Wednesday, March 3, 2010

သမီးလေးနဲ.ပတ်သက်သမျှ ၁။

ကျွန်တော်. သမီးလေးက တစ်ခုခုဆိုရင် ငါး ကိုထည်.ထည်.ပြောတတ်တယ်။ ရေထဲမှာနေတဲ.ငါးကိုပြောတာမဟုတ်ဘူး။ နံပါတ် ငါး ကိုပြောတာ။ သမီးလေး ဖေဖေ. ကို ချစ်လားလို.မေးရင် ဟုတ်ကဲ. လို.ဖြေတယ်။ ဘယ်လောက်ချစ်လဲလို. မေးရင် သူ.လက်ချောင်းလေးတွေထောင်ပြီး ငါးခု ချစ်တယ်လို.ဖြေတယ်။ မူကြို မှာ သမီး ကကြီးခခွေး တွေသင်နေပြီလား။ ဆရာမက ဘာတွေသင်ပေးလဲ။ အိမ်စာတွေပေးသေးလားလို.မေးရင် ငါးခု ပေးတယ်လို.ပဲဖြေတယ်။ သမီးမှာသူငယ်ချင်းဘယ်နှစ်ယောက်ရှိလဲလို. မေးရင် ငါးခု ရှိတယ်လိုဖြေတယ်။ သမီးအိုက်စ်ကရင်မ် စားမလား ။ဘယ်နှစ်ခုစားမလဲလို. မေးရင် ငါးခု လို.ပဲဖြေတယ်။ သူတစ်ခုခု ကစားနေတာ ကြာလို.ရပ်ဖို. ပြောရင်လဲ ငါးခု စောင်.ပါလို.ပြောတယ်။ သူပြောချင်တာက ငါးမိနစ်လို.ပြောတာပါ။ ကျွန်တော်တို. မိသားစု ရေသွားကူးကြပြီဆိုရင်လည်း သူက ကလေးကူးတဲ.ရေကန်ထဲကနေ မတက်ချင်ဘူး။ သမီးရေ အအေးပတ်လိမ်.မယ် တော်တော. လို.ပြောရင် လည်း ငါးခု စောင်. ၊ ငါးခုလေးပဲစောင်. လို.ပြောတတ်တယ်။ ဒီလိုနဲ.ကျွန်တော်လည်း နိုင်ငံခြားမှာ သမီးလေးနဲ.ခွဲပြီးအလုပ်လုပ်ရင်း တာအတော်ကြာသွားတယ်။ အချိန်တွေမြန်လိုက်ပုံက လည်းမယုံနိုင်အောင်ပါပဲ။ သမီးက အခု သူငယ်တန်းကျောင်းသူကြီးကိုဖြစ်နေပြီ။ စကားလည်းအတော်ကိုပီသွားပြီ။ ပီယုံတင်မကဘူး ရေပက်မ၀င်အောင်လည်း ပြောတယ်။ မေးခွန်းတွေလည်းအရမ်းမေးတဲ. အရွယ်ရောက်လာပြီ။ ဖေဖေ သမီးက ဘာနေ.သမီးလဲ လို.မေးတော. ကျွန်တော်က သမီး က တနင်္ဂနွေနေ.မှာ မွေးတော.တနင်္ဂနွေသမီးလေးပေါ. ၊ ဂဠုန် မလေးပေါ.လို.ဖြေလိုက်တယ်။ အမျိုးကောင်းသမီးလေးကနောက်ထပ်မေးခွန်းတစ်ခု ထပ်ရသွားတယ်။ ဂဠုန်ဆိုတာ ဘာလဲလို.မေးပြန်ရော။ ဂဠုန်ဆိုတာ ဟိုးရှေးရှေးတုန်းက ရှိတဲ. နှုတ်သီးအရှည် ကြီးနဲ. လက်သည်းချွန်ချွန်တွေနဲ. ငှက်အကြီးကြီး ပေါ.သမီးရယ်လို. ကျွန်တော်ကပြန်ဖြေရတယ်။ နဂါးတွေကို သူ.ရဲ. လက်သည်းကြီးတွေနဲ. ပင်လယ်ထဲက နေသွားသွားပြီးသုတ်တာလို.ရှင်းပြတယ်။ ဖေဖေ နဂါးဆိုတာ ကကောဘာလည်းဟင် တဲ.။ နဂါးဆိုတာ မြွေအကြီးကြီးပေါ.သမီးရယ်လို.ရှင်းပြရတယ်။ တော်သေးတယ် သုတ် တယ် ဆိုတာဘာလည်းလို. ထပ်မမေးတော.လို.။ ဒါနဲ.သူ.