Tuesday, December 8, 2009

ထူးချွန်ထက်မြက်သောပုဂ္ဂိုလ်တို.၏အလေ.အထ (၇) ရပ်

ကျွန်တော် Stephen R. Covey ရဲ. The Seven Habits of Highly Effective People ကိုကြိုးစားပြီး ဘာသာပြန်ကြည်.ပါမယ်။ ဘယ်သူမှ မပြန်ရသေးဘူး လို.ထင်ပါတယ်။စာအုပ်နာမည်က The Seven Habits of Highly Effective People ဆိုတော. ခေါင်းစဉ်ပေးဖို. စဉ်းစားတဲ.အခါ စွမ်းဆောင်ရည်မြင်. ပုဂ္ဂိုလ်တို. ၏ အလေ.အထ (၇) ရပ်လို. ပေးရမလား၊ လူတော်လူကောင်းများ၏ အလေ.အထ (၇) ရပ် လို.ပေးရမလားစသဖြင်.သို.လောသို.လော ဖြစ်ခဲ.ပါတယ်။နောက်ဆုံးမှာ တော. ဖတ်ရတာလဲမထောက်အောင် အဆင်လည်းပြေအောင် ထူးချွန်ထက်မြက်သောပုဂ္ဂိုလ်တို.၏အလေ.အထ (၇) ရပ် လို.အမည်ပေးလိုက်ပါတယ်။ အမှားများပါရှိခဲ.ရင် စာရေးသူ၏ အပြစ်မဟုတ်ဘဲ ဘာသာပြန်သူကျွန်တော်၏ လိုအပ်ချက်များသာဖြစ်ပါလိမ်.မည်။

ဗျတ်ဇ



Stephen R. Covey ၏ ကိုယ်ရေး အကျဉ်း

Stephen R. Covey ကို ၁၉၃၂ အောက်တိုဘာ ၂၄ ရက်နေ.တွင် အမေရိကန်ပြည်ထောင်စု Utah ရှိ Salt lake City တွင်မွေးဖွားခဲ.သည်။ကမ္ဘာ.အရောင်းရဆုံးစာရင်း ၀င် The Seven Habits of Highly Effective People နှင်. First Things First, Principle-Centered Leadership, and The Seven Habits of Highly Effective Families အစရှိသည်. စာအုပ်ကောင်းများကို ရေးသားခဲ.သည်။ ၁၉၉၇ တွင် Covey Leadership Center ကိုတည်ထောင်ခဲ.ပြီး နောင်တွင် Franklin Quest Company နှင်.ပူးပေါင်းကာ Franklin Covey ဟူ၍ဖြစ်လာခဲ.သည်။ Stephen Covey သည် University of Utah မှ Business Administration ဘွဲ.၊ Harvard University မှ MBA မဟာဝိဇ္ဖာဘွဲ. နှင်. Brigham Young University မှ ချီးမြှင်.သော ဒေါက်တာဘွဲ.များကို ရရှိခဲ.သည်။ သားသမီး ၉ ယောက်တို.၏ဖခင် ၊ မြေး ၅၁ ယောက်တို.၏အဖိုးဖြစ်၍ ဇနီးဖြစ်သူ Sandra Covey နှင်. Utah ရှိ Provo မြို.တွင် နေထိုင်လျက်ရှိသည်။









ထူးချွန်ထက်မြက်သောပုဂ္ဂိုလ်တို.၏အလေ.အထ (၇) ရပ်


အလေ.အထ ၁ ။ ထကြွလှုပ်ရှားရန်အားသန်ပါ။
အလေ.အထ ၂ ။ အဆုံးတိုင်အောင်စတင်တွေးဆပါ။
အလေ.အထ ၃ ။ အရင်ကိစ္စများကို အရင်ဆုံးဆောင်ရွက်ပါ။
အလေ.အထ ၄ ။ မိမိလည်းအကျိုးရှိစေ သူတပါးလည်း အကျိုးရှိစေရန်တွေးတောပါ။
အလေ.အထ ၅ ။ အပြန်အလှန်နားလည်မှုရရှိရန်ကြံဆောင်ပါ။
အလေ.အထ ၆ ။ ပေါင်းစည်း၍ ဆောင်ရွက်ပါ။
အလေ.အထ ၇ ။ အသွားထက်အောင်သွေးပါ။

အလေ.အထ (၇) ရပ် ကို ခြုံငုံသုံးသပ်ခြင်း

We are what we repeatedly do. Excellence, then, is not an act, but a habit.
-- Aristotle

ကျွန်ုပ် တို.သည် ကျွန်ုပ်တို.ကိုယ်တိုင် ကြိမ်ဖန်တလဲလဲ လုပ်ဆောင်နေမှု၏ ရလဒ်များဖြစ်ကြ၏။ ထို.ကြောင်. အကောင်းဆုံး ဆိုသည်. အရာ မှာ လုပ်ရပ်တစ်ခု မဟုတ်ဘဲ အလေ.အထ တစ်ရပ်သာဖြစ်ချေ၏။
အရစစ္စတိုတယ်။

