ထို့ကြောင့် သူနှင့်ရလျှင် သူ့ကို ကျောက်ဒိုးကစားနည်းသင်ပေး၍ ကျောက်ဒိုးပစ်ကြမည်ဟု
ပြောပါသည်။
အဘယ်မျှ အတိတ်ကာလကို ခင်ဝမ်းတွက်ဆနေပါစေ။
ခင်ဝမ်းသည် အရုပ်ဆိုး၏။
ဣနြေ္ဒလည်းမရ။
ဘယ်လိုနေနေ အကျည်းတန်သည်ချည်း။
ခင်ဝမ်းချစ်သူသည် …
အလွန်လှ၏။
ဣနြေ္ဒလည်းရ၏။
ပြုံးလိုက်ရင် ပို၍ပင် ချစ်စရာကောင်းသည်။
သည်တော့ ခင်ဝမ်းတို့သည် ဆန့်ကျင်စွာမဆုံဆည်းမိကြပေ။ ခင်ဝမ်းချစ်သောသူသည် မိန်းကလေးဖြစ်သောကြောင့် အလှအပကို မြတ်နိုးပါမည်။
ခင်ဝမ်းသည် လှသောသူမဟုတ်ပါ။
ထိုအခါတွင် ဤမျှလှပသောသူနှင့် အရုပ်ဆိုးသူကို ဖန်တီးပေးသောမြတ်စွာဘုရားကို ခင်ဝမ်း စကားနာထိုးပါသည်။ သတ္တဘာဂကို ကျိန်ဆဲပါသည်။
နောက် သူ့မိဘကိုလည်း သူ့ကို အရုပ်ဆိုးစွာမွေးဖွားသောကြောင့် အပြစ်တင်မိပါသည်။
သို့သော် သူ့ကိုမူ သည်မျှလှသောကြောင့် အပြစ်မတင်ရက်ပါ။
ခင်ဝမ်း၏ဇာတ်လမ်း ဤတွင်တစ်ခန်းရပ်ပါသည်။
ရှေ့ပိုင်းအခန်းများကို ခင်ဝမ်း၏ပစ္စုပ္ပန်က စုံစမ်းပါလိမ့်မည်။ ထိုခင်ဝမ်း၏ ရှေ့ပိုင်းဘ၀တွင် သူ့အတွက်ကျရသောမျက်ရည်များ၊ သူ့ကိုတမ်းတသော
အလွမ်းများ …
သူ့ကိုဆွေးသော အတွေးများကိုသာ …
ပြည်ဖုံးကားချနိုင်မည်ဆိုပါလျှင် …
ခင်ဝမ်းသည် ထာဝရပင် …
ဆိုးသော …
ရိုင်းသော …
နောက်သော …
ခင်ဝမ်း ဖြစ်နေပါလိမ့်မည်။

ခင်ဝမ်း
ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ အမှတ်(၆)၊ ဇူလိုင်လ၊ ၂၀၀၆

တာရာမင်းဝေအမှတ်တရ

"ပလုံ"

ရေထဲကို ခဲကျသွားတာလဲ ဖြစ်နိုင်တယ် ....
ရေထဲက ငါးခုန်တက်လာတာလဲဖြစ်နိုင်တယ်။

တနေ.မှာ ငါ.အတ္တုပတ္တိကို ငါဖွင်.ကြည်.လိုက်တယ် ...
ဘယ်လိုဖြစ်သွားသလဲမသိဘူး။

" ပလုံ"

တာရာမင်းဝေ ။


ဒီနေ.ဆို ကိုရွှေဘုန်းလူ ဆုံးတာ ၂ နှစ်နဲ. ၁၆ ရက်တိတိ ရှိသွားပါပြီ။ သူ.ရဲ. ပန်းခေတ်ကလမင်း နဲ. ရွှေဖိနပ်မှာ အစိမ်းရောင်ကြက်ခြေခတ်နဲ. ကောင်မလေး ဆိုတဲ. ၀တ္တုနှစ်အုပ်ကို ကျွန်တော်ကျောင်းသားဘ၀တုန်းက အရမ်းကို စွဲလမ်းခဲ.ဖူးပါတယ်။ အခု မိုးမခစာနင်းဇင်းအဖွဲ.နဲ. အတူ ကိုရွှေဘုန်းရဲ. အကိုအရင်းဖြစ်တဲ. ကိုအောင်ဒင်တို. ကနေ သူကွယ်လွန်ခြင်း ၂ နှစ်ပြည်.အထိမ်းအမှတ် အဖြစ် တာရာမင်းဝေ အမှတ်တရစာစုများဆိုတဲ. စာအုပ်လေးကို စုစည်းထုတ်ဝေ လိုက်ပါတယ်။ ကိုရွှေဘုန်းနဲ. ရင်းနှီးသူတွေ ၊ သူ.ရဲ. ကဗျာ ၊ ၀တ္တုတွေကို နှစ်သက်ကြသူတွေ၊ အနုပညာရောင်းရင်း တွေ၊ နိုင်ငံရေး ရဲဘော်ရဲဘက်တွေ ၊ ထောင်ထဲ ကသူငယ်ချင်းတွေ အပြင် အကိုအရင်း ကိုအောင်ဒင်(ကလောင်အမည် ဒတ္တ) ပါမကျန် အားလုံးက ၀ိုင်းရေးပေးထားကြပါတယ်။ ပြန်ဖတ်ပြီးတော.မှ သူ.ကို သတိရလို. မျက်ရည်တောင်ဝဲမိပါသေးတယ်။ တကယ်ကတော. သူဆုံးတဲ. ၂ နှစ်ပြည်. သြဂုတ် ၅ရက်နေ.မှာထုတ်ဖို.စီစဉ်ထားတာပါ။ဒါပေမယ်.အကြောင်းကြောင်းကြောင်. ခုလိုအနည်းငယ်နောက်ကျပြီးမှ ထွက်လာတာပါ။ ပုံနှိပ်စာအုပ်ကိုတော. စက်တင်ဘာထဲမှာ ထွက်မယ်လို.ပြောပါတယ်။အားလုံးပဲဖတ်လို.ရအောင် ဒေါင်းလုတ်လုပ်ဖို.လင်.လေး ကိုအောက်မှာပေးထားပါတယ်။


တာရာမင်းဝေအမှတ်တရစာစုများ

Thursday, August 20, 2009

အချစ်ရဲ.တန်ဖိုး

“မောင် ဒီနေ့ ပြန်လာဖို့ အချိန် တကယ်မမီတော့ဘူးလားဟင်” တံခါးဝထိ လိုက်ပို့တဲ့ ဇနီးက မျှော်လင့်ချက် မျက်လုံးနဲ့ သူ့ကိုမေးတယ်။

“ဒီဧည့်သည်က အရေးကြီးတယ်။ မောင်တို့ ဟိုမှာပဲ တည်းဖြစ်လိမ့်မယ်။ မောင့်ကို မစောင့်နဲ့တော့.. မနက်ဖြန်မှပဲ မောင်တို့ထပ်ကျင်းပကြတာပေါ့”

“ဟုတ်ကဲ့ပါမောင်.. ကားကို သတိထား မောင်းအုန်းနော်”

သူမကို သူတစ်ချက်နမ်းလိုက်တယ်။ သူ့အလုပ်အိတ်ကို သူမကားပေါ် တင်ပေးလိုက်တယ်။ ဒီနေ့က သူနဲ့သူမရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့ ဖြစ်တယ်။ သူမကို သူစတွေ့တုန်းက သူမရဲ့ ဖျတ်လတ်မှု၊ အလုပ်အကိုင် ကြိုးစားမှု၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်မှု၊ စိတ်သဘောထား နူးညံ့သိမ်မွေ့မှုတွေက သူ့ကို ဖမ်းစားခဲ့တယ်။ ဒီနေ့အထိ သူမကို လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ သူ့ဆုံးဖြတ်ချက်တွေ မှန်ခဲ့တယ်ဆိုတာ သက်သေပြနေပါတယ်။

သူမဟာ ကုန်သည်ရဲ့ ဇနီးကောင်းတစ်ဦးအဖြင့် တာဝန်ကျေခဲ့ပါတယ်။ သူ့အတွက် စိတ်ဓာတ်ခွန်အားတွေ အားပေးကူညီသူဖြစ်ခဲ့တယ်။ မကြာခဏ သူခရီးထွက်နေရလို့ အိမ်တာဝန်ကို တစ်ဦးတည်း ထိန်းသိမ်းခဲ့သူဖြစ်တယ်။ သားနှစ်ယောက်ကလည်း လိမ္မာရေးခြား ရှိလှတယ်။ သားလေးတွေ မွေးတုန်းက သူမ အနားမှာ သူမရှိနိုင်ခဲ့ဘူး။ ဒါကြောင့် ဒီဘဝမှာ သူတို့အတွက် အရေးကြီးတဲ့ နေ့ရက်ဆိုလို့ မင်္ဂလာနှစ်ပတ်လည်နေ့နဲ့ သူမ ဆုံးတဲ့နေ့ဖြစ်တယ်။ အဲဒီနှစ်ရက်ကို သူမပျက်မကွက် တက်ရမယ်လို့ သူ့ကို သူမ မကြာခဏ စနောက်တတ်တယ်။

သူမရဲ့ အစအနောက်ကို သူ ဂရုမစိုက်ခဲ့မိဘူး။ ခါတိုင်းလိုပဲ သူ့စိတ်ကူး အိပ်မက်တွေအတွက် အလုပ်တွေနဲ့ ရှုပ်နေခဲ့တယ်။ သူ့စိတ်ကူးအိပ်မက်၊ သူ့ရည်မှန်းချက်နဲ့ သူ့သတ္တိကို သူမအစကတည်းက နားလည်ခဲ့ပါတယ်။ ဒီလောကမှာ သူမဟာ သူ့ကို နားလည်မှု အပေးဆုံးလို့လည်း သူသိထားတယ်။ သူ့ကြိုးစားမှုတွေက သူမအတွက်၊ မိသားစုအတွက်ဆိုတာ သူမ သဘောပေါက်ခဲ့ရင် ဒီညနှစ်ပတ်လည်နေ့မှာ သူပျက်ကွက်ခဲ့တာကို သူမခွင့်လွတ်လိမ့်မယ်လို့ သူယုံကြည်မိတယ်။

ကုမ္ပဏီသွားတဲ့ လမ်းတစ်နေရာမှာ ပန်းအရောင်းဆိုင် တစ်ဆိုင်ကို သူတွေ့လိုက်တယ်။ ကားရပ်ပြီး သူမကြိုက်တဲ့ နှင်းဆီနီကို ၇ ဒါဇင်မှာလိုက်တယ်။ နှင်းဆီတစ်ပွင့်က တစ်လကိုယ်စားပြုတယ်။ ၇နှစ်အတွက် နှင်းဆီပန်းတွေမှာပြီး နေအိမ်လိပ်စာကဒ် ထုတ်ပေးလိုက်တယ်။ သူ့ကိုယ်စား သူမအတွက် ပန်းဆိုင်က သွားရောက်ပို့ပေးဖို့ဖြစ်တယ်။ ပန်းမှာပြီး သူလှည့်အထွက် တံခါးဝမှာ ပန်းအိုးတစ်လုံး ကိုင်ထားတဲ့ အဘိုးအိုတစ်ဦးနဲ့ တိုက်မိခဲ့တယ်။

“ ဟာ.. အဘိုး... ဆောရီးပါ။ ဘယ်နား နာသွားပါသလဲ?”

ပျာပျာသလဲ တောင်းပန်တဲ့ သူ့ကို အဘိုးအို ဂရုမစိုက်ဘဲ လက်ထဲ လွတ်ကျခါနီးတဲ့ ပန်းအိုးကိုပဲ အလျှင်အမြန် စစ်ဆေးနေတယ်။

“တော်သေးတယ် .. တော်သေးတယ်။ ဘုရားသခင် ကယ်ပေလို့ ဒီစပယ်ပန်းအိုးလေး ကွဲမသွားတာ” အဘိုးအို တိုးတိုးလေး ရေရွတ်နေတယ်။

“အဘိုး.. အဆင်ပြေလား? ဆေးရုံ လိုက်ပို့စရာလိုပါသလား?” သူထပ်မေးလိုက်ပြန်တယ်။

အဲဒီအချိန်ကျမှ အဘိုးအိုက “မလိုဘူး.. ငါ့သား မလိုဘူး။ အဘိုးအရိုးတွေ မာနေသေးတယ်။ ဘာမှမဖြစ်လောက်ဘူး။ ဒီပန်းက အဘိုးမိတ်ဆွေ စိုက်ထားတာ။ အဘိုးမိန်းမက စပယ်ပန်း ကြိုက်တတ်မှန်းသိလို့ လက်ဆောင်ပေးထားတာ။ သူ့ကို အဘိုး မြန်မြန်ယူသွားပြရမယ်။ ဒီနေ့က အဘိုးတို့ရဲ့ ၄၅နှစ်ပြည့် နှစ်ပတ်လည်နေ့လေ။ သူ့အရမ်းပျော်မှာပဲ”

ပြောပြောဆိုဆို ထွက်သွားတဲ့ အဘိုးအိုရဲ့နောက်ကျောကို သူငေးနေမိတယ်။ အသက်အရွယ် အိုမင်းခဲ့ပေမယ့် သူ့ဇနီးအပေါ်ထားတဲ့ ခံစားချက်၊ သံယောဇဉ် မေတ္တာတွေက ပြည့်နှက်နေဆဲပါလား...

ကုမ္ပဏီဝင်ပြီး ညနေမှာ ဧည့်သည်နဲ့ ချိန်းထားတဲ့နေရာကို သူထွက်လာခဲ့တယ်။ ကားအသွားအလာရှင်းပြီး လမ်းတွေ မပိတ်ခဲ့ပေမယ့် လမ်းဘေးသင်္ချိုင်း တစ်နေရာက မြင်ကွင်းတစ်ခုက သူ့ကားကို ရပ်တန့်စေခဲ့တယ်။ ပန်းအရောင်ဆိုင်ရှေ့က သူတိုက်ခဲ့မိတဲ့ အဘိုးအိုမှာ အုတ်ဂူတစ်လုံးရှေ့ ထိုင်ပြီး မြက်တွေရှင်းနေတာကို တွေ့လိုက်မိတယ်။ စပယ်ပန်းအိုးကို အုတ်ဂူပေါ်မှာ တင်ထားတာ တွေ့လိုက်တယ်။

သူ ဘာမှ စဉ်းစားမနေတော့ဘဲ ကားကို ပြန်ကွေ့လိုက်တယ်။ ပန်းဆိုင်ရှေ့ ကားရပ်ပြီး ဆိုင်ထဲ သူအပြေးဝင်သွားခဲ့တယ်။

“ကျွန်တော်မှာထားတဲ့ပန်း ပို့လိုက်ပြီလား ခင်ဗျာ”

“မပို့ရသေးပါဘူး”

“ဒါဆို ကျွန်တော်ကိုယ်တိုင်ပဲ ယူသွားပါ့မယ်”

ကိုယ့်အနားရှိနေချိန်မှာ တန်ဖိုးထားရကောင်းမှန်း မသိဘဲ ဆုံးရှုံးသွားမှ လူတွေက နှမြောတတ်ကြတယ်။ ဒီလို နှမြောခြင်းတွေ ကိုယ့်ဆီမှာ မဖြစ်ပွါးဖို့ ဘယ်လောက်ပဲ ပင်ပန်းနေပါစေ၊ အလုပ်များနေပါစေ ကိုယ့်ချစ်တဲ့သူအတွက် အချိန်တစ်ချိန် ချန်ထားပေးဖို့ မမေ့သင့်ပါဘူး။ ဘဝဆိုတာ နောက်တစ်ကြိမ် ထပ်လာလို့ မရနိုင်ပါဘူး။ နောင်ဘဝ.. နောင်ဘဝသာရှိခဲ့ရင် ဒီထက်ပိုချစ်ပြမယ်လို့ ဂတိတွေပေးနေမယ့်အစား ဘာဖြစ်လို့ ဒီဘဝမှာ ကောင်းကောင်းတန်ဖိုးထားပြီး မချစ်ကြသလဲ? ရွေးချယ်မှုတွေ များနေလို့လား? ရွေးချယ်မှုတွေ များနေခဲ့လို့ပဲ ဘယ်သူ၊ ဘယ်အရာကို တန်ဖိုးထား ချစ်ရမယ်မှန်းမသိဘဲ တွေဝေခဲ့လို့လား?

