Saturday, February 27, 2010

ချစ်ကတိ

ကောင်မလေးရဲ. မိဘတွေက ကောင်လေးနဲ. ချစ်သူဖြစ်တာ သဘောမတူကြဘူး။ဆင်းရဲ ကောင်လေးရဲ. မိသားစုနောက်ခံအခြေအနေ နဲ. ဆိုရင် ကောင်မလေးဘ၀တစ်လျောက်လုံးမှာ ပင်ပန်းဆင်းရဲ လိမ်.မယ်လို.သူတို.ပြောကြတယ်။
မိသားစုရဲ. ဖိအားပေးမှုတွေကြောင်. ကောင်မလေးဟာ ကောင်လေးကို ခဏခဏပြဿနာလုပ်လေ.ရှိတယ်။ ကောင်လေးကိုကောင်မလေးက ချစ်ပါတယ်။ ကောင်လေးကို " ရှင်ကျွန်မကိုဘယ်လောက်ချစ်လဲ " လို.မကြာခဏမေးလေ.ရှိတယ်။ အဆုံးမှာတော. စကားလုံးတွေကို ကဗျာဆန်ဆန်ပြောမပြတတ်တဲ. ကောင်လေး ဟာ ကောင်မလေး ရဲ. စိတ်ဆိုးမှုအမြဲတမ်းခံယူရတယ်။ ကောင်မလေးရဲ. မိဘတွေက ပြောတဲ.စကားလုံးတွေက လည်း ကောင်မလေးရဲ.စိတ်ကို မီးလောင်ရာလေပင်.သလိုမျိုးဖြစ်တာပေါ.။ ကောင်လေးဟာ ကောင်မလေးရဲ. ဒေါသစိတ်တွေထွက်ပေါက်ရှာ ရာပစ်မှတ်တစ်ခုဖြစ်လာတော.တာပေါ.။ ကောင်လေး ကတော. ကောင်မလေးသူ.အပေါ်မှာ ဘယ်လိုစိတ်ဆိုးဆိုး နှုတ်ဆိတ်လို.သာနေပါတယ်။
နောက်တော. ကောင်လေး က တက္ကသိုလ်က ကနေဘွဲ. ရပါတယ်။ သူက နိုင်ငံခြားတက္ကသိုလ် တစ်ခုမှာ မဟာဂုဏ်ထူးတန်း တက်ဖို. ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမယ်. သူကမသွားခင် ကောင်မလေးကို လက်ထပ်ခွင်.တောင်းခဲ.ချင်တယ်။ စေ.စပ်သွားချင်တယ်။
" ကဗျာဆန်ဆန်စကားလုံးလှလှလေးတွေကို တော. ငါမသုံးတတ်ပါဘူး ၊ မင်းကိုအရမ်း ချစ်တယ်ဆိုတာတစ်ခုတော. ငါဟာပြောရဲပါတယ်။ မင်းသာသဘောတူမယ်ဆိုရင် မင်းဘ၀တစ်လျှောက်လုံး အတွက် မင်းဘေးမှာ ပေးဆပ်ရင်းချစ်သွားချင်တယ်။ မင်းရဲ. မိသားစု က လက်ခံနိုင်တဲ.သူတစ်ယောက်ဖြစ်အောင်လည်း ငါအစွမ်းကုန်ကြိုးစားပါ.မယ် "
လို.ပြောတယ်။
ကောင်မလေး က ကောင်လေးကို တကယ်ချစ်တော. လက်ခံလိုက်ပါတယ်။ကောင်မလေးရဲ. မိဘတွေက လည်း ကောင်မလေးကို ချစ်တာတစ်ကြောင်း ၊ ကောင်လေးက လည်း ဆင်းရဲပေမယ်. ရိုးရိုးသားသားကြိုးကြိုးစားစား ပညာတတ်လူငယ်လေးတစ်ယောက်ဖြစ်တာတစ်ကြောင်း၊ နောက်ဆုံးတော. လက်ခံလိုက်ပါတယ်။ စေ.စပ်ပြီးတဲ.အခါမှာတော. ကောင်လေးဟာ ပညာဆက်သင်ဖို. နိုင်ငံခြားကို ထွက်သွားပါတယ်။ ကျန်ခဲ.တဲ.ကောင်မလေးကတော. ကောင်လေး မရှိတဲ. အချိန်မှာ အလုပ်ဝင်လုပ်ပါတယ်။ ကောင်လေးနဲ.ကောင်မလေးရဲ.ဆက်ဆံရေး ဟာ ခိုင်မြဲခဲ.ပါတယ်။ စာနဲ.အပြန်အလှန် အဆက်အသွယ်အမြဲလုပ်ပါတယ်။ တယ်လီဖုန်းလည်းအမြဲဆက်ကြပါတယ်။ အချိန်တွေက စောင်.ရတာကြာတယ်ဆိုပေမယ်.လည်း ကောင်လေးနဲ.ကောင်မလေး ရဲ. ချစ်ခြင်းမေတ္တာက ခိုင်မြဲလျက်ခိုင်မြဲဆဲပါပဲ။
တစ်ရက်မှာတော. အလုပ်က အပြန်သွားနေကျလမ်း မှာ အရှိန်မထိန်းနိုင်တဲ. ကားတစ်စီး က ကောင်မလေးကို ၀င်တိုက်မိပါတယ်။ ကောင်မလေး ပြန်သတိလာတဲ.အခါမှာတော. ကံကောင်းလို. အသက်မသေခဲ.ပေမယ်. သူမရဲ.ရှိခဲ.တဲ. ဒဏ်ရာတွေဟာ အလွန်ပြင်းထန်တယ်ဆိုတာ သတိပြုမိသွားပါတယ်။ မျက်ရည်တွေအရွှဲသားနဲ. စာင်.ကြည်.နေတဲ. မိဘတွေကို သူမဘာမှမဖြစ်ကြောင်းနှစ်သိမ်.ပေးဖို. ကောင်မလေး ကြိုးစားပေမယ်. အသံထွက်မလာခဲ.ပါဘူး။ သူမဟာ စကားတစ်လုံးစနှစ်လုံးစ တောင်ပြောလို.မရနိုင်တော. ဘူး လို.သတိပြုမိသွားတယ်။ အသံထွက်ဖို. သူအမျိုးမျိုးကြိုးစားပေမယ်. လေသံကလွဲလို. ဘာအသံမှထွက်မလာပါဘူး။ကောင်မလေး ဟာ "အ" သွားပါတယ်။ ကောင်မလေးရဲ.ဒဏ်ရာဟာ ဦးနှောက်ကိုထိခိုက်သွားတဲ.အတွက် စကားပြောဖို. နာဗ်ကြောတွေ အလုပ်မလုပ်နိုင်တော.တဲ. အတွက် ကောင်မလေး တစ်သက်လုံးစကားပြောနိုင်တော. မှာမဟုတ်ဘူး လို. ဆရာဝန်တွေကပြော တဲ.အခါ မှာ ကောင်မလေး ရုပ်ကြိုးပြတ်လဲကြသွားခဲ.တယ်။ တစ်နေ.လုံးတစ်ညလုံး ငိုလို.သာနေတော.တယ်။