Our character, basically, is a composite of our habits. "Sow a thought, reap an action; sow an action, reap a habit; sow a habit, reap a character; sow a character, reap a destiny," the maxim goes.
Habits are powerful factors in our lives. Because they are consistent, often unconscious patterns, they constantly, daily, express our character and produce our effectiveness or ineffectiveness.
As Horace Mann, the great educator, once said, "Habits are like a cable. We weave a strand of it everyday and soon it cannot be broken." I personally do not agree with the last part of his expression. I know they can be broken. Habits can be learned and unlearned. But I also know it isn't a quick fix. It involves a process and a tremendous commitment.
Those of us who watched the lunar voyage of Apollo 11 were transfixed as we saw the first men walk on the moon and return to earth. Superlatives such as "fantastic" and "incredible" were inadequate to describe those eventful days. But to get there, those astronauts literally had to break out of the tremendous gravity pull of the earth. More energy was spent in the first few minutes of lift-off, in the first few miles of travel, than was used over the next several days to travel half a million miles.
Habits, too, have tremendous gravity pull -- more than most people realize or would admit. Breaking deeply imbedded habitual tendencies such as procrastination, impatience, criticalness, or selfishness that violate basic principles of human effectiveness involves more than a little willpower and a few minor changes in our lives. "Lift off" takes a tremendous effort, but once we break out of the gravity pull, our freedom takes on a whole new dimension.

အခြေခံအားဖြင်. ကျွန်ုပ်တို.၏အကျင်.စရိုက်များ သည် ကျွန်ုပ်တို.၏ အလေ.အထများကို ပေါင်းစုဖွဲ.စည်းထားခြင်းသာဖြစ်ပေ၏။စိတ်ကူး ကိုမျိုးစေ.ချ၊ လုပ်ရပ်ကို ဆွတ်ခူး ၊ လုပ်ရပ်ကိုမျိုးစေ.ချ ၊ အလေ.အထကိုဆွတ်ခူး ၊ အလေ.အထကို မျိုးစေ.ချ ၊ အကျင်.စရိုက်ကို ဆွတ်ခူး ၊ အကျင်.စရိုက်ကို မျိုးစေ.ချ၊ ကံကြမ္မာကို ဆွတ်ခူး ဟူသော နီတိတစ်ခု ရှိလေသည်။ အလေ.အထများ သည် ကျွန်ုပ်တို. ၏ လူမှုဘ၀များအတွက် အစွမ်းထက်သော အခြေခံအကြောင်းရင်းများဖြစ်ကြသည်။အဘယ်ကြောင်.ဆိုသော် အလေ.အထများသည် စွဲမြဲ သည် ၊ ရံဖန်ရံခါ ကျွန်ုပ်တို. သတိမမူမိသော ပုံစံတမျိုးမျိုးဖြင်.ရှိနေတတ်သည်။အလေ.အထများ သည် ကျွန်ုပ်တို.၏ စရိုက်လက္ခဏာများ ၊ ကျွန်ုပ်တို.၏ စွမ်းဆောင်ရည် နိမ်.ပါးမှု ၊ မြင်.မား မှု များစသည်တို. ကို စဉ်ဆက်မပြတ် နေ.စဉ်နှင်.အမျှ ဖော်ထုတ်ပြသလျှက်ရှိသောကြောင်ဖြစ်လေ၏။
" အလေ.အထ ဆိုတာ ကြိုးတစ်ချောင်းလိုပဲ ။ ကျွန်ုပ်တို. ဟာ နေ.စဉ်နဲ.အမျှ ကြိုးမျှင်လေးတစ်ချောင်းစီ ထပ်ထပ်ကျစ်ပေးနေကြတယ်။နောက်ဆုံးတော. အဲဒီကြိုး ဟာ ဖြတ်တောက်လို.မရနိုင်အောင်ဖြစ်သွားတော.တယ်။ " ဟု ပညာရှိကြီး ဟိုးရေ.စ်မန်းက ပြောခဲ.ဖူးသည်။ကျွန်ုပ်အနေနဲ. သူ.ပြောခဲ.တဲ. အဆိုအမိန်.ရဲ. နောက်ဆုံးပိုင်း ကို တော. လက်ခံနိုင်ခြင်းမရှိပါ။ ကြိုးတွေကို ဖြတ်တောက်ပစ်လို. ရပါသည်။ အလေ.အထများကို သင်ကြား၍ရသလို မသင်ကြား၍လည်းရပါသည်။ သို.ရာတွင် လွယ်ကူစွာ သင်ကြား ၊ ဖျောက်ဖျက်ပစ်လို.တော.ရသည်တော.မဟုတ်ပါ။လုပ်ငန်းစဉ် သို.မဟုတ် လုပ်ထုံးလုပ်နည်း ၊ မဖြစ်နေလုပ်ဆောင်ရမည်. များပြားလှသော က၀တ်များ ပါဝင်လေသည်။
အာကသ လွန်းပျံယာဉ် အပိုလို ၁၁ လကမ္ဘာပေါ်ကို ရောက်ရှိ ၍ ပထမဆုံး လူသား တစ်ယောက် က လကမ္ဘာပေါ်မှာ ခြေချပြီး ကမ္ဘာမြေပြင်ပေါ်ကို ပြန်လာသည်ကို ကျွန်ုပ်တို. အံ.သြဘနန်း မှင်တက်ပြီး ကြည်.ရှုခဲ.ကြရသည် ။ထိုသမိုင်းဝင်နေ. ရက်အတွက် အံ.သြဘွယ်ရာကောင်းသော ၊ အင်မတန်ကြီးကျယ်သော ၊
မယုံကြည်နိုင်လောက်ဖြစ်သော စသည်. အမွှန်းတင်စကားလုံးများ ပင် မလုံလောက်နိုင်ခဲ.ပေ။ သို.သော် ထိုအာကသယာဉ်မှုးများသည် လကမ္ဘာဆီ သို. သွားရန်အတွက် ဧရာမ ကမ္ဘာ.ဆွဲအားမှ လွတ်မြောက်ဆန်တက် ရန်အတွက် ကြီးစွာအားထုတ်ခဲ.ကြရလေသည်။ထိုအာကသလွန်းပျံယာဉ် စတင် လွှတ်တင်ချိန်နှင်. ပထမမိုင်အနည်းငယ် အတွက် သုံးစွဲခဲ.သည်.စွမ်းအင်သည် နောက်ပိုင်း ခရီးမိုင် သန်းတစ်ဝက် ခန်.တွင်သုံး စွဲခဲ.သောစွမ်းအင် ထက်ပိုမိုများပြားခဲ.လေသည်။အလေ.အထများ တွင် လည်း လူများ သိရှိ၍သတိပြုမိကြသည် (သို.မဟုတ်) ၀န်ခံတတ်ကြသည်ထက် ပို၍ကြီးများသော ဆွဲအားရှိသည်။ အလုပ်ကို အချိန်ဆွဲခြင်း၊ နေ.ရွှေ.ညရွှေ.လုပ်ခြင်း ၊ စိတ်မရှည်ခြင်း ၊ ဝေဖန်ပြစ်တင်ခြင်း ၊ တကိုယ်ကောင်းဆန်ခြင်း စသည်. ကျွန်ုပ်တို.တွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသည်. ၊ လူတစ်ယောက်၏ အခြခံ စွမ်းဆောင်ရည်များကို အနှောက်အယှက်ပြုနေသည်. အကျင်.များကို တော်ရုံသင်.ရုံ စိတ်စွမ်အား ရှိရုံ ၊ ဘ၀ကို အနည်းငယ်မျှ အပြောင်းအလဲ ပြုလိုက်ရုံဖြင်. ဖျက်ဆီးပစ်ရန်မဖြစ်နိုင်ချေ။ဆွဲအားမှ လွတ်မြောက်ရန်အတွက် ကြီးမားသော လုံ.လကိုစိုက်ထုတ်ရန်လိုအပ်ပေသည်။ ထိုဆွဲအားမှ ရုန်းထွက် လွတ်မြောက်သည်နှင်. တစ်ပြိုင်နက် ကျွန်ုပ်တို.သည် လွတ်လပ်ခြင်း ကို အတိုင်းအတာအသစ်တစ်ခု နေနှင်. ရရှိနိုင်မည်ဖြစ်၏။