ဖတ်မိတဲ့ စာလေးတစ်ပုဒ်က ဒီလိုရှိပါတယ်။ တစ်ခါက ဇနီးမောင်နှံနှစ်ဦးမှာ ဇနီးက ယောက်ျားကို မေးခဲ့တယ်။

“ဒီတသက်မှာ ကိုယ်ကြိုက်တဲ့ ကားတစ်စီးပဲ ဝယ်မယ်။ နောက်ထပ်သစ်လည်း လဲလို့ မရဘူးဆိုရင် ကားကို ဘယ်လိုထိန်းသိမ်းမလဲ?”

“အကောင်းဆုံး စက်ဆီကို သုံးမယ်၊ အချိန်ပြည့် ဂရုစိုက်မယ်၊ အမြဲတမ်း ဆေးကျောမယ်......” ယောက်ျားဖြစ်သူက အကောင်းဆုံးဖြစ်နိုင်မယ့် အရာတွေကို တသီကြီး ပြောခဲ့တယ်။

“ဒီလိုဆိုရင် တစ်သက်မှာ မိန်းမတစ်ယောက်ပဲယူရမယ်၊ လဲလို့မရဘူးဆိုရင်ကော....?”

ဇနီးရဲ့အမေးကြောင်း ယောက်ျားဖြစ်သူ မျက်နှာတစ်ခုလုံး နီရဲသွားခဲ့တယ်။ နောက် ဇနီးလက်ကို ဆုတ်ကိုင်ပြီး “ငါအဖြေသိပြီ” လို့ ပြန်ဖြေခဲ့တယ်။ ဇနီးကို ကြည့်တဲ့ သူ့အကြည့်မှာ အကြင်နာအခိုးတွေ ပိုပြည့်လျှံသွားခဲ့တယ်။

နိုင်းနိုင်းစနေ

မူရင်း http://www.youthawnt.com.tw

ချစ်ခြင်းရဲ.မှန်ဘောင်

လက်ထပ်ပြီးရက်ပေါင်း ၂၅၅၅ရက်…. သူနဲ့ကျွန်တော်ရဲ့ ဆက်ဆံရေးက လုံးဝကွဲအက်သွားခဲ့တယ်။ ဘောင်ခတ်ထားတဲ့ စည်းရိုးတစ်ခုကို ကျော်ဖြတ်ခဲ့တဲ့ ယောက်ျားမိန်းမတွေလည်း လက်ရှိသူ့ပုံစံအတိုင်း ဖြစ်မယ်လို့ တံခါးဝက လှမ်းထွက်သွားတဲ့ သူ့ကိုကြည့်ပြီး ကျွန်တော်စဉ်းစားမိတယ်။ ကျွန်တော့်ကို နောက်ထပ်တစ်ချက် စောင်းငဲ့လို့ သူမကြည့်ချင်ခဲ့တော့ဘူး။

နောက်တစ်နေ့ သူ့ပစ္စည်းတွေကို သူကိုယ်တိုင်လာသိမ်းခဲ့တယ်။ ပစ္စည်းတွေသိမ်းဆည်းပြီး အခန်းထဲ ဟိုဟိုသည်သည် သူလှည့်ပတ်ကြည့်နေတယ်။ ရုတ်တရက် သစ်သီးခြင်းထဲက အနီဆုံးပန်းသီး ၃,၄လုံးကို နှိက်ပြီး အိတ်ထဲသူတည့်လိုက်တယ်။ အဲဒီပန်းသီးတွေကို လွန်ခဲ့တဲ့ရက်တွေက သူဝယ်ခဲ့တာဖြစ်တယ်။

ကျွန်တော်ခပ်ယဲ့ယဲ့တစ်ချက် ပြုံးလိုက်မိတယ်။ အိမ်ထောင်ရေးဆိုတာက တကယ်ပဲ ရယ်စရာကောင်းတဲ့ အရာတစ်ခုလား! အတူနေစဉ်မှာ သူ့အတွက် ရင်ကိုခွဲပြီး အသဲနှလုံးကိုတောင် ထုတ်ပေးချင်ခဲ့တယ်။ ကွဲကြ၊ လမ်းခွဲကြတော့ ပန်းသီးတောင် အလွတ်မပေးဘဲ ချန်မထားချင်ခဲ့တော့ဘူး။ ပစ္စည်းတွေကုန်သလောက် သိမ်းပြီးတာတောင် အိမ်အနှံ့ သူလှည့်ပတ်ကြည့်နေခဲ့သေးတယ်။

ရုတ်တရက်သူ့အကြည့်တွေ နံရံတစ်နေရာမှာ ရပ်သွားခဲ့တယ်။ အဲဒီနေရာက မှန်ဘောင်သွားပြီး ချိတ်ဆွဲထားတဲ့ လက်မ၄ဝရှိ မင်္ဂလာဆောင်ဓာတ်ပုံဆိုတာ ကျွန်တော်သိလိုက်တယ်။ အဲဒီဓာတ်ပုံကို သူယူသွားမယ်လို့ ကျွန်တော်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဓာတ်ပုံကို ပုံကြီးချဲ့မယ်ဆိုတုန်းက ကုန်ကျငွေကို ကျွန်တော်မပေးချင်ခဲ့ဘူး။ ဒါကိုသူက “တစ်သက်မှ တစ်ခါပဲ။ ကပ်စီးနည်းမနေပါနဲ့။ ငါတို့တစ်ယောက်တဝက် ထုတ်ပြီးလုပ်ကြရအောင်” လို့ ပြောခဲ့တယ်။

ထိုင်ရာကထပြီး ဓာတ်ပုံကို ကျွန်တော်ဖြုတ်ယူလိုက်တယ်။ ဘောင်အနားမှာ တပ်ထားတဲ့ သံတွေကို လှည့်ယူဖို့ပြင်လိုက်တယ်။ ကျွန်တော်လည်း ကုန်ကျငွေတဝက် ထုတ်ထားတဲ့အတွက် ကျွန်တော်လည်းတဝက်ပိုင်ပါတယ်။ သူလိုချင်ရင် တဝက်ပဲရမယ်!

ဒါပေမယ့် ဘောင်ပေါ်က သံ(၁၂)ချောင်းလုံး သံချေးတက်နေခဲ့လို့ ဘယ်လိုမှ လှည့်ထုတ်လို့ မရခဲ့ဘူး။ ကျွန်တော်လွှထယူတော့ သူက ခပ်တိုးတိုးဆိုတယ်။

“ဖြုတ်မရလည်း ထားလိုက်ပါ… နင်ပဲသိမ်းထားလိုက်တော့”

သူ့အပြောကို ကျွန်တော်တစ်ချက်မဲ့လိုက်ပြီး “ဟင်း… မလိုပါဘူး။ နင်ပဲယူသွားလိုက်”

ခေါင်းမာမာနဲ့ ဓာတ်ပုံကို သူ့ကားနောက်ခန်းထဲ ကျွန်တော်ထိုးထည့်ပေးလိုက်တယ်။ စိတ်ထဲမှာ အားရကျေနပ်လို့… ဒါပေမယ့် အိမ်ထဲပြန်ဝင်ခဲ့ပြီး ဓာတ်ပုံမဲ့နေတဲ့ နံရံအဖြူကွက်ကို တွေ့လိုက်တဲ့တခဏ အမည်မသိ ဝေဒနာတစ်ခုက ကျွန်တော့်ရင်ထဲ တိုးဝင်လာခဲ့တယ်။

အဲဒီနောက်ပိုင်း နေ့လယ်ရုံးတက်၊ ညနေ ဘားတက်နဲ့ နေ့ရက်တွေကို ကျွန်တော် ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့တယ်။ ဒါပေမယ့် အိမ်ပြန်ရောက်တိုင်း နံရံပေါ်က အဖြူကွက်ကိုပဲ အကြည့်ရောက်သွားတတ်တယ်။ အဲဒီအခါ နာကျင်မှုတွေက ရင်ဝမှာ လာဆို့နေတော့တယ်။

ရက်သတ္တပတ်ရဲ့နောက်ဆုံးနေ့ အဖော်သူငယ်ချင်းတွေက စုံတွဲကိုယ်စီနဲ့ ထွက်လည်ကြပြီး ကျွန်တော့်ကို ချန်ထားခဲ့ကြတယ်။ အဖော်မဲ့တဲ့ကျွန်တော် အိမ်ကိုပဲ ပြန်လာခဲ့တယ်။ အိမ်ရောက်တာနဲ့ ကွန်ပြူတာကို ကျွန်တော်ဖွင့်လိုက်တယ်။ ဟုမ်ပေ့ခ်ျမှာ သူ့ဘလော့ဂ်ထွက်ကျလာခဲ့တယ်။

ဒီဘလော့ဂ်က သူ(၃ဝ)ပြည့်မွေးနေ့မှာ ကျွန်တော်ကိုယ်တိုင် လုပ်ပေးလိုက်တဲ့ လက်ဆောင်ဘလော့ဂ်ဖြစ်တယ်။ လွမ်းဆွတ်မှုတစ်မျိုးကြောင့် သူ့နေ့စဉ်မှတ်တမ်းကို ကျွန်တော် ဖွင့်ကြည့်လိုက်မိတယ်။ သူနောက်ဆုံးရေးခဲ့တဲ့ စာက ကျွန်တော်နဲ့သူ လမ်းခွဲတဲ့နေ့ဖြစ်တယ်။

“သူရုံးဆင်းချိန် သူကြိုက်တတ်တဲ့ အစားအစာတွေချက်ပြုတ်ပြီး ဝိုင်တစ်ပုလင်းနဲ့ ကျွန်မစောင့်နေခဲ့တယ်။ ဒါပေမယ့် အဲဒီညက သူပြန်အလာကိုစောင့်ရင်း စားပွဲခုံပေါ် မှောက်ရက် ကျွန်မအိပ်ပျော်သွားခဲ့တယ်”

“နံရံပေါ်က ဓာတ်ပုံကို သူဖြုတ်နေချိန် ချွေးဇောတွေပြန်နေခဲ့တယ်။ သံတွေက သံချေးတက်နေပေမယ့် မှန်ဘောင်ကိုပိုမြဲအောင် တွယ်ထားသေးတယ်။ တကယ်လို့ အချစ်မှာလည်း ဒီအတိုင်းဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ…….”

ရင်ဝထဲက တစ်စုံတစ်ခု ကွဲအက်သွားသံကို ကျွန်တော်ကြားလိုက်မိတယ်။ ကွန်ပြူတာ စခရင်ကိုပဲ ကျွန်တော်ငေးမောကြည့်နေခဲ့တယ်။ လက်ဖမိုးပေါ် အေးစက်တဲ့ မျက်ရည်တစ်စက်ကျသွားမှ ကျွန်တော်သတိဝင်လာခဲ့တယ်။ ကျွန်တော့်မျက်လုံးအိမ်မှာ မျက်ရည်တွေ ပြည့်လျံနေခဲ့ပြီလေ။

သူ့ပို့စ်အောက်မှာ ကျွန်တော်ကော်မန့်ရေးလိုက်မိတယ်။

“ပစ္စည်းတစ်ခု အိမ်မှာကျန်ခဲ့သေးတယ်။ လာယူပါ”

နောက်တစ်နေ့ နေအိမ်ကိုသူရောက်လာခဲ့တယ်။ မယုံသလို အပြောမျိုးနဲ့ သူမေးတယ်။

“ငါ့ပစ္စည်း ဘာကျန်ခဲ့တာလဲ”

သူ့ကိုစေ့စေ့ကြည့်ပြီး ကျွန်တော်နှုတ်ဆိတ်နေလိုက်တယ်။ တစ်ခုခုကို သူသဘောပေါက်သွားသလိုနဲ့ ကျွန်တော်အကြည့်ကို ရှောင်ပြီး နံရံပေါ်က အဖြူကွက်ကိုပဲ ငေးကြည့်နေခဲ့တယ်။

“ငါ့ပစ္စည်း ဘာကျန်ခဲ့တာလဲ”

တိတ်ဆိတ်ခြင်းကို သူစတင်ခွဲလိုက်တယ်။ သူ့ပုခုံးကို ဆွဲလှည့်ပြီး ကျွန်တော် တစ်လုံးချင်းပြောလိုက်တယ်။

“ဒီမှာ… ဒီလူက နင်ပိုင်ဆိုင်တဲ့ ပစ္စည်းပဲလေ”

နေရာမှာတင် သူငေးကြောင်ပြီး ရပ်နေခဲ့တယ်။ ကျွန်တော့်ဆီကလည်း နောက်ထပ် ဘာသံမှထွက်မလာခဲ့ဘူး။ တအောင့်ကြာမှ ကြိုးပြတ်သွားတဲ့ ပုလဲလေးတွေလို့ မျက်ရည်တွေ သူ့ပါးပြင်ပေါ် ကျလာခဲ့တယ်။ သူ့ကို ရင်ခွင်ထဲ တင်းတင်းဆွဲပွေ့ထားလိုက်မိတယ်။ သူလည်း ကျွန်တော့်ပုခုံးကို လက်နှစ်ဖက်နဲ့ သိုင်းဖက်လို့…. ရင်ဘတ်နှစ်ခုက အသက်ရှုလို့မရအောင် တင်းကြပ်နေခဲ့တယ်။

အချိန်ဘယ်လောက်ကြာသွားခဲ့လဲ မသိဘူး။ ကျွန်တော့်ကို သူညင်ညင်သာသာ တွန်းထုတ်တယ်။ ပြီးတော့ ပလတ်စတစ်နဲ့ ထုတ်ထားတဲ့ အရာတစ်ခုကို ကားနောက်ခန်းက ထုတ်ယူလာခဲ့တယ်။ ပလတ်စတစ်ကို ခွါပြီး ဓာတ်ပုံကို နံရံပေါ်ပြန်ချိန်ထားလိုက်တယ်။ သူ့ပုခုံးကို သာသာလေးဖက်ပြီး ဓာတ်ပုံကိုကျွန်တော်တို့ ရပ်ကြည့်ခဲ့ကြတယ်။

ကျွန်တော်တို့ တစ်ယောက်ခေါင်းကိုတစ်ယောက် မှီလို့….
တစ်ယောက်လက်ကို တစ်ယောက် တင်းတင်းဆုတ်ကိုင်လို့….
ဖြူဖွေးတဲ့ မင်္ဂလာဝတ်စုံ ဇာပုဝါအောက်မှာ သူ့အပြုံးက ပျော်ရွှင်သက်ဝင်လို့…..