ဒဏ်ရာတွေ ပြန်ကောင်းပြီး လို.ကောင်မလေး ဆေးရုံက ဆင်းပြီး အိမ်ကိုပြန်တဲ.အချိန်မှာတော. အရာရာအားလုံးဟာ အရင်အတိုင်းပါပဲ။ တယ်လီဖုန်းသံ ကလွဲလို.ပေါ.။ ကောင်လေးဆီက လာတဲ. တယ်လီဖုန်းသံဟာ ကောင်မလေး အတွက် နွေလယ်အိပ်မက်ဆိုးတစ်ခုလိုပါပဲ။ တယ်လီဖုန်းသံတိုင်းဟာ ကောင်မလေး ကိုနာကျင်သထက်နာကျင် စေပါတယ်။ ကောင်မလေး ဟာ ကောင်လေး ကို သူ.အကြောင်းမပြောပြပါဘူး။ ကောင်လေးအတွက် သူဟာ ၀န်ထုပ်ဝန်ပိုးတစ်ခုမဖြစ်ချင်ဘူးလေ။ ကောင်လေးပြန်လာတဲ.အချိန်အထိ ဆက်ပြီးမစောင်.နိုင်တော.တဲ. အကြောင်း ၊ ပတ်သတ်မှုတွေအားလုံး ပြီးဆုံးသွားပြီဖြစ်ကြောင်း ကောင်မလေး က ကောင်လေးဆီကို စေ.စပ်လက်စွပ်နဲ. အတူ စာရေးပြီးပို.လိုက်တယ်။ ကောင်လေးဆီက ပြန်လာတဲ.စာတွေ ၊ ဖုန်းခေါ်သံတွေအားလုံး ဟာ ကောင်မလေးရဲ.မျက်ရည်တွေ ပဲပေါ.။
ကောင်မလေးရဲ. ဖခင် ဟာ သူ.ရဲ.သမီးလေး ခံစားနေရတာကို မကြည်.ရက်တော. အခြား မြို.ကိုပြောင်းနေဖို. ဆုံးဖြတ်လိုက်တယ်။ နေရာသစ်ပတ်ဝန်းကျင်အသစ်မှာ အရာရာအားလုံးကိုမေ.ပစ်ပြီးကောင်မလေး ပျော်နိုင်လိမ်.မယ်လို. သူထင်တယ်။ ဒီလိုနဲ.ကောင်မလေးဟာ စကားမပြောနိုင်တဲ.သူတွေ သုံးတဲ. သင်္ကေတ ဘာသာကို ဖြေးဖြေးချင်းသင်ယူပြီးစိတ်ကို မြုပ်လိုက်တယ်။ ကောင်လေးကို မေ.ပစ်လိုက်ဖို.ကိုလည်း သူ.ကိုသူအမြဲအားပေးရတယ်။
တစ်ရက်မှာတော. ကောင်မလေး ရဲ. အချစ်ဆုံးသူငယ်ချင်း တစ်ယောက် က ကောင်လေး က အရင်နေခဲ.တဲ.မြို.လေးကို ပြန်ရောက်လာပြီဖြစ်တဲ.အကြောင်း ၊ ကောင်မလေး ကို နေရာအနှံ.လိုက်ရှာနေကြောင်း ကို သတင်းပေးတယ်။ ကောင်မလေး က ကောင်လေးကို ဘာမှမပြောဖို.၊ သူဘယ်မှာရှိတဲ.ဆိုတာကို မပြောဖို. ၊ သူ.ကို မေ.နိုင်အောင်တိုက်တွန်းဖို. သူ.အချစ်ဆုံးသူငယ်ချင်းကိုတောင်းဆိုတယ်။
ဒီလိုနဲ. နောက်တစ်နှစ်အကြာ နွေရာသီတစ်ခု ကုန်လွန် သွားပါတယ်။ကောင်လေး ရဲ. သတင်းလည်းမကြားရတော.တာကြာခဲ.ပါပြီ။ တစ်ရက်မှာတော. ကောင်မလေးရဲ. အချစ်ဆုံးသူငယ်ချင်း က ကောင်လေး လက်ထပ်တော.မှာဖြစ်တဲ.အကြောင်းအိမ်ကိုလာ သတင်းပေးပြီး မင်္ဂလာဆောင်ဖိတ်စာ ကိုပေး ပြီးအိမ်အပြင်ပြန်ထွက်သွားပါတယ်။ ကောင်မလေး ဟာ ဖိတ်စာ ကို ၀မ်းနည်းစွာနဲ.ဖောက်ဖတ်ကြည်.တဲ.အခါမှာတော. မယုံနိုင်အောင်ပဲ သူရဲ. နာမည်ကို ဖိတ်စာပေါ်မှာတွေ.ရပါတယ်။ သူ.သူငယ်ချင်းနောက်လိုက်ပြီး အကျိုးအကြောင်းမေးဖို. အိမ်တံခါးကို ဖွင်.လိုက်တဲ.အခါမှာတော. ကောင်လေးဟာ အိမ်တံခါးဝမှာပြုံးပြီး ရပ်နေတာကိုကောင်မလေးတွေ.ရပါတယ်။ စကားမပြောနိုင်သူတွေသုံးတဲ. သင်္ကေတဘာသာနဲ. ကောင်လေး ကပြောလိုက်ပါတယ်။
" ငါဟာ ဒီဘာသာစကားကို သင်ယူဖို. တစ်နှစ်လောက်အချိန်ယူခဲ.ရတယ်။ ငါပေးခဲ.တဲ.ကတိကို မမေ.ဘူး ဆိုတာကို မင်းကိုပြောချင်လွန်းလို.။ မင်းရဲ.ပျောက်ဆုံးသွားတဲ. အသံ ဆို ငါပဲဖြစ်ခွင်.ပေးပါတော.။ မင်းကိုအရမ်းချစ်တယ်။"