ဆက်ရန် ဗျတ်ဇ

Wednesday, December 2, 2009

ချစ်ဇနီးလေးယောက်

ဒီဇာတ်လမ်းလေးက တကယ့်အဖြစ်အပျက်ပါတဲ့။ ဘယ်ဆီဘယ်တုံးကမှန်းမသိရတဲ့
ကာလတစ်ခုကပဲလို့ ထားပါတော့ဗျာ။ မယားလေးယောက်ရှိတဲ့ ကုန်သည်တစ်ယောက်အကြောင်းပါ။
ဒီဇာတ်လမ်းလေးကို သူသေခါနီးဆဲဆဲမှာ ရေးခဲ့တာပေါ့။ မယားလေးယောက်နဲ့လူရဲ့
ဖွင့်ဟ၀န်ခံချက်လို့လဲ ဆိုချင်ဆိုနိုင်ပါတယ်။

ဒီလိုပါ။ စောစောက ပြောတဲ့အတိုင်းပဲ သူ့မှာ မယားလေးယောက်ရှိပါတယ်။
အဲဒီလေးယောက်ထဲမှာ လေးယောက်မြောက်မယားကို သူက အချစ်ဆုံးပါတဲ့။ သူလေးအတွက်ဆိုရင်
ကောင်းပေ့ ညွန့်ပေ့ဆိုတဲ့ အ၀တ်အစားတွေ ဆင်တယ်။ သူလေးကို အနူးညံ့ဆုံး
အပျော့ပြောင်းဆုံး ဆက်ဆံတယ်။ သူ့မှာ ရှိသမျှ အကောင်းဆုံးဆိုတဲ့ အရာတွေကို
သူလေးအတွက် ရည်ရွယ်ပါတယ်တဲ့။