တကယ်တော့ အိမ်ထောင်ရေးက ဒီမှန်ဘောင်နဲ့တူခဲ့တယ်။ သံတွေဖြုတ်လို့မရရင် တစ်သက်လုံးဖြုတ်လို့ ရနိုင်တော့မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ချစ်ခြင်းကလည်း မျက်စိရှေ့က မင်္ဂလာဓာတ်ပုံလိုပါပဲ ဘဝရဲ့ အလှဆုံးအချိန်မှာ ဘောင်သွင်းခဲ့သလို ထာဝရစဉ် မြဲနေတော့မှာဖြစ်ပါတယ်။

ရေးသူအမည်မပါတဲ့ London Global Times က သတင်းစာမှာ ဖတ်မိတဲ့ စာတစ်ပုဒ်ကို ဘောင်သွင်း (ဘာသာပြန်)ပါတယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Tuesday, August 18, 2009

ငါး

တစ်ဘ၀လုံးလိုလို ...
ငါးရယ်လို.တစ်ကောင်တလေမှမမိ ..
ကြည်. ။
မိမဲ.မိတော. လည်း .....
စကြာဝဠာ ကြီး ။
အပေါ်ဆွဲတင်လိုက်တော. ...
ငါ.ငါးမျှားတံဟာ ကိုင်းညွတ်ပြီး ..
သက်တန်.ဖြစ်သွား ။
ငါ.ကိုပြန်မျှားခဲ. ပေါ. ။

မောင်ချောနွယ်

အော်ပီကျယ် ၏ ကာတွန်းများ

ဆရာအော်ပီကျယ်ဟာကျွန်တော်လေးစားရတဲ.ကာတွန်းဆရာတစ်ယောက်ပါ။ သူ.ရဲ. စာမဲ.ကာတွန်း၊ တကွက်ဟာသ၊ သရော်ကာတွန်းတွေဟာ အလွန်ပဲပြောင်မြောက်လှပါတယ်။ဆရာ ဟာ စက်မှုအင်ဂျင်နီယာ (BE-Mechnical ) တစ်ယောက်ဖြစ်ပြီး ၊ဟားဗက်တက္ကသိုလ်က ပြည်သူ.ရေးရာစီမံခန်.ခွဲမှု မဟာဘွဲ.ရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။ဒါပေမယ်.သူဟာ ကာတွန်းရေးဆွဲခြင်း နဲ.ပဲ အသက်မွေးဝမ်းကျောင်းပါတယ်။ ဆရာရဲ. ၁+၂ ဆိုတဲ. ကာတွန်းစုစည်းမှုစာအုပ်ထဲ က ကျွန်တော်ကြိုက်တဲ.ကာတွန်းလေးတွေဖြစ်ပါတယ်။


လောကမှာလူတွေက များသောအားဖြင်.တစ်ခုခုကိုမက်မောကြတာချည်းပါပဲ။ ငွေကြေးစည်စိမ် ကိုမက်မောတဲ.သူတွေ၊ အာဏာ ရာထူးကိုမက်မောတဲ.သူတွေ၊ စသဖြင်.ပေါ.လေ ။ ..ကျွန်တော်ကကော ဘာကိုမက်မောသလဲ ?



သြော်မိန်းမတွေ မိန်းမတွေ လို. .. ပြောရင် မကောင်းပါဘူးနော် ..



ငယ်ငယ်တုန်းက ဘုရားသွားရင် အဲဒီကျောက်တုံးလေးတွေမတာ သတိရမိတယ်။ ဟုတ်သည်ရှိမဟုတ်သည်ရှိပေါ.လေ။ အော်တိုဆက်ဂျက်ရှင်းလို.ပဲပြောရမှာပေါ.။

မိမိကိုယ်မိမိခိုးယူခြင်း

(၁)

သံစူးထားတဲ. ၂၅ နှစ်သားလေး
ကောင်းကင်နှစ်ထပ်နဲ.နေတယ်။

(၂)

သံမံတလင်းတွေကွဲအက်
တစ်ချက်ခြင်း
အသက်ရှူသံတွေသွန်ပစ်နေတာ
အမေရေ ...
ကျွန်တော်နဲ.ကျွန်တော် ..
မိုင်ပေါင်းများစွာ ဝေးရ ..
ကျွန်တော်နဲ. ကျွန်တော် ..
နှစ်ပေါင်းများစွာ ခွဲခွာရ .
အိပ်မက်တွေ
တစ်ချို.မွေးကင်းစမှာသေဆုံး
အားလုံးအတွက်
ကျွန်တော်ကိုယ်လွတ်ရုန်းသွားတာလား။

(၃)

တစ်ခါမှ
မရောက်ဖူးတဲ. မနက်ဖြန်
မျက်လုံးထဲက တောင်တွေဆီ
သွားဖို.
အခေါက်ခေါက်အခါခါ အမှောင်များ
ဘယ်လို ခုတ်ထွင် လင်းကျင်းပ
(ရိပ်ခနဲ)
မြေကြီးပေါ်မှာ
ငှက်တစ်အုပ်
ကျပ်ကျပ်တည်းတည်း
ပျံသန်းသွား။

ကေဇော်(မန္တလေးသိန်းဖော်)

လွင်.မျော

နာရီတွေလွင်.မျော...
လေညင်းတွေလွင်.မျော ..
သက်တန်.တွေ လွင်.မျော ..
အပြုံးတွေလွင်.မျော ..
ပြက္ခဒိန်တွေ လွင်.မျော .
ခြေရာတွေ လွင်.မျော ..
လွင်.မျောနေတာကလွဲလို.
ဘာကမှ ခံစားမရ ..
ဘ၀ဆိုတာ လွင်.မျောရာ..
လွင်.မျောခြင်းနောက်
ကောက်ကောက်ပါအောင်လိုက် ..
မောင်.ကိုမေ.ချင်လို.ပါကွယ် ..
ဟောသမှာ တောင်ပံတစ်စုံ
လေဟုန်နဲ.မျောလွင်.
လွှင်.လိုက်စမ်း .. ရွက်တွေကိုဖွင်.
တံခါးတွေကိုဖွင်. ..
လဟာပြင်ကိုဖွင်.
လွင်.မျောခြင်းရဲ.အဆုံးကိုရှာ ..
ဒီမှာ ..
အာကာသရေ ..
လေမဲ.ပေါ.ပါးခြင်းထဲ
ပျံဝဲလို. ..
အပြင်းထန်ဆုံး ပေါက်ကွဲစမ်းပါရစေ ..။

မေငြိမ်း

ရန်ကုန်တက္ကသိုလ် စိန်ရတုထုတ်
အိပ်မက်တွေကိုချည်တဲ.ကြိုး ကဗျာစာအုပ်မှ ကူးယူဖော်ပြပါသည်။

တောင်

ဒီတောင်ဟာ ငါမနားတမ်းတက်ရမဲ.တောင်
ဒီတောင်တက်တဲ.လမ်းမှာ ..
ချုံနွယ်တွေကိုခုတ်ထွင်ရှင်းလင်းဖို. ငါ.မှာဓါးတစ်လက်ရှိတယ်။
ငါ.မိဘကပေးခဲ.တဲ.အဲဒီဓါးတစ်ချောင်းပေါ.။
ဓါးကောင်းတစ်လက်ဟုတ်ချင်မှဟုတ်မယ်။
သံထည်တော.ညံ.ချင်ညံ.လိမ်.မယ် ။
သံချေးတော. အတက်မခံဘူး။
ဒီတောင်တက်တဲ.လမ်းမှာ ..
ငါချစ်တဲ.သူ မရှိဘူး ။ ငါမုန်းတဲ.သူမရှိဘူး။
ရေငတ်တဲ.သူ ကို ငါ. ရေထဲက ခွဲဝေတိုက်မယ်။
ပင်ပန်းတဲ.သူကို ငါ ဖေးကူမယ်။
ဒါပေမယ်. ဘယ်သူ.မှငါ.ကိုတွဲမခေါ်ရဘူး။
ဒီတောင်ပေါ်ကို ငါ.ထက်အရင်ကြို ရောက်တဲ.သူတွေရှိမယ် ..
ငါ.ထက် လွယ်လွယ်ကူကူရောက်ခဲ.တဲ.သူတွေရှိမယ်။
ကိုယ်တိုင်တက်စရာမလိုပဲနဲ. အထမ်းစင်ပေါ်မှာအိပ်ရင်း
ရောက်ခဲ.တဲ.သူတွေ ရှိမယ်။
ဓါးတစ်ချောင်းတောင်မပိုင်ပဲ ၊ လက်တွေပေါက်ပြဲအောင်
ကုတ်တွယ်တက်ခဲ.ရတဲ.သူတွေရှိမယ်။
ဒါပေမယ်. ငါသူတို.ဖောက်တဲ.လမ်းကို မလိုက်ဘူး။
ဒီတောင်ပေါ်ကို လုံးဝ မရောက်ခဲ.တဲ.သူတွေရှိမယ်။
တောင်ကိုကြည်.ပြီးလှည်.ပြန်သွားတဲ.သူတွေရှိမယ်။
လက်လျော.ပြီးတောင်အောက်ပြန်ဆင်းသွားတဲ. သူတွေရှိမယ်။
ရောက်ခါနီးမှာ ၊ အမောဖောက်သွားတဲ.သူတွေရှိမယ်။
သူတို.အကြောင်းကိုငါ တွေးစရာမလိုဘူး။
ဒါပေမယ်. ငါ ချောက်ထဲကိုတော. မကျစေရဘူး။

ဗျတ်ဇ
(ကိုယ်.ကိုကိုယ်အားပေးသည်)

ပန်းတိုင်

မရောက်သေးရင်
ရောက်အောင်သွား
ရောက်ရင်တစ်ထောက်နား
အဲဒီမှာဘာမှမရှိဘူး ။

ကေဇော် (မန္တလေးသိန်းဇော်)

မနှင်းဖြူ

“ တစ် ”
ချစ်သူ
သင့်နှလုံးသားသည်
ပျားသို့ချို၏။
သို့ပြီးတကား
ဓားသွားမူ ထက်စွာ၏ .. ။

“ နှစ် ”
ဆောင်းဦးပေါက်ညများရဲ့
ပွင့်ဦးနှင်းဆီဖြူဟာ၊ ငါ့သခင်မ
ငါ့ဘ၀ရဲ့ ကိုယ်ပွားအသက်ပါ။
မင်းဘ၀နဲ့ ငါရှင်သန်တယ်။
ပျိုရွယ်ခြင်း၊ ချိုမြတဲ့အဆိပ်
အိပ်ရာဝင်ပုံပြင်ထဲက
နတ်သမီးတစ်ပါးရဲ့ အလှကို ငါမှတ်မိခဲ့ပြီ။
ဒီဇင်ဘာမှာ နှင်းကျတယ်
တစ်လလုံးပါပဲ
ပထမဆုံးနှင်းပွင့်ကတော့
သူပေါ့ကွယ်၊ ဆွတ်ဆွတ်ဖြူဖြူ
ငန်းမွှေးတောင်သွင်တူသော
နူးညံ့ချောနုခြင်းနဲ့ ငါ့ရဲ့အသက်
အိပ်မက်အပြုံးရှင်ပေါ့ ၊ သူ ....
“ မနှင်းဖြူ ” လေ။

“ သုံး ”
“ မနှင်းဖြူ ”
မင်းဘယ်သူလဲ ..
ငါကလွဲလို့ ၊ မင်းတောင်မှမသိ
မြတ်နိုးမိသူပါ။ သူဟာ ...
ငါ့ဘ၀ရဲ့ ပထမဦးဆုံး
နှင်းဖုံးတောင်တန်းများရဲ့ နတ်မိမယ်
သံယောဇဉ်အနွယ်များရဲ့ မိခင်
ပွင့်ဦးသခင် ဆိုနိုင်ပါရဲ့။
နွဲ့လျတဲ့ခြေလှမ်းများ
ငါ့နှလုံးသားမှာ ..
ဒဏ်ရာထင်အောင် ပြင်းထန်ခဲ့ ၊ ကဲ ...
ဒီလိုဘယ်သူသိမလဲကွယ်။

“လေး”
ဆောင်းညရဲ့ နှုတ်ခမ်းအစွန်းမှာ
လမ်းများပေါ် “ငါ ” တေးသီခဲ့တယ်
နားမလည်နိုင်တဲ့ ခံစားမှုဘဝ
တေးချင်းမှာ စတည်ခဲ့ပေါ့။
ဖျော့တော့တဲ့လရောင်သွန်းချိန်
မှိန်ပြာပြာ နှင်းစက်ကြွေသံလို
ကောင်းကင်ငိုနေရဲ့ ၊ အို .. အလှ
မင်းကို တမ်းတလို့ ..
“ကိုစောငြိမ်း” ရဲ့ “ပွင့်ဦး”
ငါဆိုခဲ့ဖူးပြီ .. ။

“ငါး”
ဟောသည်မှာ အချစ် ..
ကဗျာလိုလှတဲ့ ပန်းပွင့်၊ သစ်ရွက်
စက်နဲ့လုပ်တာမဟုတ်။
မင်းအတွက်ပဲ သည်မှာ
နုံချာပေမယ့် လတ်ဆတ်တဲ့နှလုံးသား
ဥပက္ခာမထားစေချင်
အရှင် .. သခင် ..
သစ်ခက်ပလ္လင်မှာစံ၍
တေးချင်းကို နာခံ
မိုးယံ၌ပြည့်သော ပီတိနှင့်
တင့်တယ်စေပါမည်။

“ခြောက်”
လုံမရဲ့ အကြည့်
နေထိတဲ့ ပန်းပါပဲ၊
ညိုးလျော်ဆဲအပြုံးဟာ
ပြည့်ဝပါပေရဲ့
စောင့်စားသူ နေပူမှာရပ်လို့
မင်းကို စောင့်ဖို့ ငါအသက်ရှင်တယ်။
သစ်ပင် ၊ တောတောင် ၊ နေရောင် ..
ငါ့သခင် အောင်နိုင်တယ်။
ဘယ်သူငြင်းမလဲ အိုအချင်းတို့
အို .. အမျိုးကောင်းသားတို့
ငါ့အားခွင့်လွတ်ကြပါလေ ..
အချစ်စေကျွန်ဖြစ်တယ်။
ဇာမဏီငှက်၏ တင့်တယ်ခြင်းဖြင့်
ကြယ်ပွင့်တို့ကို နွံ၌နစ်စေသူ ..
ချစ်ခြင်း ၊ မုန်းခြင်း ၊ ဥပက္ခောနှင့် ခံယူမှု
ပန်းနုကျောက်ဆစ်အသွင်
မြင်သူတိုင်းအား အကြည့်ဖြင့်သိမ်းပိုက်သူ .. ။

“ ခုနှစ် ”
အို .. ချစ်သူလုံမ
ပထမဘ၀မှာ တွယ်ငင်သော
သံယောဇဉ်ပိုင်စိုးသူ
နှင်းမြူသည်းပွတ်၊ ဆွတ်ဆွတ်ဖြူစင်၍
အိပ်မက်အငွေအသက်ပမာ
ငါမြတ်နိုးသူ .. ငါ့အား ..
သနားသဖြင့် ဥပက္ခာသစ်ရိပ်မှ
ဖဲကျဉ်ခွင့်ရစေပါ။ ငါ့အား ..
ဝါမျှင်ဂွမ်းစကဲ့သို့ ချီမ၍
သင့်အနမ်း၍ကြွေသော ပန်းပွင့်ရေအိုင်ထက်
သက်စေပါဘိ။
သက်ရွက်လောင်းလှေဦးတွင်
သခင်မစံပါ။
ကဗျာသစ်ခက်ဖြင့်ပြုသော
လှော်တက်ကို ငါကိုင်မည်။
အောင်နိုင်ခြင်းနှင့် ဒဏ်သင့်သောငါ့အား
အသာယာဆုံး တိတ်ဆိတ်ခြင်းဖြစ်သည့်
အချိုမြိန်ဆုံးတေးချင်းကို
ဆိုခွင့်ပြုပါ ၊ ထိုအခါ ..
ကမ္ဘာမြေသည် သခင်မအပြုံး၌ပွင့်သော
ဆည်းဆာပန်းပွင့်သစ်၏
နှစ်ချို့ စပျစ်အရက်ပမာ
ငါမူးယစ်စွာ မွေ့ပျော်စေလိမ့်မည်။

“ ရှစ် ”
အားလုံးပြီးဆုံးသွားခဲ့ပြီ ..
“ မနှင်းဖြူ ”
အားလုံးပြီးဆုံးသွားပြီလေ၊
အခုတော့ ......