ကိုစကားလမ်းကြောင်းလွှဲပြီး ကျွန်တော်ကမေးခွန်းလေးတွေမေးတယ်။ သမီး အေ ကနေ ဇက်အထိ ကို အကုန်ရပြီဆိုတော. ဖေဖေ.ကို ဆိုပြလို.ပြောလိုက်တယ်။ ဒါနဲ.သူကဆိုပြပါတယ်။ အေ အက်ပဲလ် ၊ ဘီဘောလ် ၊ စီ ကက်တ် …. ဒီဒေါ.ဂ် …….ပြီးလည်းပြီးရော ကျွန်တော်. ကို မေးခွန်းတစ်ခုထမေးတယ်။ ရုတ်တရက်ဆိုတော. ဘယ်ကနေဘယ်လိုစဖြေရမှန်းမသိဘူးဖြစ်သွားတယ်၊ ကျွန်တော်တော်တော်အကြပ်ရိုက်သွားတယ်။ ဖေဖေ ဂဠုန် ကိုရော အင်္ဂလိပ်လို ဘယ်လိုခေါ်လည်းဟင်တဲ.။ ဂဠုန် ကို အင်္ဂလိပ် လို အင်း .. အဲ ..ဟို .. နဲ. ကျွန်တော်တော်တော်ပြန်စဉ်းစားယူရတယ်။ ကျွန်တော်တို. ၁၀ တန်းတုန်းက တော. Galon Bird လို.သင်ရတယ်ထင်တာပဲ။ သက္ကတလိုကတော. Garuda လို.ခေါ်တယ်။ ဒါပေမယ်. သမီးရဲ. ဦးနှောက်သေးသေးလေး နဲ. အဲဒီလို သက္ကတဘာညာ စကားလုံးအကြီးကြီးတွေ ဘယ်မှတ်မိနိုင်ပါ.မလဲ။ ဒါနဲ. သမီးရေ ဂဠုန်ကို အင်္ဂလိပ်လို ဂဠုန်လို.ပဲ ခေါ်တယ် လို.ပဲပြောလိုက်ရတော.တယ်။ သမီးကြီးလာရင်တော. သူ.ဟာသူသိသွားမှာပါ။ မဟုတ်ဘူးလား။ အခုသူက သူငယ်တန်းကျောင်းသူကြီးဖြစ်လာ ပြီဆိုတော. အရင်ကလို ငါးခု မလုပ်တော. ဘူး။ ငါးမိနစ် ၊ ငါးယောက်၊ ငါးခါ၊ အဲဒီလိုမျိုး ယူနစ်တွေကို မှန်အောင်ပြောနိုင်လာပြီ။ သူ ကစားနေတဲ.အချိန်ဆိုလို.ကတော. ခေါ်လို.မရဘူး။ ငါးမိနစ်ပဲစောင်. ဖေဖေငါးမိနစ်ပဲစောင်. ဆိုပြီး ကစားနေတာ မပြီးတော.ဘူး။ ကဲသမီးရေ သွားရအောင်နော် ဆိုပြီးထပ်ခေါ်လဲ နောက်ထပ်ငါးမိနစ်ပဲစောင်. ငါးမိနစ်လေးပဲစောင်. ဆိုပြီး ပြောတယ်။ သူ.ငါးမိနစ် က အနည်းဆုံး နာရီဝက်ကြာတယ်။ ရေကူးကန်ထဲရောက်ရင်လည်း အဲဒီအတိုင်းပဲ ၊ ငါးမိနစ်လေးပဲစောင်.ဆိုတာချည်းပဲ။တရက်ကျွန်တော်တို. မိသားစု ရွှေတိဂုံဘုရား ကိုသွားကြတယ်။ သမီးကလည်းဦးတော်တွေဘာတွေ ချလို.ပေါ.။ ဘုရားကို လေး ကြိမ် လောက်ပတ်အပြီးမှာတော. သမီးက ခေါင်းလောင်းထိုးတယ်။ သူကခေါင်းလောင်းထိုးရတာ သိပ်ကြိုက်လားတော.မသိဘူး။ ခွာကိုမခွာတော. ဘူး ခေါင်းလောင်းကို ဆက်တိုက်ကို ထိုးနေတော.တာ ။ ကဲပါသွားရအောင်သမီးရေလို.ပြောရင် .. ငါးခါပဲ ဖေဖေ ငါးခါပဲ .. လို.ပြောတယ်။ ပြီးရင်ဆက်ထိုးနေကော .. မပြီးတော.ဘူး။ ဒီလိုနဲ. ငါးခါပေါင်း ၄ ခါလောက်ရှိသွားတော. ကျွန်တော်စိတ်မရှည်တော.