တတိယမယားကိုကျတော့လဲ သူသိပ်ချစ်တာပဲတဲ့။ ဒီမယားလေးကတော့ သူ့အတွက်
ဂုဏ်ယူစရာတစ်ခုပါတဲ့။ သူလေးနဲ့တွဲပြီး မိတ်ဆွေအပေါင်းအသင်းတွေကြား ပွဲတက်ရတာ
အတော်ကျေနပ်ဖို့ကောင်းဆိုပဲ။ ဒါပေမယ့် သူလေး ဘယ်အချိန်မှာများ ဘယ်သူနဲ့
လိုက်ပြေးသွားမလဲလို့ သူ့မှာ အမြဲစိတ်တထင့်ထင့်နဲ့ စိုးရိမ်နေရပါတယ်တဲ့။

ဒုတိယဇနီးကိုလည်း သူက ချစ်တာပဲတဲ့။ အင်း.. အချစ်တွေ တယ်ပေါနော်။ သူလေးကတော့
သိပ်ကိုကြင်နာတက်ပြီး အကူအညီအရမ်းရတဲ့ မိန်းမပါတဲ့။ အမြဲလည်း သည်းခံတက်တယ်။
တကယ်တော့ သူလေးဟာ သူ့ရဲ့ တီးတိုးဖော် တိုင်ပင်ဖက်ပါတဲ့။ ကြမ်းတမ်းခက်ခဲမှုတွေ
ကြုံလာရတဲ့အခါတိုင်း သူ့ကိုကူညီပြီးတော့ အခက်အခဲတွေကို
ရင်ဆိုင်ဖြေရှင်းပေးတက်သူပါတဲ့။

ပထမ မယားကြီး။ သူကတော့ သိပ်ကို သစ္စာရှိတဲ့ အဖော်ပါတဲ့။ သူ့ရဲ့
စည်းစိမ်ဥစ္စာရှာဖွေမှုတွေ စီးပွားရေးလုပ်ငန်းတွေမှာ
အများဆုံးကူညီအကျိုးပြုခဲ့တဲ့ ဇနီးသည်တစ်ယောက်ပေါ့။ တစ်အိမ်လုံးရဲ့
ကိစ္စ၀ိစ္စတွေကိုလည်း သူပဲ စီမံခန့်ခွဲတာတဲ့။ ဒါပေမယ့်ပေါ့ဗျာ။ အဲဒီ
ပထမမယားကြီးကိုကျတော့ သူက မချစ်ဘူးတဲ့ဗျ။ ဟိုကတော့ သူ့ကို တကယ့်ကို
နှစ်နှစ်ကာကာ ချစ်ရှာပါတယ်။ သူကတော့ တစ်ခါတစ်လေမှာ ရှိတယ်လို့တောင် အမှတ်မထား
ဂရုမစိုက်မိတက်ပါဘူးတဲ့။

တစ်နေ့မှာတော့ ကုန်သည်ဟာ နာမကျန်းဖြစ်လာပါတယ်။ သိပ်မကြာခင်အချိန်အတွင်းမှာပဲ
သူဟာ သေရတော့မယ်ဆိုတာကို သဘောပေါက်လာပါတယ်တဲ့။ စည်းစိမ်ဥစ္စာတွေ
ပြည့်စုံကြွယ်ဝတဲ့ သူ့ဘ၀အကြောင်းကို စဉ်းစားမိလာပါတယ်။ အင်းပေါ့
မယားလေးယောက်အကြောင်းလဲ ပါတာပေါ့။ သူက “အခုငါ့မှာ မယားလေးယောက်တောင်ရှိနေတယ်။
ဒါပေမယ့် ငါသေသွားရင် တမလွန်မှာ ငါတစ်ယောက်ထဲ ဖြစ်နေတော့မှာပဲ။ အရမ်းကို
အထီးကျန်မှာပဲ” လို့ စဉ်းစားမိသတဲ့။

အဲဒါနဲ့ပဲ သူ့ရဲ့အချစ်ဆုံး စတုတ္ထမယားလေးကိုခေါ်ပြီး ပြောပါတယ်။ “မိန်းမရေ
မင်းကို ကိုယ်အချစ်ဆုံးပါ။ မင်းအတွက်ဆို ကောင်းပေ့ညွန့်ပေ့ဆိုတဲ့ အ၀တ်အစားတွေ
ပုံအောပေးခဲ့တယ်။ မင်းကိုလည်း အရမ်းကို ဂရုစိုက်ခဲ့တယ်။ အခုတော့
ကိုယ်သေရတော့မယ်။ မင်း ကိုယ်နဲ့လိုက်ပြီး အဖေါ်လုပ်ပေးနိုင်မလားကွယ်”
“ဟင့်အင်း လုံးဝမဖြစ်နိုင်ပါဘူး” သူလေးက ပြန်ပြောပါတယ်။ နောက်ထပ်လည်း
စကားတစ်ခွန်းတောင် ထပ်မပြောတော့ပဲ အနားကထွက်သွားပါသတဲ့။