“ကိုး”
မြစ်တစ်စင်းမှာ သူ .. ငါ ..
နှစ်ခါရေမချိုးနိုင်
စီးဆင်းနေဆဲ အချိန်စက်ဝန်း
ပုံတူသွန်းလုပ်၊ အရုပ်ဆင်းတု
ပြုစုသူမဲ့ပေရဲ့ .. ။
ပစ္စုပ္ပန်မဲ့သောအခါ
အနာဂတ်မတည်စွမ်းသာ
သည်သို့ .. သံသရာရှိလျှင်အဆုံး၊ ငါမို့ဖြစ်ရင်း
ချစ်ခြင်းအပ မြဲစေ ..
ကျိန်စာဆိုခဲ့လေသလား
အို .. နတ်ဘုရားတို့ ။
အို .. ပိုင်ဆိုင်သူတို့ ။

သျှပ်မှူးကျော်

Monday, August 17, 2009

ရေပြင်

ကိုယ်.ဘာသာကိုယ် အိနြေ္ဒရရ ကြည်လင်နေမလို.ပဲ ။
ခန်.ခန်.ညားညား တည်ငြိမ်နေမလို.ပဲ ..။
ခဲလုံးတွေကိုက ပြုတ်ပဲပြုတ်ကျနိုင်လွန်းတယ်။
လှိုင်းတွေခဏခဏထရလွန်း လို. ..
ကိုယ်.ရင်ဘတ်ကိုတောင်အားနာလှပြီ။

ဗျတ်ဇ

Junk



နိုင်ဂျီးရီးယားက အီးမေးတွေရဖူးကြတယ်မဟုတ်လား။ ဘိုးဂတ်စ် ဘီးဇနပ်စ် စတိုရီတွေပါတဲ. ဂျန်.ခ်အီးမေးတွေလေ။ ဒီကာတွန်းကိုကြည်.ပြီးမရယ်ပဲမနေနိုင်ဘူး။

Family Album



ဒီပုံလေးကိုကြည်.ပြီးကျွန်တော် ရယ်တယ်။ စက္ကန်.အနည်းငယ်ကြာတော. ကျွန်တော်စိတ်မကောင်းဖြစ်သွားတယ်။

ဖောက်ထွင်းမျက်မှန်

လောကကြီးမှာ အမြင်ကြည်လင် နေဖို့ တော့ လိုတယ်ဗျ။ ဝါးတားတား အမြင်နဲ့  ဆုံးဖြတ်ချက် ချလိုက်မိရင် အခန့်  မသင့်တဲ့အခါ အဆဲခံရတတ်တယ် ဆိုတာ ကိုယ်တွေ့ ...
**************
အဝေးမှုန်တဲ့ သူတွေတော့ သိလိမ့်မယ်။ အဝေးမှုန်ခါစ မျက်မှန် မလုပ်ရသေးခင်မှာ ရှေ့  မျက်နှာချင်းဆိုင်က လူတစ်ယောက် လမ်းလျှောက်လာရင် လုံးဝ မမြင်ရတာလည်း မဟုတ်ဘူး။ ယောကျာ်း၊ မိန်းမလည်း ခွဲလို့  ရတယ်။ ဒါပေမယ့် အနားမရောက်မချင်း ဘယ်သူမှန်းတော့ မကွဲဘူး။ တစ်ခါ တစ်ခါ တစ်ဘက်လူက ကိုယ့်ကို ပြုံးပြတာကို သူအနားရောက်လာပြီး အပြုံးကိုဘရိတ်အုပ် လိုက်တဲ့ အခါ ကျမှ ရိပ်မိတော့ လူမှုရေး ပျက်ကွက်တာပေါ့။ အထင်လွဲခံရတာပေါ့။ တစ်ခါတော့...
“ဟေ့ကောင်” “ဖြောင်း...ဖြောင်း...ဖြောင်း”
ကျွန်တော့်ကို သူငယ်ချင်းတစ်ယောက် လက်ခုပ်တီးပြီး လှမ်းခေါ်နေတယ်။
တော်သေးတယ်။ ဒီကောင်က အဝေးကြီးကတည်းက လက်ခုပ်တီးပြီး လှမ်းခေါ်လို့ ။ ကျွန်တော် ရပ်စောင့်နေလိုက်တယ်။
အနားလည်းရောက်လာရော.....
“ငါ ခါးပိုက်အနှိုက်ခံလိုက်ရလို့ ကွာ။ အဲဒါ ပြန်ဖို့ ဘတ်စ်ကားခ မရှိတော့လို့ ။ အဲဒါ မင်းမှာ တစ်ရာလောက်ရှိလား။”
ဟာ...ကျွန်တော့် သူငယ်ချင်း မဟုတ်ဘူးဗျ။ အနားရောက်မှ ရုပ်ကို သေချာမြင်ရပြီး သူငယ်ချင်း မဟုတ်မှန်း သိတယ်။ ဒါမျိုးတွေ ပြောပြီး ပိုက်ဆံ ညာတောင်း နေကြတာ ခဏခဏ ကြုံဖူးတယ်။ ပေးလိုက်လို့  မဖြစ်ဘူး။
“ကျွန်တော့်မှာလည်း မပိုဘူးဗျ။ တစ်ခြား တစ်ယောက်ယောက် ဆီက တောင်းကြည့် ပါလား။”
“--- --- --- သား”
ဟာ...အဆဲခံလိုက်ရပြီ။

လောကကြီးမှာ အမြင်ကြည်လင်နေဖို့ တော့ လိုတယ်ဗျ။ဝါးတားတား အမြင်နဲ့  ဆုံးဖြတ်ချက် ချလိုက်မိရင် အခန့်  မသင့်တဲ့ အခါ အဆဲ ခံရတတ်တယ် ဆိုတာ ကိုယ်တွေ့ ...
**************
ဒီလိုနဲ့ ပါဝါ မျက်မှန် တစ်လက် လုပ်လိုက်တယ်။ မျက်မှန်ရရခြင်းမှာပဲ ထူးထူးခြားခြား တန်ခိုးသတ္တိတွေ ရှိနေတာကို သိလိုက်ရတယ်။ ကျွန်တော် ရလိုက်တဲ့ မျက်မှန်က ဖောက်ထွင်း မျက်မှန်။ ကျွန်တော်တို့ သူငယ်ချင်း တစ်စု ပြောပြောပြီး သွားရည်ကျ နေတဲ့ ဖောက်ထွင်း မျက်မှန် မျိုးတော့ မဟုတ်ဘူး။ အဖြစ်အပျက် မှန် နဲ့ လူ့ စိတ် အတွင်းပိုင်းကို ဖောက်ထွင်းပြီး မြင်နိုင်တဲ့မျက်မှန်။ မမြင်နိုင်တဲ့ နောက်ကွယ်က ပုံရိပ်တွေ၊ အတွင်းစိတ်တွေကို မြင်စေနိုင်တဲ့ အစွမ်းသတ္တိတွေရှိနေတယ်။ တစ်ခါတစ်ခါလည်း အသံတွေကို အာရုံထဲမှာ ကြားလာစေတယ်။

မြင်ကွင်းကြည်မကြည် စမ်းသပ် ကြည့်ဖို့ အတွက် မျက်မှန်တပ်လိုက်ပြီး တီဗွီခလုတ်ကို ဖွင့်လိုက်တယ်။ ပြပါပြီ အစွမ်းသတ္တိ ။ တီဗွီမှာ ပြည်သူ့ သဘောထားလာနေတယ်။ “နိုင်ငံတော် တိုးတက်ရေးကို နှောင့်ယှက် ဖျက်ဆီးသူများအား ဆန့် ကျင်ကြ” တဲ့။ မျက်မှန်က မိုက်တယ်ဗျာ။ နှောင့်ယှက် ဖျက်ဆီးသူတွေဆိုတဲ့ နေရာမှာ သူတို့  တဖွဖွ ပြောပြော နေတဲ့ သူတွေရဲ့  မျက်နှာကို မြင်ရမယ့် အစား ဗိုလ်ချုပ်ကြီးတွေရဲ့ မျက်နှာကြီးတွေကိုပဲ တန်းစီပြီး မြင်လာတယ်။ ကျက်သရေ မရှိတာ နဲ့ ကျွန်တော်လည်း တီဗွီကနေ မျက်နှာကို ခဏ ခွာလိုက်ပြီး မျက်မှန် အသစ် ကလေးနဲ့ ဟိုကြည့်ဒီကြည့် လျှောက်ကြည့်နေမိတယ်။ ခဏနေတော့....
သတင်းလာနေတယ်။ “အမျိုးသား ညီလာခံကြီး ယခုကဲ့သို့ ချောမွေ့ စွာ အောင်မြင် ပြီးစီးနိုင်ရေးအတွက် ကိုယ်စားလှယ်တော်ကြီးများသည် မိမိတို့၏ စီးပွါးရေး၊ လူမှုရေးများကို စွန့် လွှတ် အနစ်နာခံကာ အားထုတ်ကြိုးပမ်းမှုတို့ ကြောင့်ပင်ဖြစ်ပါကြောင်း” တဲ့။ မျက်မှန်ထဲမှာတော့ ကိုယ်စားလှယ်ကြီးတွေ စီးပွါးရေးအရ စွန့် လွှတ် အနစ်နာခံတဲ့ အနေနဲ့  ကေတီဗွီမှာ ပန်းကုံးစွပ်နေကြတာကို မြင်နေရတယ်။ လူမှုရေးအရ အနစ်နာခံတဲ့ အနေနဲ့  ကောင်မလေးတွေနဲ့  ကဲနေ ကြတာကို မြင်နေရတယ်။ မျက်မှန်လေးက မဆိုးဘူး။ ဒါပေမယ့် သူတို့ လိမ်နေတာတွေ သိရုံ လောက် သက်သက်ပဲ ဆိုရင်တော့ ကျွန်တော် ဒီမျက်မှန် တပ်နေဖို့ တောင်မလိုပါဘူး။ ပတ်ဝန်းကျင်ကို တစ်ချက်လောက် ငဲ့ကြည့်ရုံနဲ့  သိနိုင်တာပဲ။ ဒါပေမယ့် ဒါတွေကို မြင်ဖို့  တစ်ချို့ လူတွေ အတွက်တော့ ဒီမျက်မှန် လိုကောင်း လိုလိမ့်မယ်။ ဂမ်ဘာရီလာတုန်းကသာ ဒီမျက်မှန်ကို လက်ဆောင်ပေးလိုက်ရရင် ကောင်းမှာပဲ လို့ တွေးပြီး တော့တောင် ပြုံးမိသေး....