ကောင်လေး ရဲ.မပြောတတ်ပြောတတ်နဲ.ပြောတဲ. ဟန်ပန်အမူအရာနဲ. သူမပြန်ပို.ပေးခဲ.တဲ. လက်ထပ်လက်စွပ်လေးကို မြင်လိုက်ရတဲ. အခါ ကောင်မလေး မပြုံးပဲမနေနိုင်တော.ပါဘူး။

Fulling a promise ကိုဆီလျော်အောင်ဘာသာပြန်ပါသည်။ ဘယ်သူရေးမှန်းတော.မသိပါ။
ဗျတ်ဇ

1 comment:

  1. အင်မတန် ကြည်နူးစရာကောင်းတဲ့ ဇာတ်လမ်းလေးပါလားဗျာ။ အင်း...အသံမထွက်တာ.ထွက်တာ အဓိကမှ မဟုတ်တာ။ လူပျိုကြီးတွေကတော့ ဒီလိုဇာတ်လမ်းလေးတွေနဲ့ပဲ ရှင်သန်နေကြရတယ်။ ဟီးး။ ဘယ်နိုင်ငံက ဇာတ်လမ်းလေးလည်းဗျ။ မူရင်း Source ကို ရရင် ဖော်ပြပေးပါဦး။

    ReplyDelete

User Online