ဒီအဖြေဟာ သူ့ရဲ့နှလုံးသားကို ဓါးထက်ထက်နဲ့ မွှန်းလိုက်သလိုပါပဲတဲ့။ ကုန်သည်ဟာ
သိပ်ကို ၀မ်းနည်းကြေကွဲသွားပြီး တတိယ မယားကို ခေါ်ပြီး ပြောပြန်ပါတယ်။
“မိန်းမရေ ကိုယ့်ဘ၀တစ်လျှောက်လုံးမှာ မင်းကို သိပ်ချစ်ခဲ့ပါတယ်။ အခုတော့
ကိုယ်သေရတော့မယ်။ မင်း ကိုယ်နဲ့လိုက်ပြီး အဖေါ်လုပ်ပေးနိုင်မလားကွယ်” “ဟင့်အင်း
မဖြစ်နိုင်ပါဘူးရှင်” တတိယမယားက ပြန်ပြောပါတယ်။ “ဘ၀ဆိုတာ ရှင်သန်နေရတာ
သိပ်ကိုပျော်ရွှင်ဖို့ကောင်းပါတယ်။ ရှင်သေသွားခဲ့ရင် ကျမကတော့
နောက်အိပ်ထောင်ပြုမှာပါ”
ကုန်သည်ရဲ့ နှလုံးသားဟာ ကွဲအက်ကြေမွသွားပြီး အေးခဲသွားခဲ့ပါတယ်။

သူက တတိယ မယားကို ခေါ်ပြီးမေးပြန်ပါတယ်။ “မိန်းမရေ ကိုယ် အကူအညီလိုတဲ့အခါတိုင်း
မင်းဆီကို လာခဲ့တယ်နော်။ မင်းကလဲ ကိုယ့်ကို အမြဲတမ်း ကူညီပေးခဲ့တယ်။ အခု
ကိုယ်မင်းရဲ့ အကူအညီကို လိုနေပြန်ပြီကွယ်။ ကိုယ်သေသွားတဲ့အခါ မင်း
ကိုယ်နဲ့လိုက်ပြီး အဖေါ်လုပ်ပေးနိုင်မလားဟင်”
“မဖြစ်နိုင်ပါဘူးရှင်၊ ဒီတစ်ခါတော့ အစ်ကို့ကို ကျမ မကူညီနိုင်တော့ပါဘူး”
တတိယဇနီးသည်က ပြန်ဖြေပါတယ်။ “ကျမအလွန်ဆုံးလုပ်ပေးနိုင်တာကတော့ အစ်ကို့ရဲ့
နောက်ဆုံးခရီးကို လိုက်ပို့ပေးနိုင်တာ တစ်ခုပါပဲ”
ဒီအဖြေဟာ မိုးကြိုးသွားတစ်ခုလို သူ့ရဲ့ နှလုံးသားကို ချေမွဖျက်ဆီးလိုက်ပြီး
သူဟာ ၀မ်းနည်းပက်လက်နဲ့ ယူကြုံးမရဖြစ်သွားပါတယ်တဲ့။

အဲဒီအချိန်မှာပဲ အသံတစ်သံက ပြောပါတယ်။ “ကျမ ရှင်နဲ့အတူ သွားပါ့မယ်။
ရှင်ဘယ်ကိုပဲ သွားသွား ကျမအတူလိုက်ခဲ့ပါမယ်” ကုန်သည်က
မော့ကြည့်လိုက်တဲ့အခါမှာတော့ အစာအဟာရ မပြည့်ဝတဲ့လူတစ်ယောက်လို ပိန်လှီပြီး
အရိုးနဲ့အရေပဲ ဖြစ်နေတဲ့ သူ့ရဲ့ ပထမဇနီးသည်ကို တွေ့လိုက်ရပါတယ်တဲ့။ အဲဒီတော့မှ
ကုန်သည်ဟာ ၀မ်းနည်းကြေကွဲစွာနဲ့ ပြောရှာပါတယ်။ “ကိုယ်
ဂရုစိုက်နိုင်တဲ့အချိန်တုံးက မင်းကို အခုထက်အများကြီး ပိုပြီး
ဂရုစိုက်ခဲ့သင့်တာပါကွယ်”

အခုတော့ ကုန်သည်ဟာ သေဆုံးသွားလောက်ရောပေါ့။ သူ့ရဲ့ ပထမဇနီးသည်လဲ သူနဲ့အတူ
လိုက်သွားလောက်ရောပေါ့ဗျာ။

တကယ်တော့ ကျနော်တို့အားလုံးရဲ့ ဘ၀မှာ မယားလေးယောက်စီ ရှိပါသတဲ့

၁။ စတုတ္ထမယားဆိုတာ ကျနော်တို့ရဲ့ ရုပ်ခန္ဓာကိုယ်ပါတဲ့။ ဘယ်လောက်ပဲ သူ့ကို
ကြိုးစားပမ်းစား ရက်ရက်ရောရော အလှဆင်ပေမယ့် ကျနော်တို့သေဆုံးသွားတဲ့အခါ
ကျနော်တို့ကို စွန့်ခွာသွားမှာပါပဲတဲ့။

၂။ တတိယမယားဆိုတာ ကျနော်တို့ရဲ့ ပိုင်ဆိုင်မှုတွေ ရာထူးဂုဏ်သိမ်
စည်းစိမ်ဥစ္စာတွေပါတဲ့။ ကျနော်တို့ သေဆုံးသွားတဲ့အခါ တခြားသူတွေဆီကို
ရောက်သွားမယ့် အရာတွေပါတဲ့။