ဒီလို တန်ခိုးရှိတဲ့ မျက်မှန်လေး ရတာ ဝမ်းသာတယ်ဗျာ။ ရှေ့ လျှောက် ကျွန်တော့်ကို ဘယ်သူကမှ လိမ်ညာလို့ ၊ဟန်ဆောင်လို့ မရနိုင် တော့ဘူး။
**************
ဒီနေ့ ကျော်ကျော့်မွေးနေ့ ။ ဒီကောင့်ကို လဘ္ဘက်ရည်တိုက်ခိုင်းပြီး ညှဉ်းဆဲရမယ်။ ကျွန်တော် ကျော်ကျော့် ဆီကို ဖုန်းခေါ်လိုက်တယ်။
“ကျော်ကျော် ရှိလား အန်တီ”
“မရှိဘူး သားရဲ့ ။ ဒီနေ့ သူ့ မွေးနေ့ လေ။ ကိုထွန်းတို့ နဲ့ ရွှေတိဂုံ ဘုရားကို သွားမယ်လို့  ပြောတယ်။”
သူ့ အမေစကားတောင် မဆုံးသေးဘူး။ မျက်မှန်ထဲမှာ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ကျွန်တော် ရယ်မိတော့ မလို့ ၊ မနည်း ဘရိတ်အုပ်ထားလိုက်ရတယ်။ ဒီကောင်ကြီး အရက်ဆိုင်မှာ မှန်နေပြီ။ မူးပြီးတော့ အသည်းကွဲခဲ့တာတွေ ပြန်ဖော်ပြီး ငိုနေပြီ။
“အဲဒီနေ့  က သူတို့  လမ်းထဲ အမှတ်တမဲ့ ဖြတ်သွားပြီးမှကွာ၊ မတော်တဆ ပြန်တွေ့ မှာ ကြောက်ပြီး အသားတွေတောင် တဆတ်ဆတ် တုန်တယ်။ မျက်နှာချင်းဆိုင်သာ ပြန်တွေ့ ရင် ငါဘယ်လို မှ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး”
“အဓိကတရားခံ က မန်းနီးကွ။ တောက်...ဒီလောက် အသိတရား ရှိတဲ့သူကို ပစ်ထားတဲ့ ဘုရားသခင်တွေ၊ လောကပါလ နတ်တွေကိုလည်း မုန်းတယ်။”
သူ့ အမေကတော့ သူ့ သား ဘုရားသွားနေတယ် ထင်လို့ ။ သူကတော့...သူ့ သာသာသူ အသုံးမကျလို့  အသည်းကွဲတဲ့ဟာကို မူးမူးနဲ့ အရက်ဆိုင်ထဲမှာ...ဘုရားတွေ၊ နတ်တွေကို မဆီမဆိုင် စော်ကားနေပြီ။
**************
အဲဒီနေ့ က လဘ္ဘက်ရည်ဆိုင်မှာ လူတော်တော် စုံတယ်။ ထိုင်နေကျ သူငယ်ချင်းတွေကော၊ နည်းနည်း စိမ်းတဲ့သူတွေကော။ အဲဒီ့ထဲမှာ ကိုယ့်ကိုယ်ကို အသားလွတ်ကြီး အထင်ကြီးနေတဲ့ ခပ်ကြွကြွ တစ်ကောင်လည်း ပါတယ်။ ကျွန်တော်တို့က သူ့ ကို ကွယ်ရာမှာ ဘဲမန်း လို့  ခေါ်ကြတယ်။ ဘဲမန်း ဆိုတာ အိုဟင်နရီရဲ့  “နောက်ဆုံးသစ်ရွက်” ဝတ္ထုထဲက ဇာတ်ကောင်။ အကောင်းဆုံးMaster peice ပန်းချီကား တစ်ကား ဆွဲမယ်လို့  ပြောပြော ပြီးတော့ အဘိုးကြီးဖြစ်သည်အထိ ဘာမှ ဟုတ်တိပတ်တိ မဆွဲခဲ့တဲ့ ပန်းချီဆရာ။ ဒီကောင်လည်း သူ့ ကိုယ်သူ သန်းခြောက်ဆယ်အတွက်၊ ပြည်သူတွေအတွက် လို့  ပြောပြောနေပြီးတော့ ဘာမှလည်း မလုပ်ပဲ လေနဲ့ ပဲ ကြွားနေတဲ့ကောင်။ ကျွန်တော့် အစ်မကတော့ ဘဲမန်းကို ပြောင်းပြန်လှန်ပြီး ဘန်းမဲ လို့  ကွယ်ရာမှာ ခေါ်တယ်။ မျက်နှာပြဲပြဲနဲ့  အသားကလည်း မည်းတယ်လေ။
ကျွန်တော်တို့ ထိုင်နေတဲ့ နားကို ညစ်ညစ်ပတ်ပတ်နဲ့ ကလေးတစ်ယောက် ပိုက်ဆံတောင်းဖို့  ရောက်လာတယ်။ ကျွန်တော်တို့ ကို အတင်းထိုင်ရှိခိုးပြီး ပိုက်ဆံတောင်းတယ်။ ကျွန်တော်တို့  ထဲက တစ်ယောက်က ငါးဆယ်တန် တစ်ရွက် ထုတ်ပေးလိုက်တယ်။ဘဲမန်းကတော့ အကြွေရှာနေသလိုလိုနဲ့ အိတ်ကပ်ထဲကိုတော့ စမ်းရှာပါတယ်။ မတွေ့ ဘူးထင်တယ်။ မပေးလိုက်ဘူး။ အဲဒီ့ကလေးလည်း ပြန်သွားရော...
ဘဲမန်းက စိတ်မကောင်းလို့ မျိုမကျတော့ဘူး ဆိုပြီး ပလာတာကိုတောင် ဆက်မစားတော့ဘူး။ ကြည့်လိုက်တော့ သူ့ပလာတာက နည်းနည်းလေးပဲ ကျန်တော့တာ။ သူလုပ်တာနဲ့  ကျန်တဲ့သူတွေလည်း စားလက်စ မုန့်တွေကို ဆက်စားဖို့ ခက်သွားတယ်။ ဆက်စားရင် ကိုယ်ကပဲ ကရုဏာတရား ခေါင်းပါးသလိုလို ဖြစ်ဦးမှာ။
ပြီးတော့ သူကပြောတယ်။ “ရင်ထဲမှာ ကျင်ခနဲ ဖြစ်သွားတယ်ကွာ။ အဲလို ကလေးတွေ၊ ပင်ပင်ပန်းပန်းနဲ့ လုပ်ကိုင် စားသောက်နေရတဲ့သူတွေကို မြင်တိုင်း စိတ်ထဲမှာ မကောင်းဘူး။” သူ့ စကားလည်း ဆုံးရော ကျွန်တော့်မျက်မှန်က အစွမ်းပြတော့တာပဲ။ မြင်ကွင်းထဲမှာ ဆိုက်ကားသမားတစ်ယောက်ကို ဘဲမန်းက မဟားဒယားဈေးဆစ်ပြီး ငြင်းခုန်နေတာကို တွေ့  လိုက်ရတယ်။ သူ့ စကားလုံးတွေက ရင့်ရင့်သီးသီး။
**************
ကျွန်တော်က လူတစ်မျိုးဗျ။ ကျွန်တော့်ဆီက ပိုက်ဆံချေးပြီး ပြန်မပေးလည်း စိတ်မဆိုးဘူး။ တော်ရုံတန်ရုံ တင်စီးတဲ့ သူကိုဆိုလည်း သည်းညဉ်းခံတယ်။ ကျွန်တော့် အပေါ် စကားမှားလည်း ကိစ္စမရှိဘူး။ နားလည်ပေးတယ်။ ဒါပေမယ့် ကျွန်တော့်မာနကို ထိပါးလာရင်တော့ အရမ်း ထိလွယ်ရှလွယ်တယ်။ အထူးသဖြင့် ကျွန်တော့်ကို ညံ့တယ်လို့  ပြောရင် လုံးဝမခံနိုင်ဘူး။ ဒေါသ အရမ်းထွက်တတ်တယ်။
တစ်ရက်မြို့ ထဲမှာ ကျောင်းတုန်းက သူငယ်ချင်းတစ်ယောက်နဲ့ တွေ့ တယ်။ ဒီကောင်က ကျောင်းတုန်းက ကျောင်းစာကို ဂရုစိုက်တယ်။ Grade ကောင်းဖို့  အလေးအနက် ထားတဲ့ကောင်။ နည်းနည်းလည်း ဘဝင်မြင့်ချင်တယ်။ ကျွန်တော်ကတော့ လေးလလုံးလုံး အတန်းမတက်ပဲ စာမေးပွဲဖြေခါနီးမှ ကျောင်းကိုလာပြီး ဖြေတဲ့ကောင်။ (ကျွန်တော်တို့ တုန်းက လေးလတစ်တန်း။) ကျူတိုရီယယ်တွေလည်း မဖြေဘူး။ ကျွန်တော်တို့ တက္ကသိုလ်တက်ရတဲ့ အချိန်မှာ ပညာရေး စနစ်က တော်တော် ဆိုးနေပြီ။ ဆပ်ပလီ တွေ အရမ်း ခေတ်စားလာပြီ။ ဆပ်ပလီ မှာ အရင် (ကိုယ် မအောင်ခဲ့တဲ့) မေးခွန်းပဲ ပြန်မေးလေ့ရှိတယ်။ အဲလက်စ်ရဲ့  “ဒီ မေးခွန်းလေး ထပ်ဖြေလိုက်ပေါ့” ဆိုတဲ့ သီချင်းဆိုရင် ကျွန်တော်တို့ ကြားမှာ တော်တော်လေး ခေတ်စားခဲ့တာပေါ့၊ ဇော်ဝင်းထွဋ်ရဲ့  “မှန်တယ် ထင်တာတွေ၊ ဒီအချိန်မှာ အကုန်မှားတော့” ဆိုတဲ့ သီချင်းလည်း ခေတ်စားတာပဲ။ ကျွန်တော်က စာမေးပွဲ နီးမှ လာတဲ့ကောင် ဆိုတော့ စီနီယာ အစ်ကို တစ်ယောက်က နည်းလမ်းကောင်းပေးတယ်။ စာမေးပွဲက နီးနေပြီ။ ဘာသာစုံ မကြည့်နဲ့ တော့တဲ့။ အခုသုံးသာသာပဲကြည့် ။ ဆပ်ပလီ ရောက်မှ ကျန်တဲ့လေးဘာသာကိုကြည့်တဲ့။ ကျွန်တော် က တစ်ပတ်အလိုမှ လာပြီး စာမေးပွဲ ဖြေတဲ့ကောင်ဆိုတော့ ဆပ်ပလီ မထိပဲ နေမလား။ ထိတာပေါ့။ တစ်ချို့ ကောင်တွေဆို ကျွန်တော့်ထက်တောင် ပေသေးတယ်။ စာမေးပွဲဖြေမယ့် ရက်မှာ မအားလို့  ဆိုပြီး လာမဖြေဘူး။ ဆပ်ပလီရောက်မှပဲ လာဖြေတယ်။ နောက်နှစ်တွေတော့ အဲလိုလုပ်လို့  မရတော့ဘူး။ နည်းနည်းကြပ်သွားတယ်။
ကျွန်တော်နဲ့ သူ လဘ္ဘက်ရည်ဆိုင်မှာ ထိုင်ပြီး ပျက်စီးနေတဲ့ ပညာရေး စနစ်အကြောင်းတော်တော်ပြောဖြစ်တယ်။ ကျွန်တော်က အခုခေတ်ကလေး တွေဆိုရင် ပိုဆိုးတဲ့ အကြောင်း ပြောလိုက်တယ်။ အဲဒီ့အချိန်မှာ ကျွန်တော်က ဆယ်တန်းဂိုက် လုပ်နေတာလေ။ ကျွန်တော့်ကိုယ်တွေ့ တွေကို စိတ်ပျက်ပျက်နဲ့ ပြောပြမိတယ်။ နှစ်ပိုင်းတစ်ပိုင်းနဲ့ နှစ်ပိုင်းတစ်ပိုင်းပေါင်းတာ တစ်မရပဲ လေးပိုင်းတစ်ပိုင်းရအောင် ပေါင်းတဲ့ ဆယ်တန်းကျောင်းသား တစ်ယောက် အကြောင်း။ ဘယ်လိုလုပ် ဆယ်တန်း အထိ ရောက်လာလဲ မသိဘူး။ ညံ့ရတဲ့ အထဲ ပျင်းကလည်း ပျင်းသေးတယ်။ စာသင်တဲ့ အချိန်က လွဲပြီး ကျန်တဲ့ အချိန် စာမလုပ်ဘူး။ သူ့ ကို စာစသင်ရတဲ့ အချိန်ကလည်း စာမေးပွဲက အရမ်းနီးနေပြီ။ နှစ်လပဲ လိုတော့တယ်။ ဒါနဲ့  ကျွန်တော်လည်း သူ့ အမေကို သူ့ သားရဲ့  အခြေအနေမှန်ကို ပြောပြလိုက်တယ်။ ဒီအချိုးအတိုင်း ဆက်ပြီး ပျင်းနေရင်တော့ စာမေးပွဲ အောင်မှာ မဟုတ်ဘူးလို့ ။ ဒီအခြေအနေနဲ့ စာမေးပွဲ အောင်ချင်ရင် တစ်နေ့ ကို ခြောက်နာရီလောက်တော့ စာလုပ်ဖို့ လိုတယ်လို့ ။ နောက်နေ့ ကျတော့ သူ့ အမေက ကျွန်တော့်ကို ပြောတယ်။ သူ့ သားစာမေးပွဲ မဖြေတော့ဘူးတဲ့။ အလုပ်ပဲ လုပ်တော့မယ်လို့  ပြောတယ်။ အဲဒါတွေ ကျွန်တော့် သူငယ်ချင်းကို ပြန်ပြောပြလိုက်တယ်။
အဲဒီ့ အချိန်မှာဗျာ... သူ့ စိတ်ထဲမှာ ပြောလိုက်တဲ့ စကားကို ဖောက်ထွင်းမျက်မှန်ရဲ့ လက်ချက်နဲ့ ကျွန်တော် ကြားလိုက်ရတယ်။
“ချာတိတ်ကလည်း မင်းကို အားကျလို့  နေမှာပေါ့။ ဆပ်ပလီရောက်မှ ဖြေမလို နေမှာပေါ့” တဲ့။ ကျွန်တော် ဒေါသအရမ်းထွက်သွားတယ်ဗျာ။ ကိုယ့်ကိုယ်ကို ထိန်းချုပ်ပေမယ့် မျက်နှာက သိသိသာသာ နီရဲသွားတယ်။ ရှူးရှူးရှားရှားလည်း ဖြစ်သွားတယ်။ သူငယ်ချင်းကတော့ ရုတ်တရက်ဘာဖြစ်သွားတာပါလိမ့်လို တွေးမိမှာပဲ။ ကျွန်တော်လည်း သူ့ ကို အေးတိအေးစက် နှုတ်ဆက်ပြီး ရုတ်တရက် ထပြန်လာခဲ့တယ်။
**************
ညနေ လေးနာရီရောက်တိုင်း ကျွန်တော့်ရင်ထဲမှာ ပန်းတွေ ပွင့်တယ်။ အဲဒီ့ လဘ္ဘက်ရည် ဆိုင်လေးက ကျွန်တော့်ဘဝ ကန္တာရထဲမှာတော့ အိုအေစစ်ကလေး။ ကျွန်တော် ဆိုင်ထဲကိုဝင်ဝင်ချင်းမှာပဲ မြတ်နိုးရတဲ့ အရိပ်ကလေးကိုတွေ့ တယ်။ ဆိုင်ရဲ့ ကောင်တာ ရှေ့ မှာ ပွင့်နေတဲ့ သက်ရှိ ပန်းပွင့်လေး။ နေ့ စဉ် ကျွန်တော့်ရဲ့  အချိန်တစ်နာရီကို ခိုးယူနိုင်တဲ့သူကလေးပေါ့။ တစ်နာရီသာ ဆိုတယ်၊ ကျွန်တော့်အတွက်တော့ တစ်စက္ကန့် ၊ နှစ်စက္ကန့်...။ အိုင်စတိုင်းရဲ့ Relativity Theory ကို နားလည်ဖို့ ကျွန်တော့်အတွက်တော့ အလင်းအလျင်လောက်မြန်တဲ့ ယာဉ်ကို စီးနေဖို့ မလိုဘူး။ လေးနာရီထိုးတိုင်း ဒီဆိုင်လေးကို လာထိုင်လိုက်ရုံနဲ့ ဖြစ်တယ်။ သူလေးက အချိန်တွေကို ဆွဲ ချုံ့ ပစ်နိုင်စွမ်းရှိတဲ့ မှော်ဆရာမလေး။ သူ့ကြောင့် ကျွန်တော့်မှာ တစ်နေ့  ကို နှစ်ဆယ့်သုံးနာရီပဲ ရှိတော့တယ်။

သူလေးက ဆိုင်ရှင်ရဲ့ တူမလေးလို့ သိရတယ်။

အစကတော့ ကျွန်တော်တို့ ခုလို အချိန် အတိအကျ နဲ့  အသည်းချင်း မချိတ်မိသေးဘူး။ ဒါပေမယ့် ညနေဘက် ကျွန်တော် ဒီဆိုင်ကို လာရင် သူ့ကို တွေ့ ရ တာများတယ်။ ဒီလိုနဲ့  ညနေ လေးနာရီထိုးတိုင်း သူနဲ့ ချိန်းထားသလို ဖြစ်အောင်ကြိုးစားကြည့်ဖို့  ကျွန်တော် ဆုံးဖြတ်လိုက်တယ်။ နေ့ တိုင်းပဲ ဆိုင်ကို လေးနာရီ အရောက်သွားပြီး ဆိုင်ထဲဝင်ဝင်ချင်းမှာ သူ သတိထား မိလောက်အောင် နာရီ ကို ကျွန်တော် ခဏ ခဏ ကြည့်တယ်။ ဒီအချိန် ဆိုရင် နေ့ တိုင်းလာမယ် ဆိုတဲ့ နိမိတ်ပုံပေါ့။ ရက်များများ မလုပ်လိုက်ရပါဘူး။ ငယ်ရွယ်သူတို့ ရဲ့  နှလုံးသားတွေဆိုတာ ခက်ခက်ခဲခဲ ကြိုးညှိုနေဖို့ မလိုဘူးလေ။ ရင်ခုန်သံတုန်နှုန်းတွေက အချစ်ဆိုတဲ့ key မှာ ခြွင်းချက်မရှိ ညီပြီးသား။ ခုဆိုရင် အချစ်ရဲ့ တန်ခိုးနဲ့ ညနေလေးနာရီထိုးတိုင်း ကျွန်တော့်အာရုံထဲမှာ သူက လွဲလို့ ကမ္ဘာကြီးတစ်ခုလုံးပျောက်နေကြ။ ရှုပ်ထွေးလှတဲ့ လောကကြီးကို ညနေလေးနာရီရောက်တိုင်း ကျွန်တော် ချောင်ထိုးပစ်လိုက်တယ်။
ခုဆိုရင် ညနေ လေးနာရီဟာ ကျွန်တော်တို့  နှစ်ယောက်တည်း နားလည်နိုင်တဲ့ နှစ်ဦးသုံး ဘာသာစကားဖြစ်သွားပြီ။ လူတိုင်းလူတိုင်းမှာသာ ကျွန်တော့် လိုမျိုး လေးနာရီဘာသာစကားတွေ၊ လေးနာရီမျှော်လင့်ချက်တွေရှိနေမယ်ဆိုရင် ကမ္ဘာကြီး အခုထက် ပိုပြီးငြိမ်းချမ်းလာလိမ့်မယ်လို့တောင်မှ ကျွန်တော် စိတ်ကူးယဉ်မိသေးတယ်။