ဘူး။ ကျွန်တော်.မှာ သူငယ်ချင်းတွေနဲ. ဘီယာသောက်ရင်းဘောလုံးပွဲ ကြည်.ဖို.ချိန်းထားတာလည်းရှိသေးတော. အိမ်ကိုပြန်ချင်နေပြီ။ နောက်တော.သမီးကို ကျွန်တော်က ငေါက်လိုက်တယ်။ ကဲပြောနေတာမရဘူးလားဘာညာပေါ.။ အဲဒီအချိန် အနားကို ကျွန်တော.် ထက် ၇ နှစ် ဂ နှစ်လောက်ကြီးမယ်လို.ထင်ရတဲ. လူတစ်ယောက်က ရောက်လာတယ်။ မင်း..သမီးလေး ခေါင်းလောင်းထိုးချင်နေတာ ပေးထိုးလိုက်ပါညီလေး ရာ .. တဲ.။ ငါကြည.်နေတာကြာပြီ ၊ မင်း သမီးလေး ကတော်တော်ချစ်ဖို.ကောင်းတယ်ကွလို.ပြောတယ်။ အကိုကြီး ပုံစံက လူကြီးလူကောင်းပုံပါပဲ။ ရည်ရည်မွန်မွန်လည်းရှိတယ်။ ဒါနဲ.ကျွန်တော်တို.စကားပြောဖြစ်ကြတယ်။ မင်း ရဲ. သမီးလေးက ငါ.ရဲ.သမီးလေးနဲ. အရမ်းတူတာပဲကွတဲ.။ ငါ.သမီးလေးက လည်း ဘုရားရောက်ရင် ခေါင်းလောင်းထိုးရမှ .. ခေါင်းမထိုးရရင် ဂျီအရမ်းကျတယ် လို.ပြောတယ်။ အကို. သမီးလေး က အခုမပါဘူးလားလို. .ကျွန်တော် က သူ.ကိုမေးကြည်.လိုက်တယ် ။ သူပြန်ဖြေတဲ. အဖြေက ကျွန်တော်. ကို တော်တော် တုန်လှုပ်သွားစေပါတယ်။ ငါ.သမီးလေး တုတ်ကွေးမိပြီး ဆုံးသွားတာ ..နိုဝင်ဘာဆိုရင် တစ်နှစ်ပြည်.တော.မယ်ညီလေးရ .. .. အခုနေများ ငါ.သမီးလေး ခေါင်းလောင်းထိုးချင်ရင် မင်းရဲ.သမီးလေးလို ငါးခါမပြောနဲ. အကြိမ်ငါးရာ ထိုးရင်တောင် ငါ ထိုင်စောင်.နိုင်ပါတယ်ကွာတဲ.။ လောက မှာ အလကားမဟုတ်ရင်တောင် လွယ်လွယ်ကူကူ ရနေတဲ.အရာတွေအများကြီးရှိတယ်။ နေရောင်ခြည်၊ လေ ၊ ရေ၊ ချစ်ခြင်းမေတ္တာ ၊ စသဖြင်. ပေါ.လေ။ အဲဒီထဲမှာမှ အချိန် လည်းပါတယ်။ လူတိုင်းဟာသေကြမှာပဲ။ ကုန်ဆုံးသွားတဲ.အချိန်တွေကို ပြန် ရဖို. ဆိုတာဖြစ်ကိုမဖြစ်နိုင်တော.ပါဘူး။ တစ်ချိန်လုံး ဒီငွေနောက်ကို ပဲလိုက်နေရတာ မောလာပြီ။ ဘ၀မှာပြန်မရနိုင်တော. တဲ. ပျော်ရွှင်မှုလေး တွေကို ကျွန်တော်တို.က ငွေဆိုတဲ.အရာနဲ.လဲပစ်နေတာကိုး။ ကျွန်တော်နောက်ဘယ်တော.မှ နိုင်ငံခြားမှာ သွားပြီးအလုပ်မလုပ်တော.ဘူး။




2 comments:

  1. ကိုဗျတ်ဇရေ...
    ချစ်စရာလေးဗျာ...သမီးလေးက...း)
    ပန်းလေးပန်ထားတဲ့ပုံလေးကို အချစ်ဆုံး.....း))
    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete
  2. ကျေးဇူးတင်ပါတယ် ကိုဏီလင်းညိုရေ။

    ReplyDelete

User Online