၃။ ဒုတိယ မယားဆိုတာကတော့ ကျနော်တို့ရဲ့ မိသားစုတွေနဲ့ မိတ်ဆွေသင်္ဂဟတွေပါတဲ့။
ရှင်သန်နေထိုင်စဉ်အတွင်းမှာ ဘယ်လောက်ပဲ ရင်းနှီးချစ်ကျွမ်းဝင်မှုတွေရှိကြပေမယ့်
သူတို့တစ်တွေ အလွန်ဆုံး အတူရှိနေနိုင်တဲ့အချိန်ဟာ ကျနော်တို့ရဲ့
နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ချိန် အထိပါပဲတဲ့။

၎။ ပထမ မယားကြီးဆိုတာကတော့ ကျနော်တို့ရဲ့ စိတ်ဝိညာဉ်ပါတဲ့။ ရုပ်ဝတ္ထုတွေ
စည်းစိမ်ချမ်းသာတွေနဲ့ ကာမဂုဏ်အာရုံတွေနောက်ကို ကောက်ကောက်ပါအောင် လိုက်ရင်း
အမြဲလိုလို မေ့လျှော့ ဥပေက္ခာပြုထားခြင်းခံနေရတဲ့ အရာပါတဲ့။

စဉ်းစားကြည့်လိုက်ပါ။ တကယ်တော့ စိတ်ဝိညာဉ်ကသာ ကျနော်တို့ ဘယ်သွားသွား
အမြဲအတူလိုက်နေမယ့် အရာပါ။ အိပ်ယာပေါ်မှာ သေငယ်ဇောနဲ့ မျောနေမယ့်
အချိန်အထိမစောင့်ပဲနဲ့ အခုကတည်းက သူ့ကို ကျန်းမာသန်စွမ်းလာအောင်
လေ့ကျင့်ပျိုးထောင်ထားဖို့ဆိုတာ အကြံကောင်း ဥာဏ်ကောင်းတစ်ခု မဟုတ်လားဗျာ။

(အင်တာနက်မှာ တွေ့ရတဲ့ စာလေးတစ်ပုဒ်ကို ဆီလျှော်အောင် ဘာသာပြန်ထားတာပါ။)

ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

သူငယ်ချင်းတစ်ယောက် ပို.လိုက်တဲ.အီးမေးလ်ထဲကရတာလေးပါ။

Saturday, November 28, 2009

အခမ်းနားဆုံးအရာ


ပြီးခဲ.တဲ.တစ်ရက်က ကျွန်တော် Telecommunications ကုပ္မဏီ တစ်ခုကို အလုပ်ကိစ္စနဲ. သွားရပါတယ်။ နေရာ က နည်းနည်းဝေးတော. ကျွန်တော် ရထားနဲ. သွားတယ်။ ပြီးတော. တက္ကစီပြန်စီးတယ် ။ တက္ကစီမောင်းတဲ. သူက အင်ဒီးယန်း တစ်ယောက်ပါပဲ။ အသက်ခပ်ငယ်ငယ်ပဲရှိဦးမယ်။ ကျွန်တော်သွားချင်တဲ.နေရာ ကို အတိုဆုံး လမ်း အမှန်ဆုံးလမ်းက နေသူမောင်းပေးခဲ.ပါတယ်။ များသောအားဖြင်. တက္ကစီသမားတွေက သူတို.မီတာ ခတက်အောင်လို.၊ကော်မရှင်များများရအောင်လို.ပတ်မောင်းကြတာများပါတယ်။ ဒီတစ်ယောက်ကတော. အဲဒီလိုမဟုတ်ပါဘူး။ ကျွန်တော် ကိုယ်တိုင်ကလည်း အဲဒီနေရာကို အမြဲ သွားနေကြမို. ဘယ်လမ်းကသွားရင်ဖြင်.မှန်တယ်။ ဘယ်လမ်းကသွားရင် ပိုဝေးတယ် စသဖြင်.ခွဲတတ်ပါတယ်။ ကျွန်တော်သွားချင်တဲ. ကုပ္မဏီ ကို ရောက်တော. ကားခရှင်းဖို.လုပ်ပါတယ်။ ကားခ က ၂၁ ကျပ် ခွဲ ကျပါတယ်။ ကျွန်တော်.မှာ က လည်းတစ်ရာတန်ပဲပါတယ်။သူ.မှာကအမ်းစရာမပါဘူး။ ဒါနဲ. သူကပိုက်ဆံကိုတခြား တက္ကစီသမားတစ်ယောက် ဆီက လဲပါတယ်။ ကျွန်တော်အာရုံကအဲဒီကို ရောက်နေတာနဲ. ဖုန်းကို ဘေးမှာချထားတာကိုမေ.သွားပါတယ်။ ကားခလဲရှင်းပြီးရော ကျွန်တော် က ကုပ္မဏီ အဆောက်အအုံထဲ ကို ကော.ကော.ကော. ကော.နဲ. ၀င်သွားပါတယ်။ အဲဒီအချိန်ကားတွေက အတော်.ကို ကြပ်နေပါတယ်။ ကျွန်တော် အဆောက်အအုံထဲ မရောက်ခင်မှာ အနောက်က ဟွန်းသံရှည် အကျယ်ကြီးကို ကြားရပါတယ်။ ကိုယ်မနဲ. မဆိုင်ရင် လှည်.မကြည်.တတ်တဲ.အကျင်.ရှိတာမို. ကျွန်တော် ကလှည်.တောင်မကြည်.ဖြစ်ခဲ.မိပါဘူး။စိတ်ထဲကတော. ဘယ်အကောင်က ဒီလောက်ဟွန်းအကျယ်ကြီးတီးတာပါလိမ်.လို.တောင်တွေးခဲ.မိပါသေးတယ်။ ဒီလိုနဲ. အထဲကို အရောက်၊ ကျွန်တော်. Client ကို ဖုန်းခေါ်ဖို. လည်းလုပ်ရော ၊ ဖုန်းကိုမတွေ.တော.ပါဘူး။ ဟိုဘက်အိပ်စမ်း၊ ဒီဘက်အိပ်စမ်း၊ ဘယ်မှာစမ်းစမ်းမရှိပါဘူး။ ဒါနဲ. ကျွန်တော်လည်း ပျာသွားပါတယ်။ တက္ကစီထဲမှာ ကျန်ခဲ.ပြီဆိုတာကို လည်းတပ်အပ်သိလိုက်ပါတယ်။ ခက်တာက ကားနံပါတ်ကို လည်းမမှတ်မိ။ Receipt ယူခဲ.ဘို.လည်းမေ.သွားတော. ဖုန်းလေးတော. ဆုံးပြီလို.သတ်မှတ်လိုက်ပါတယ်။ အရင်တစ်ခေါက်တုန်းကလည်း ကျွန်တော် မော်တာရိုလာလေးတစ်လုံး ကားပေါ်မှာ မေ.ကျန်ခဲ.ဖူးပါတယ်။ ပြန်မရခဲ.ပါ။ ဒီမှာ က ကားနံပါတ်မမှတ်မိလို.ကတော. ဘာပစ္စည်းကျန်ခဲ.ကျန်ခဲ.ပြန်ရဖို. မသေချာပါဘူး။ ဖုန်းကျန်ခဲ.ရင် ကားသမားတွေက ဖုန်းကို တစ်ခါတည်း ပိတ်ဆင်းမကတ် ကိုလွှင်.ပစ် အဲဒါမျိုးလုပ်ကြပါတယ်။ ဒါပေမယ်. စီးတဲ. သူ က Receipt ယူသွားတယ်ဆိုရင်တော. သူတို.မလုပ်ရဲကြပါဘူး။Receipt မှာကားနံပါတ်၊အချိန်အတိအကျ၊သွားခဲ.တဲ.ခရီးအစရှိသဖြင်.ပါတယ် ဆိုတော.ပြန်လိုက်လို.ရပါတယ်။ အခုဒီ ဖုန်းက လည်း ရုံးက ပေးထားတဲ.ဘလက်ခ် ဘယ်ရီ ၊ လျော်ရရင် အနည်းဆုံး ၂၄၀၀ လောက်သွားမှာဆိုတော. ရေရေလည်လည်စိတ်ညစ်သွားပါတယ်။ဒါနဲ. ပြန်ရလိုပြန်ရငြား အဆောက်အအုံအပြင်ဘက်က လုံခြုံရေးကိုသွားမေးပါတယ်။ကံကောင်းချင်လို.ပဲလားတော.