ဒီဆိုင်လေးကို ကျွန်တော် ညနေ လေးနာရီထိုးတိုင်းလာတယ်။ သူကလည်း အဲဒီ့ အချိန်ဆို တခြားကောင်မလေးကို ဖယ်ခိုင်းပြီး သူကိုယ်တိုင် ကောင်တာမှာ ထိုင်တယ်။ ကျွန်တော် ဆိုင်မှာ တစ်နာရီတိတိ ထိုင်ပြီး ငါးနာရီထိုးရင် ပြန်တယ်။ ကျွန်တော့်မှာ ထူးထူးဆန်းဆန်း အကျင့်တစ်ခုလည်း ရလာသေးတယ်။ ကျွန်တော်ပိုက်ဆံကို ဘယ်တော့မှ ကွက်တိမပေးဘူး။ သူပြန်အမ်းအောင်လို့ အမြဲတမ်း တမင်တကာ ပိုယူလာတယ်။ သူပြန်အမ်းတဲ့ ပိုက်ဆံတွေကို လည်း မသုံးဘူး။ အမှတ်တရ ဖြစ်အောင် သက်သက်စုထားတယ်။ ခုဆို အဲဒီ့ သူပြန်အမ်းတဲ့ ငွေလေးတွေတောင် တစ်ထောင့်ငါးရာ ပြည့်တော့မယ်။ ငွေရှင်းတဲ့ အခါတိုင်း မှာလည်း သူနဲ့  ကျွန်တော် အပြန်အလှန်ပြုံးပြဖြစ်တယ်။ အပြုံးချင်း ဖလှယ်ကြ တိုင်းမှာလည်း ကျွန်တော့်ရင်ထဲမှာ ရေခဲမြစ်တစ်ခုက အမြဲ ဖြတ်စီးနေကျ။ သူနဲ့ ကျွန်တော် စကားတော့ တစ်ခါမှ မပြောဖြစ်ဘူး။ ထူးအိမ်သင်ရဲ့ သီချင်းထဲကလိုပေါ့။ ကျွန်တော်တို့ နှစ်ယောက်ကြားမှာ စကားလုံးတွေ မလိုတော့ဘူး။

တစ်နာရီ အချိန်လေး အတွင်းမှာတော့ ကျွန်တော်တို့  နှစ်ယောက် မျက်လုံးချင်း စီးချင်းထိုးကြတယ်။ အကြည့်တွေ လိုက်တမ်းပြေးတမ်း ကစားကြတယ်။ စိတ်ကူးချင်းထပ်ပြီး အချစ် ဆိုတဲ့ မီးတောက်ရဖို့  ခတ်ခဲ့ကြတယ်။ ဘဝအမော တွေနဲ့ ပူလောင်လာတဲ့ အခါတိုင်းမှာလည်း ကျွန်တော့် အာရုံတွေကို သူ့မျက်နှာနတ်ရေကန်လေးမှာ တစ်နာရီ လုံးလုံး ပြေးကပ်ပစ်လိုက်တယ်။

သူ့ မှာ ကျွန်တော် ချစ်တဲ့ အကျင့်လေး တစ်ခုလည်း ရှိသေးတယ်။ ကောင်တာမှာ ထိုင်ရင်းနဲ့  ခိုးခိုးပြီး မှန်ထုတ်အလှပြင်တာ။အဲဒီ့ အကျင့်လေးကို ကျွန်တော်ကြိုက်တယ်။ ကလက်တယ်၊ ပဲများတယ်လို့  မမြင်ဘူး။ ကိုယ့်ကိုယ်ကို အလှဆင်လိုက်တာဟာ လောကကြီးရဲ့  အစိတ်အပိုင်းသေသေးလေး တစ်ခုကို အလှဆင်လိုက်တာပဲ။ အဲဒါဟာ လောကကို လေးစားတာ၊ ကိုယ့်ရဲ့ မျက်နှာအလှအပနဲ့ ပတ်ဝန်းကျင်က လူတွေကို ပေးဆပ်ဖို့ကြိုးစားတာလို့ မြင်တယ်။ လူတိုင်းသာ ကျွန်တော့်ကောင်မလေးလို မှန်တစ်ခု ဘီးတစ်ချောင်းတည်းနဲ့  ရောင့်ရဲကျေနပ်နိုင်ရင် လောကကြီး သိပ်လှနေမှာပဲလို့ ကျွန်တော် စိတ်ကူးယဉ်လိုက်မိသေးတယ်။

တစ်နေ့  တော့ ကျွန်တော့်ကောင်မလေး မှန်နဲ့ ဘီးလေး ထုတ်ပြီး ခေါင်းဖြီးလိုက်တယ်ဗျာ။ သောက်တလွဲ မျက်မှန်ကတော့ လုပ်ပြီဗျာ။ ကျွန်တော့်မျက်မှန်ထဲမှာ...ကောင်မလေး ပေါင်ခြံမှာ ညှင်းတွေပေါက်လို့  ဆေးလူးနေတာ မြင်လိုက်ရတယ်ဗျာ။ ညှင်းတွေမှ နည်းနည်းနောနော မဟုတ်ဘူး။ အကွက်လိုက် အကွက်လိုက်။ ခုနက ကျွန်တော့် စိတ်ကူးနဲ့  ပျော်နေတာလေးတွေ ရုတ်တရက်ပျောက်သွားတယ်။ ကျွန်တော့် စိတ်ထဲမှာ သူ့ ကို အပေါ်ယံလောက်ပဲ အလေးထားတဲ့သူလို့ မြင်သွားတယ်ဗျာ။ ကျွန်တော်ကလည်း လူတစ်မျိုးဗျ။ ဇီဇာကြောင်တယ်။ စိတ်မြန်တယ်။ အပြောင်းအလဲမြန်တယ်။ စိတ်ထဲမပါရင် ဘာမှ ဟန်ဆောင်မနေဘူး။ ကျွန်တော် ငါးနာရီထိုးတဲ့ အထိတောင် မစောင့်တော့ဘူး။ ရုတ်တရက် ကောင်တာကို ငွေရှင်းဖို့ ထသွားလိုက်တယ်။ ကောင်မလေးကတော့ ရုတ်တရက် အံ့သြ သွားတာပေါ့။ ငါးနာရီ မထိုးသေးဘူးလေ။ ကျွန်တော် ပိုက်ဆံကိုလည်း ကွက်တိပဲ ပေးလိုက်တယ်။ သူပြန်အမ်းတာ မလိုချင်လို့ ။ ကောင်မလေးက ကျွန်တော့်ကို ပြုံးပြတယ်။ ကျွန်တော်က မပြုံးချင်ပြုံးချင်နဲ့  ဝတ်ကျေတန်းကျေပဲ ပြန်ပြုံးပြလိုက်တော့ ကောင်မလေး ခမျာ မျက်နှာပျက်သွားရှာတယ်။

ကျွန်တော် ဆိုင်ထဲကနေ စိတ်ပျက်လက်ပျက်နဲ့ ထွက်လာခဲ့တယ်။ ဖောက်ထွင်း မျက်မှန်ကြောင့် ကျွန်တော့် အိုအေစစ် ကလေးပျောက်သွားပြီ။ အသည်းနှလုံး တစ်ခြမ်းပဲ့သွားပြီ။ ဟိုတစ်နေ့ ကလည်း ဒီမျက်မှန်ကြောင့်ပဲ သူငယ်ချင်း တစ်ယောက်နဲ့  အခင်အမင်ပျက်ခဲ့ပြီးပြီ။ တကယ်တော့ ဒါတွေဟာ သူတို့ အပြစ်မဟုတ်ပါဘူး။ မမြင်အပ်တဲ့ အမှန်တရားတွေကို သွားမြင်မိတဲ့ ကျွန်တော့်အပြစ်။

ရိုးသားမှုဟာ အကောင်းဆုံး ပေါ်လစီတဲ့။ လူတွေဟာ ရာနှုန်းပြည့် ရိုးသားမှုကို တကယ်ကော ကြိုက်ကြ လို့ လား။ အမှန်တရားကိုကော အပြည့် အဝ လက်ခံ ကြလို့လား။ ကိုယ့်ရောဂါတွေကို ဖယ်ရှားပေးမယ့် ဆေးကိုတောင် ဒီအတိုင်းဆေးသက်သက် မသောက်ကြပဲ သကြားအုပ်ပြီး လျှာကို လိမ်ကြသေးတာ။
ကျွန်တော့် ရင်ထဲမှာ မေးခွန်းတွေ တက်လာတယ်။ ဟန်ဆောင်ကောင်းတဲ့ သူတွေကို ရိုးသားမှု မရှိတဲ့ သူတွေဆိုပြီး သတ်မှတ်ရမှာလား။ ဒါမှ မဟုတ် ပတ်ဝန်းကျင်ကို လေးစားအားနာ လို့ ဟန်ဆောင်တာ ဆိုပြီး လက်ခံရမှာလား။ စိတ်ရိုင်းအတိုင်း ကိုယ့်ကို အနေကြပ်စေလောက်အောင် ရိုးဖြောင့်သူနဲ့  ဟန်ဆောင်ကောင်းသူ ဘယ်သူ့ ကို ပိုလက်ခံသင့်သလဲ။ ကျွန်တော်တော့ လူအများစု နည်းတူ ကိုယ့်စိတ်ကိုယ်သက်သာစေမယ့် ဟန်ဆောင်ကောင်းသူကိုပဲ အလွယ်တကူ လက်ခံလိုက်တယ်။ မမြင်ရတဲ့ ဒုက္ခထက် မြင်ရတဲ့ ဒုက္ခက ပိုပြီးကြီးတာ သိသွားပြီလေ။ အဲဒီ့နေ့ က စပြီး အမှန်တရားတွေကို ဖောက်ထွင်းမြင်နိုင်တဲ့ မျက်မှန်ကို ကျွန်တော်မတပ်တော့ဘူး။

ကောင်းကင်ကို

ကိုကောင်းကင်ကို၏ဘလော.ဂ်မှ ကူးယူဖော်ပြပါသည်။

ခင်

A

ကျွန်တော်သည်
ခင့်ကိုအလွန်ချစ်ပါသည်


B

ခင်သည် ကျွန်တော့်၏
အဖျားငွေ့ငွေ့လေးဖြစ်ပါသည်


C

ခင်ကလွဲလျှင်
မည်သည့်အရာကိုမဆို
ကျွန်တော်ခြိုးခြံ၍ရပါသည်


D

ကျွန်တော့်၏စိတ်ပေါ်တွင်
အမာရွတ်ကလေးပေါင်းမြောက်များစွာကို
ခင်သည်လှပစွာစီချယ်ပေး၏။


E

တစ်နေ့သ၌
ကျွန်တော်တစ်ယောက်သည်
သစ်ပင်လေးတစ်ပင်အောက်၌ထိုင်နေခဲ့ပါသည်။
ထိုစဉ် ကျွန်တော့်နံဘေးသို့ကပ်လျက်
သစ်ရွက်လေးတစ်ရွက်(ဖြုတ်ခနဲ)ကြွေကျလာသည်။
ထိုအခါ
ကျွန်တော်သည် ပြာပြာသလဲ
ဤနေရာတွင်လူရှိသည်ဟု
ပြောလိုက်မိပါသည်ခင်


F

ကျွန်တော်သည်
ခင့်ကိုလွမ်းနေပါ၏။

ခင်ဟူ၍
ရင်တုန်လာသဖြင့်
လက်ကလေးနဲ့ဖိထားရပါသည်။

ခင်ဟူ၍
ခေါင်းမူးလာသဖြင့်
ငြိမ်ငြိမ်လေး ထိုင်နေရပါသည်။


G

လွမ်း၏ပုံတူကိုခင်ကြည့်မည်ဆိုလျှင်
ကျွန်တော်အဝတ်စတစ်ခုပေါ်၌
တိမ်လှလှလေးများကို ရေးပြမည်ဖြစ်ပါသည်။


H

ကျွန်တော်သည်
ခင်ရှိရာအရပ်သို့
မျက်နှာမူကာ
အသက်ရှူနေ၏။


ှုI

ကောင်းကင်၌
ငှက်တစ်အုပ်
ပျံသန်းသွားသည်။
ဘယ်ကလာသည်မသိ
ဘယ်ကိုသွားမည်မသိ
ဘာငှက်တွေဟူ၍လည်းမသိ။


J

ကျွန်တော်သည်
လူမှန်းသိလာ၏။
ထိုငှက်များကိုလည်း
ဗျိုင်းဟူ၍သိလာခဲ့သည်။
သို့သော်
ဗျိုင်းတို့ မည်သည့်အရပ်မှလာ၍
မည်သည့်အရပ်သို့ ပျံသန်းနေကြသည်ကိုမူ
ယခုထက်တိုင်မသိ၊
ထိုမသိမှု၌ပင်လျှင်
ကျွန်တော်သည်
စိတ်၏အတောင်ပံများကို
ဖြန့်လျက်
ခင့်ဆီသို့ ပျံသန်းနေ၏။


K

(Khin)
သို့မဟုတ်
ခင့်အတွက် ကျွန်တော်၏မွေးနေ့လက်ဆောင်ဖြစ်ပါသည်။
ကျေးဇူးပြု၍အသံထွက်မဖတ်ပါနှင့်။


ကေဇော် ၁၉၈၅

ဥစ္စာရူး

အလွမ်းတွေနဲ့
ယားယံနေတဲ့
ငါးမူးစေ့လေးတစ်စေ့အကြောင်း

ကံကောင်းချင်တော့
ကျွန်တော်နဲ့သူမ ချစ်သူတွေဖြစ်ခဲကြတယ်။
ကံဆိုးချင်တော့
ကျွန်တော့်မှာတယ်လီဖုန်းလေးတစ်လုံးမရှိခဲ့ဘူး။
ဟုတ်ပါရဲ့။
ကျွန်တော်တို့မိသားစုဆင်းရဲလိုက်ပုံများ
တယ်လီဖုန်းလေးတစ်လုံးတောင်မှ
အိမ်မှာမထားနိုင်ဘူး
အဖေအမေတို့ကလည်း
တစ်နေ့မှာသူတို့သားလေးဟာ တယ်လီဖုန်းရှိတဲ့အိမ်က
သမီးပျိုလေးနဲ့ ချစ်သူဖြစ်လိမ့်မယ်ဆိုတာကို
မသိခဲ့ကြဘူးနဲ့တူပါရဲ့။
တကယ်လို့ အစောကသာသိခဲ့ရင်တော့
သားလေးရဲ့နောင်ရေးအတွက်
တယ်လီဖုန်းလေးတစ်လုံးဖိုးကို
သူတို့ပိုရှာခဲ့ကြမှာပေါ့။

ခုတော့
ကျွန်တော်ကံဆိုးလိုက်ပုံများ
ကျွန်တော့မှာတယ်လီဖုန်းလေးတစ်လုံးတောင်မှ မရှိဘူး။
ဒါပေမယ့်
ကျွန်တော်ကံကောင်းချင်တော့
ကျွန်တော်တို့နိုင်ငံမှာ
ငါးမူးစေ့တစ်စေ့ထည့်ပြီးအသုံးပြုလို့ရတဲ့
တယ်လီဖုန်းလေးတွေ အများကြီးရှိနေလို့ တော်ပါသေးရဲ့။
ငါးမူးစေ့လေးကို ကျွန်တော်တယ်လီဖုန်းထဲ ထည့်လိုက်တဲ့အခါ
တယ်လီဖုန်းထဲကို ဂျောက်ခနဲ ကျသွားတဲ့ ငါးမူးစေ့လေးဟာ
ကျွန်တော်ဖြစ်ပြီး
ကျွန်တော့်ရင်ထဲကို ဂျောက်ခနဲကျလာတဲ့ ငါးမူးစေ့လေးဟာ
သူမဖြစ်ပါတယ်။

တခြားအချိန်တွေမှာ
ကျွန်တော်ဟာ
သာမန်လူသားလေးတစ်ယောက်ပါပဲ။
ကျွန်တော့်ဘဝမှာစိတ်ကြီးဝင်စရာဆိုလို့
ဘာမှမရှိပါဘူး။
ဒါပေမယ့်
သူမရဲ့အသံလေးကို
နှလုံးသားနဲ့ လတ်လတ်ဆတ်ဆတ်ကြားနေရတဲ့ အခါမျိုးမှာတော့
ကျွန်တော်ဟာ ဘဝမေ့တတ်ပါတယ်။
ဘူတာရုံကို ငါးမူးစေ့လေးတစ်စေ့နဲ့
တယ်လီဖုန်းဆက်ဖို့လာတဲ့ ကောင်လေးမဟုတ်တော့ဘဲ
နတ်သားလေးတစ်ပါးလို့ထင်မိတယ်။
သူမအသံကြားရတဲ့အတွက်
နှလုံးသားဟာ ကိုယ်ရောင်ကိုယ်ဝါတွေ
တောက်ပလွန်းနေလို့ပေါ့၊
လူ့အဖြစ်ကိုရဖို့ မလွယ်ဘူး၊
လူသားအားလုံး
တယ်လီဖုန်းလေးနဲ့ ချစ်စကားပြောဖူးသင့်တယ်။
အထူးသဖြင့် ကျွန်တော့်လို
ဘူတာရုံက တယ်လီဖုန်းလေးနဲ့ ချစ်စကားပြောမိရင်တော့
ပိုပြီးအရသာ ထူးကဲမယ်။

ဂျုံး ဂျုံး ဂျက် ဂျက် ၊ ဂျုံး ဂျုံး ဂျက် ဂျက်

အဲဒီမီးရထားကြီးတွေက တခြားဘူတာရုံတစ်ခုကိုရောက်ဖို့အတွက်
အချိန်တော်တော်ကြာကြာ စီးရပေဦးမယ်။

ဂျုံး ဂျုံး ဂျက် ဂျက် ၊ ဂျုံး ဂျုံး ဂျက် ဂျက်

အဲဒီခရီးသွားတွေက သူတို့ဘဝ ရည်မှန်းချက်အသီးသီးကိုရောက်ဖို့
မီးရထားကြီးကို အချိန်တော်တော်ကြာကြာ စီးရပေဦးမယ်။
အဲဒီအချိန်မှာ ကျွန်တော်က သူမနားရွက်ကလေးထဲကို
ရောက်ရှိနေပြီမို့ ဘဝရည်မှန်းချက်အားလုံးကို
တယ်လီဖုန်းလေးထဲမှာဘဲ ပြီးဆုံးလိုက်နိုင်တယ်။

တူ ဝူ

ဒါကိုမသိတဲ့ ခရီးသွားတွေနဲ့ ကျွန်တော့်လို ကံမကောင်းတဲ့
မီးရထားရှည်ကြီးကတော့ အဝေးကိုပဲ
နေ.စဉ်မောင်းနှင်ရရှာတယ်။

ဂျုံး ဂျုံး ဂျက် ဂျက် ၊ ဂျုံး ဂျုံး ဂျက် ဂျက်

သူမဟာ ဝတ်ဆံကူးနည်းဖြစ်တယ်။
သူမနဲ့စကားပြောရတာ စတုတ္တတန်းသင်္ချာထက်
ပျော်စရာကောင်းတယ်။
သူမကိုအာရုံပြုလိုက်တဲ့အခါ မိုးတိမ်ဖြစ်ပေါ်ပုံကို
မြင်ရတယ်။
သူမရဲ့နာမည်က အရှက်တရားထူထပ်သော ဓါတ်သတ္တုအရိုင်းများလို့ ခေါ်တယ်။
ဒါဟာလည်းကျွန်တော့်အတွက်တော့ ကမ္ဘာ့သမိုင်းပါပဲ။
အဖေအမေတို့လည်းအသိမဟုတ်လား။
ကျွန်တော့်မှာ မျက်ရစ်ကလေးမပါဘူးဆိုတာ
အဲဒီနေ့က
အဝေးကိုသွားမယ့် မီးရထားဥဩသံတွေဟာ
ကျွန်တော်နဲ့ တစ်စုံတစ်ရာ
ပတ်သတ်နေတယ်ဆိုတာ မသိခဲ့ဘူး။
နောက်တစ်နေ့မှာ
ကျွန်တော့်အတွက် အဓိပါယ်ရှိမှာမဟုတ်တဲ့
ငါးမူးစေ့ကလေးတွေ လက်ထဲအပြည့်ထည့်လို့
ဘဏ်တိုက်ကြီးတစ်ခုကို အေးအေးဆေးဆေး
(လုံးဝနောက်ဆံမတင်းဘဲ)ကျောပေးပြီး
အိမ်ကိုပြန်ခဲ့တယ်။

နောက်တစ်နေ့
ငါးမူးစေ့လေးတွေအများကြီးထဲက
ပထမဆုံးငါးမူးစေ့လေးနဲ့ သူမဆီဖုန်းဆက်တော့

ဂျုံး ဂျုံး ဂျက် ဂျက် ၊ ဂျုံး ဂျုံး ဂျက် ဂျက်

သူမကျွန်တော့်ကိုမုန်းသွားပြီတဲ့။
ဖြစ်ပုံကဒီလိုပါ။
ကျွန်တော့်အတိတ်ဘဝမှာ မေ့ကျန်ခဲ့တဲ့
မျက်ရစ်လေး သူမက တယ်လီဖုန်းကနေတဆင့်
လှမ်းပေးလိုက်လို့ပါပဲ။
အချစ်ရေ
သိပ်စိတ်တိုတယ်။
ရှိသမျှ ငါးမူးစေ့တွေကို
လက်ထဲထည့်ပြီး အကုန်ပစ်ကြဲလိုက်တယ်။
ကံဆိုးလိုက်ပုံများ
ရည်းစားနဲ့ကွဲလို့ ပိုက်ဆံကြဲတဲ့ ငါးမူးစေ့သူဌေးကြီးကို
ဘယ်ကလေးကမှ သာဓုမခေါ်ကြဘူးကွယ့်။
ဘာပဲဖြစ်ဖြစ်
အခါတစ်ပါး၌ နားရွက်လေးတစ်ဖက်၏အမုန်းကြောင့်
ကျွန်တော့်တွင် ငါးမူးစေ့များစွာ မျိုးတုန်းခဲ့ရသည်-
ဆိုတာကတော့
ထိုးဇာတ်မဟုတ်ပါဘူး ကမ္ဘာကြီးရယ်
ဒါပေမယ့် ကြံကြံဖန်ဖန် ကံကောင်းချင်တော့
ငါးမူးစေ့လေးတစ်စေ့ဟာ တယ်လီဖုန်းစာအုပ်ထဲမှာ
ကုတ်ကတ်ပြီး ကျန်နေခဲ့တယ်။
ရုတ်တရက် စာအုပ်ကိုလှန်လိုက်တုန်းကများ
ငါးမူးစေ့လေးခမျာ ရင်တုန်ပန်းတုန်နဲ့၊
အပြစ်တင်ရင်လည်းခံရုံပဲ
ဒီတစ်ခါတော့ ကျွန်တော်လွှတ်မပစ်မိပါဘူးဗျာ၊
ဒါဟာ ကိုယ်ချင်းစာတရားပါလို့
အတိအကျမပြောရဲပေမယ့်
တစ်ယောက်တည်း ကျန်ခဲ့တဲ့လူသားဟာ
တစ်စေ့တည်းကျန်ခဲ့တဲ့ ငါးမူးစေ့လေးအပေါ်မှာ
ရန်မီးမပွားနိုင်တော့ဘူးဗျာ။
နောက်ဆုံး ငါးမူးစေ့လေးလို့
အမည်ပေးပြီး သိမ်းထားလိုက်တယ်။
တဆက်တည်းမှာပဲ
နှလုံးသားပေါ်ကို မျှော်လင့်ချက်လေးတွေ တဖွဲဖွဲကျလာပြီး
သူမကိုနောင်တစ်ချိန်ချစ်တယ်ပြောခွင့်ရမှ ဒီဘဝမှာ
ငါးမူးစေ့လေးကို သုံးမယ်လို့ စိတ်ဆုံးဖြတ်လိုက်တယ်။
(အကြံကောင်းတော့တစ်ချက်) တကယ်လို့များ။
ဖွ ..... ဖွ
တကယ်လို့များပေါ့လေ။
ကံမကောင်းလို့ ဒီတစ်သက် သူမနဲ့ဖုန်းမဆက်ရတော့ဘူးဆိုရင်လည်း
ဒီငါးမူးစေ့လေး(နောက်ဆုံးငါးမူးစေ့)ကိုတခြားမှာမသုံးတော့ဘူးလို့
သန္ဒိဌာန်ချလိုက်တယ်။

ဒါပေမယ့် ကျွန်တော်ဟာ အကြံကောင်းပေမယ့်
ကံမကောင်းတဲ့သူပါဗျာ။
ရက် လ နှစ် တွေရင့်ညောင်း
လက္ခဏာရေးအကြောင်းတွေ မြင့်မားပြောင်းလဲခဲ့ပေမယ့်
သူမနဲ့ဆုံဆည်းဖို့ အခါကောင်းကတော့ဖြင့်
ရောက်မလာခဲ့ပါဘူး။
ကျွန်တော်ကသာ မျှော်လင့်နေရတယ်၊
ကံတရားကတော့ဖြင့်
သွားချင်ရာ လျှောက်သွားနေတာပဲ ထင်ပါရဲ့။
တစ်ခါတစ်ခါတော့ တစ်နေ့တစ်ခြားပိုလှလာတဲ့
ကျွန်တော့်မျက်ရစ်ကလေးကိုကြည့်ပြီး
ကျွန်တော့်မျက်လုံးလေးက ပိုပိုငိုမိတယ်။
ကြည့်ပါဦးဗျာ နောက်ဆုံးငါးမူးစေ့လေးတွေဟာ ချေးတွေတက်လို့။
သူ့မှာ အိပ်မက်တွေလည်း မကောင်းဘူးတဲ့။
ကျွန်တော့်မှာ ဆက်သွယ်စရာ တယ်လီဖုန်း ၁၀၀ ရှိရင်
စာအုပ်ထဲမှာ ၉၉ လုံးပဲ မှတ်ထားလေ့ရှိတယ်။
ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော့်နာမည်ကိုတောင်မှ
သူမရဲ့ဖုန်းနံပါတ်လောက် အစွဲအလမ်း မကြီးလို့ပါပဲ။
(ရေးမှတ်မထားတဲ့ တယ်လီဖုန်းနံပါတ်လေးကို လွမ်းတဲ့အခါ)
စာအုပ်ထဲမှာရှိတဲ့ တယ်လီဖုန်း ၉၉ လုံးရဲ့ နံပါတ်တွေကို
ကယောင်ချောက်ချား လျှောက်ကြည့်နေမိတယ်။
နောက်ပြီး ဘယ်သူ့ဆီမှ မဆက်ဘဲ နေမိတယ်။

အခုကျွန်တော့်အိမ်မှာ
တယ်လီဖုန်းအသစ်ကလေးတစ်လုံးရောက်နေတယ်၊
ကျွန်တော်နဲ့မပတ်သတ်ဘူး။
မိသားစုရဲ့တယ်လီဖုန်းဖြစ်ပါတယ်။
လူ့ဘဝမှာ
ဘယ်တော့မှ တယ်လီဖုန်းမဆက်တဲ့ လူတစ်ယောက်အဖြစ်နဲ့
ကျွန်တော်အရိုးထုတ်သွားရတော့မှာလား။
ကျွန်တော့်အဖြစ်က ဆိုးပါတယ်။
ညဉ့်နက်သန်းခေါင် အိပ်ကောင်းတုန်းပေမယ့်
“ ချွင် လွင် လွင်” ဆိုတဲ့ အသံမျိုးကြားရင် လန့်နိုးတယ်။
ကျွန်တော့်ရဲ့နောက်ဆုံး ငါးမူးစေ့လေးများ
အပြင်ထွကကျသလားလို့ပါ။
တစ်ခါတစ်လေ
သူတစ်ပါးလက်ထဲမှာ ငါးမူးစေ့အဟောင်းလေးကို မြင်ရင်လည်း
ကျွန်တော့်ငါးမူးစေ့လေးကို ထိတ်ထိတ်ပျာပျား ထုတ်ကြည့်မိတယ်။
နေထိုင်မကောင်းလို့ အိပ်ရာထဲလဲနေတဲ့အခါမျိုးမှာတောင်မှ
ငါးမူးစေ့လေးကို ခေါင်းအုံးဘေးထားပြီး အိပ်ရမှ
ဘယ်လောက်ဝမ်းနည်းစရာ ကောင်းသလဲ။

နောက်ဆုံးငါးမူးစေ့လေးအပေါ်မှာ
ကျွန်တော်အစွဲအလမ်းကြီးခဲ့တယ်၊
ဥပါဒါန်ကြောင့်ဥပါဒ်ဖြစ်တယ်လို့
ကျွန်တော်တို့ မြတ်စွာဘုရားက ဟောကြားထားပါတယ်။
သူမကို ကျွန်တော်က ဥပါဒါန်ဖြစ်ခဲ့ပြီး
ငါးမူးစေ့လေးဟာ ကျွန်တော့်အတွက် ဥပါဒ်ပေးနေပြီလား၊
ဘာပဲဖြစ်ဖြစ် ငါးမူးစေ့လေးကို လွှင့်မပစ်နိုင်ပါ။
မှန်တာပြောသစ္စာ
တစ်ယောက်သောသူက
ရွှေဒင်္ဂါးနဲ့လဲမယ်ဆိုရင်လည်း မလဲနိုင်ပါ။
တစ်ယောက်သောသူက
မြို့ရွာတွေနဲ့ လဲမယ်ဆိုလည်း မလဲပါ။
ဘာကြောင့်လည်းဆိုတော့
သူမကို ကျွန်တော် နောက်တစ်ချိန် ချစ်စကားပြောခွင့်ရမှ
သုံးမယ်လို့ဆုံးဖြတ်ထားတဲ့
နောက်ဆုံးငါးမူးစေ့လေးမို့ပါ။
တကယ်လို့များ
ကျွန်တော်အသက်ကြီးသွားရင်လည်း
ငါးမူးစေ့လေးကို သိမ်းထားနေဦးမှာ သေချာပါတယ်။
ချေးတက်နေတဲ့ ငါးမူးစေ့လေးနဲ့
အဖိုးကြီးအို ခါးကုန်းကုန်းပေါ့ဗျာ။

ကုန်ကုန်ပြောမယ်ဗျာ
ကျွန်တော် သေသွားရင်တောင်
အဲဒီငါးမူးစေ့လေးကို
ကျွန်တော့်အိပ်ကပ်ထဲ ထည့်ပေးလိုက်ကြပါ။
သူမက ကျွန်တော့်ကို တမလွန်ကျမှ
တယ်လီဖုန်းဆက်ချင် ဆက်နေမှာမို့ပါဗျာ။

ကေဇော် ၁၉၈၆
နှင်းရည်စက်လက်+ရှုမျှော်ခင်း၂၃ ကဗျာစာအုပ်မှ

ကိုညီလင်းဆက် ၏ဘလော.ဂ်မှကူးယူဖော်ပြလိုက်ပါတယ်။
မှတ်ချက် = ကေဇော် ၁၉၈၆ ဆိုသည်မှာ ။ အဆိုတော် မင်းသား မန္တလေးသိန်းဇော် ဖြစ်ပါတယ်။ ကျွန်တော်မန္တလေးသိန်းဇော်ကို အရမ်းကြိုက်ပါတယ်။ သူဆိုတဲ.သီချင်းတွေကော သူ.ရဲ.အသံကိုကောအင်မတန်မှ နှစ်သက်ပါတယ်။ အထူးသဖြင်.သူ.ကဗျာတွေပေါ.ဗျာ။ သူ.ကဗျာတွေက သိပ်ကိုချစ်စရာကောင်းပါတယ်။ထပ်မံဖော်ပြပေးပါဦးမယ်။

Painted Veil


ပြီးခဲ.တဲ.တစ်ရက်က ကျွန်တော် Painted Veil ဆိုတဲ.ဇတ်ကားလေး ကိုပြန်ကြည်.ဖြစ်ခဲ.ပါတယ်။ ဒီဇတ်ကားလေး က အမှန်တော. ၂၀၀၆ ကတည်းက ထွက်ခဲ.တဲ.ကားလေးပါ။ ကျွန်တော်ကတော. ခုမှပဲကြည်.ဖြစ်တော.တယ်။ ဒီဇတ်ကား ကို ၁၉၂၅ မှာထွက်ခဲ.တဲ. ၊ W. Somerset Maugham ရေးတဲ. The Painted Veil ဆိုတဲ.စာအုပ်ကိုရုပ်ရှင်အဖြစ်ပြန်အသက်သွင်းထားတာဖြစ်ပါတယ်။ W. Somerset Maugham ဆိုတာကတော.အားလုံးလည်းသိကြတဲ.အတိုင်း ပြင်သစ်ကမ္ဘာကျော်ပန်းချီဆရာကြီးဂေါ်ဂင်ရဲ.အကြောင်း ကို ရေးထားတဲ. The moon and sixpence တို.Of Human Bondage, Cakes and Ale ,The Razor's edge စတဲ.ကမ္ဘာကျော်ဝတ္တုကြီးတွေကိုရေးသားခဲ.တဲ.ဂန္န၀င် အင်္ဂလိပ်စာရေးဆရာကြီးဖြစ်ပါတယ်။ သူ.ရဲ.၀တ္တုပေင်း ၂၀ ကျော်ကိုရုပ်ရှင်အဖြစ်ပြန်လည်ရိုက်ကူးခဲ.ပါတယ်။ အခု ဒီဇတ်ကား The Painted Veil ကိုလည်း ၁၉၃၄ ခုနှစ်မှာတစ်ကြိမ် ၊ ၁၉၅၇ ခုနှစ်မှာ တစ်ကြိမ် ရုပ်ရှင်အဖြစ်ရိုက်ကူးပြသခဲ.ကြပါတယ်။ တတိယအကြိမ်မြောက် ၂၀၀၆ ခုနှစ်မှာပြန်ရိုက်တဲ.ဒီုဇတ်ကားထဲမှာ ကတော. မင်းသား Edward Norton နဲ. မင်းသမီး Naomi Watts တို.အဓိကပါဝင်သရုပ်ဆောင်ပါတယ်။ Edward Norton ကတော. ကျွန်တော်နဲ.တော်တော်ရင်းနှီးနေပါပြီ။ ကျွန်တော်အကြိုက်ဆုံးမင်းသားစာရင်းထဲမှာ ထိပ်ဆုံးကပါပါတယ်။ သူ.ကိုကျွန်တော်စသတိထားမိတာ က တော. The Score (2001) ဇတ်ကားမှာဖြစ်ပါတယ်။ အဲဒီဇတ်ကားထဲမှာ သူဟာ ၀ါရင်.မင်းသားကြီးတွေဖြစ်တဲ. Robert De Niro တို. Marlon Brando တို.နဲ.အပြိုင်သရုပ်ဆောင်သွားတာ အင်မတန်ကောင်းပါတယ်။ကျပ်မပြည်.တဲ.သူအဖြစ်သရုပ်ဆောင်တာ အလွန်ပီပြင်ပါတယ်။ အဲဒီကစလို.ကျွန်တော်သူပါတဲ.ကားတွေကိုတော်တော်ကြည်.ဖြစ်ခဲ.တယ်။ Italian Job,Down in the Valley, Kingdom of Heaven တို.ကို ကြည်.ဖြစ်ခဲ.တယ်။ နောက်တော. The Illusionist မှာသူ.ကိုအတော်လေး ကိုသဘောကျသွားပါတယ်။ အဲဒီဇတ်ကားဟာလည်း သရုပ်ဆောင်မှုအပိုင်း အရကော ဇတ်လမ်းအရ ကော အဘက်ဘက်ကပြည်.စုံတဲ.ဇတ်ကားလို.ဆိုချင်ပါတယ်။ဒီဇတ်ကားကပဲ သူ. ကို San Diego Film Critics Society Awards -Special Award for body of work ရသွားစေပါတယ်။ တခြားဇတ်ကားတွေဖြစ်တဲ. Down in the Valley တို. The Painted Veil တို. မှာလည်း အလားတူဆု တွေရခဲ.ပါတယ်။ Naomi Watts ကတော. အားလုံး ကြည်.ဖူးကြတဲ. King Kong တို. The Assassination of Richard Nixon တို.မှာပါတဲ.အင်္ဂလိပ်မင်းသမီးဖြစ်ပါတယ်။

ဇတ်လမ်းအကျဉ်း
ဝတ္တုစာအုပ်ကိုတော.ကျွန်တော်တစ်ခါမှမဖတ်ဖူးပါဘူး။ရုပ်ရှင်ဇတ်လမ်းကိုပဲ ခံစားကြည်.ပါတယ်။
ဇတ်လမ်းကျောရိုးကို တရုတ်ပြည် ၁၉၂၅ ၀န်းကျင်ထဲမှာအခြေခံထားပါတယ်။ တရုတ်ပြည်ကြီးမှာ မြေပိုင်ရှင်တွေက ကိုယ်.နေရာနဲ.ကိုယ်ခွဲဝေအုပ်ချုပ်နေတဲ.အချိန်၊ ဥရောပသားတွေ ၊ရုရှားတွေခြေရှုပ်နေတဲ.အချိန်ဖြစ်ပါတယ်။
၁၉၁၁ Xinhai Revolution ဖြစ်ပြီးတဲ.အခါ မှာ China ဟာ Republic of China ဆိုပြီးတော.ဖြစ်လာပါတယ်။ အဲဒီအခါ Shanghai ဟာအခုမော်ဒန် တစ်ရုတ်ပြည်ကြီးဖြစ်လာဖို. အတွက် အဓိကချက်မဗဟိုဒေသကြီးဖြစ်လာခဲ.ပါတယ်။အဲဒီအချိန်မှာ ရှန်ဟဲ ဟာကမ္ဘာ. အကြီးဆုံးမြို.ကြီးတွေထဲကတစ်ခုဖြစ်ခဲ.ပါတယ်။ဒါပေမယ်. မြို.ကြီးရဲ. တစ်ဝက်နီးပါးကို ဗြိတိသျှတွေ အမေရိကန်တွေရုရှားတွေက ချုပ်ကိုင်ထားတာပါတယ်။ သူတို.က အဲဒီအချိန်တုန်းက သူတို.ကိုသူတို. Shanghailanders တွေလို.ခေါ်တယ်ဆိုပဲ။ ရှန်ဟဲမြို.ကြီးကိုအဲဒီတုန်းက အရှေ.ရဲ. ပါရီ ၊ အနောက်ရဲ. နယူယော.ခ် လို.တောင်တင်စားကြပါတယ်။

ဒေါက်တာ ဝေါ်လတာ က ကစ်တီ ကို ကပွဲတစ်ခုမှာတွေ.ပြီး မြင်မြင်ချင်းချစ်သွားပါတယ်။ နောက် တော. ကစ်တီ. ကို လက်ထပ်ခွင်.တောင်းပါတယ်။ ကစ်တီက လန်ဒန်ရဲ. အထက်တန်းလွှာထဲ က ပါ။ မိန်းကလေး တစ်ယောက် အသက် ၂၅ နှစ်ဆို တာ သူတို.အသိုင်းအ၀ိုင်း မှာ အိမ်ထောင်ပြု ဖို. သင်.တော်နေတဲ.အချိန်လို.ယူဆကြပါတယ်။ အချိန်ကြာလာလေ ယောင်္ကျားမရမှာ ကို ပူလာလေ ဖြစ်နေတဲ. သူ.အမေရဲ. ပူညံပူညံ လုပ်မှုက လွတ်မြောက်ဖို. ကစ်တီ က ဒေါက်တာ ဝေါ်လတာ ရဲ.တောင်းဆိုမှုကို လက်ခံလိုက်ပါတယ်။ ဒေါက်တာဝေါ်လတာ က ဘယ်လိုလူမျိုးလည်းဆို တော. .. Serious ဖြစ်တယ်။ အနေအထိုင်သိုသိပ်တယ်။ တည်ကြည်တယ်။ ဘာမဆို စေ.စေ.စပ်စပ်သေသေချာချာလုပ်တယ်။ အတွေးအခေါ်အမြော်အမြင်ကောင်းတယ်။
ဒေါက်တာ ဝေါ်လတာ က သူတာဝန်ကျ တဲ. ရှန်ဟိုင်း ကို သူ.ရဲ. အသစ်စက်စက်မိန်းမ ငယ်ငယ်လေး ချောချောလေး ကစ်တီကို ခေါ်သွားတယ် ။ပထမတော. ကစ်တီပျော်တယ်နောက်တော. ကစ်တီမပျော်တော.ဘူး။ နောက်ပိုင်းမှာ ဗြိတိသျှ လက်ထောက်ကောင်စစ်ဝန် ရုပ်ချောအပြောကောင်း ချားစ်တောင်ဆန် နဲ. ကစ်တီသိကျွမ်းတယ်။ အဲဒီမှာ ဇတ်လမ်းစတော.တာပါပဲ။ ဇတ်လမ်းအပြည်.အစုံကိုပြောရင် ကြည်.တဲ.သူတွေ အရသာပျက်မှာမို.မပြောတော.ဘူး။

အကျဉ်းချုပ်ပြောရရင်တော. ယောင်္ကျားတစ်ယောက်ရဲ.ခိုင်မြဲတဲ.ချစ်ခြင်းတရားကိုမြင်တွေ.ရမှာဖြစ်သလို၊ ၀မ်းနည်းခြင်း၊ယူကျုံးမရခြင်း၊ခံပြင်းခြင်းစတာတွေကို ချစ်ခြင်းတရားနဲ.အားပြိုင်ထားတဲ.ခံစားမှုတွေကိုသရုပ်ဖော်ထားတာတွေ.ရမှာဖြစ်ပါတယ်။

Sunday, August 16, 2009

မိသားစု

မိသားစုဆိုတာ
တစ်ယောက်ရှေ့ရောက်ဖို့
တစ်ယောက် နောက်ဆုတ်ရတယ်
သစ်ကိုင်းတစ်ကိုင်းတိုးထွက်ဖို့
သစ်ကိုင်းတစ်ကိုင်း အခုတ်ခံရတယ်
မိသားစု သီချင်းဟာ အတက်အဆင်းရှိတယ်
သံစုံမြည်တယ်။

မိသားစုဆိုတာ
လူခြောက်ယောက်ရှိ လူခြောက်ယောက်
လက်၁၀ချောင်းရှိ လက်ဆယ်ချောင်း
ခေတ်က တောင်းဆိုတဲ့အတိုင်း လှုပ်ရှားရတယ်
အိမ်ရှိလူအကုန်။

လဲကျသွားတဲ့ ငါ့အဖေနေရာကို
ငါ့ညီလေးဝင်ခဲ့တယ်
ယိုင်နဲ့သွားတဲ့ ငါ့အမေရဲ့ နေရာကို
ငါ့ညီမလေး ၀င်ခဲ့တယ်
မိသားစုကို ငါမမြင်ခဲ့ဘူး။

ငါ့အတွေးအခေါ်က သားသမီးဆိုတာ
သီးခြားရှင်သန်ရတဲ့ ဘ၀တစ်ခု
ငါက လမ်းပေါ်မှာကြီးပြင်းခဲ့လို့
လမ်းနဲ့ သွေးသားတော်စပ်တယ်လို့ ထင်တယ်။

ငါ့မိသားစုမှာ ငါဟာ မလင်းတဲ့မီး
ငါ့မိသားစာမှာ ငါဟာ မလုံခြုံတဲ့ထရံ
ငါ့ကြိုးကို တီးခတ်လိုက်တိုင်း အသံကြောင်ထွက်တယ်
ငါ့မိသားစုမှာ
မိုးယိုပေါက်လေး တစ်ပေါက်ရှိနေတယ် ဆိုရင်လည်း
ငါပဲဖြစ်မှာ
ငါ့မိသားစုမှာ
ကြမ်းခင်းတစ်ပေါက် ကျိုးပဲ့နေတယ်ဆိုလည်း
ငါပဲဖြစ်မှာ
မအောင်မြင်တဲ့ ဘောလုံးအသင်းဟာ ငါ့မိသားစုပဲ
မ၀င်တဲ့ဂိုးတွေကို ငါသွင်းခဲ့တာ။


စိုင်းဝင်းမြင့်
နားနားပြီးပြော ကဗျာစာအုပ်မှ
User Online