မသိဘူး။ လုံခြုံရေးက ကျွန်တော်.ကိုပြောတယ်။ ခင်ဗျားကို တက္ကစီသမားက ဟွန်းတီးပြီးပြန်ခေါ်နေတာတဲ.။ ခင်ဗျားက အထဲကို အမြန်ဝင်သွားတော. ဘယ်လိုမှ လိုက်လို.မမီတော.လို. ကျွန်တော်. ကို သူ.ကားနံပါတ်ရယ်ဖုန်းနံပါတ်ရယ်ပေးခဲ.တယ်တဲ.။ ကျွန်တော်ပျော်သွားပါတယ်။ တက္ကစီသမားကိုလည်းကျေးဇူးတင်သွားပါတယ်။ ချက်ခြင်းပဲ လုံခြုံရေးဆီက ဖုန်းနဲ. တက္ကစီသမားကို ကျွန်တော် ခေါ်ပါတယ်။ သူကပြောတယ်။ကျွန်တော်ပြန်လာပေးမယ်၊ ဒါပေမယ်. လာပေးလို.ကျတဲ. မီတာခ ကို တော. ကျွန်တော်.ကပေးရမယ်လို.ပြောတယ်။ ကျွန်တော်က ဘယ်လောက်လောက်ပေးရမလဲလို.မေးတော. သူက ၂၀ လောက်ကျမယ်လို.ပြောတယ်။အခု တခြား ကာစတန်မာကို လိုက်ပို.နေလို. နောက် ၁၅ မိနစ် လောက်ကြာမှရောက်မယ်စောင်.နေပါလို.ပြောတယ်။ သူပြောတဲ. ၁၅ မိနစ် ဆိုတဲ. အချိန်အနည်းငယ်ကြာပြီးတဲ. အခါမှာ တက္ကစီသမားရောက်လာပါတယ်။ အဲဒီမှာ ကျွန်တော် အရမ်းအံ.သြ စရာတစ်ခု ကို မြင်လိုက်ရပါတယ်။ တက္ကစီသမားကို လည်းတော်တော်လေးစားသွားပါတယ်။ ကားထဲမှာ လည်း လူတစ်ယောက်မှ မပါပါဘူး။ ကျွန်တော်.ဆီကို ပဲ သက်သက်လာတာပါ။အမှန်တကယ်ကျွန်တော်မျှော်လင်.ထားတာ က သူလာမယ်။ မီတာကို တော.ပိတ်ထားမယ်၊ ကျွန်တော်က လည်း ပြန်လာရင် ပိုက်ဆံပေးမယ်လို. ကတိပေးထားပြီးသား။ဒီတော. ကျွန်တော်.ဆီရောက်တာနဲ.သူပြောတဲ. ပိုက်ဆံ ၂၀တောင်းပေးလိုက်မယ်။ဒီလိုပေါ.။ဒါပေမယ်. သူအဲဒီလိုမလုပ်ခဲ.ပါဘူး။ ကျွန်တော်ရှေ.မှာ ကားကိုရပ်ပါတယ်။ ဖုန်းကိုလှမ်းပေးပြီးမီတာကို ပြပါတယ်။ ၁၉ ကျပ်ကျတယ်လို.ပြောပါတယ်။ တကယ်ဆိုကားထဲမှာစီးတဲ.သူမပါဘဲနဲ. သူမီတာကိုဖွင်.ထားစရာမလိုပါဘူး။ ကားကိုဒီအတိုင်းမောင်းလာ။ကျွန်တော်ဆီရောက်တာနဲ. ပိုက်ဆံတောင်းပြီးသူ.အိတ်ထဲထည်.လိုက်ရင်ရတာပဲ။ ကျွန်တော်.ဆီက အပိုဘောက်ဆူးလေးဘာလေးတောင်မျှော်လင်.လို.ရနိုင်သေးတာပဲ။အခုစီးတဲ.သူတစ်ယောက်မှမပါဘဲနဲ.တောင်သူက မီတာကိုဖွင်.ထားပါတယ်။ အခြားသူတစ်ယောက်ယောက်အတွက်တော. အသေးအဖွဲကိစ္စဖြစ်ချင်ဖြစ်နိုင်ပေးမယ်. ကျွန်တော.်အတွက်တော. သူဟာ လေးစားထိုက်တဲ.အပြုအမူတစ်ခုကို ပြုလုပ်ခဲ.တာဖြစ်ပါတယ်။ဒါနဲ.ကျွန်တော်လည်းအိတ်ကပ်ထဲမှာရှိတဲ. ငါးရာတန်တစ်ရွက်ကလွဲရင် ကျန်တဲ.ပိုက်ဆံ အကုန်လုံး ကို ရေတောင်မရေပဲနဲ. သူ.ကိုပေးလိုက်ပါတယ်။ ကျွန်တော်.ဖုန်းပြန်ရတဲ.အတွက်ကြောင်.ရော၊ သူ.ရဲ.ရိုးသားဖြောင်.မတ်ခြင်းကို အသိအမှတ်ပြုတဲ.အနေနဲ.ရောပေါ.။ ဒါတောင်သူကမယူဘူးလို.ငြင်းပါတယ်။ ကျသလောက်မီတာခကိုပဲယူပါမယ်လို.ပြောရှာတယ်။ နောက်ဆုံးတော.ကျွန်တော်မရမက အတင်းပေးလို.သူယူသွားပါတယ်။ လူတွေဟာ ကိုယ်တိုင်သာ ရိုးသားချင်မှ ရိုးသားမယ် ကိုယ်.အပေါ်အခြားသူတစ်ယောက်က ရိုးသားတာကိုတော. နှစ်သက်ကြတယ်မဟုတ်လား။ဝီလီယံမ်ရှိတ်ခ်စပီးယားကပြောဖူးတယ်။ ဟောဒီလောကမှာ .. ရိုးသားဖြောင်.မတ်ခြင်းလောက်ကြီးကြယ်ခမ်းနားတဲ. အရာမရှိတဲ.။ ဟုတ်ပါတယ်။ ရိုးသားဖြောင်.မတ်ခြင်းဟာ အင်မတန်မှ ဂုဏ်ရှိပါတယ်။ ရိုးသားသူတစ်ယောက်ဟာ လူအများလေးစားခြင်းကိုခံရပါတယ်။ လူအများရဲ. ယုံကြည်မှုကိုရရှိပါတယ်။ ရိုးသားဖြောင်.မတ်ခြင်းမရှိတဲ.သူကို ဘယ်သူကမှမနှစ်မြို.ကြပါဘူး။ ဒီနေရာမှာ ရိုးသားဖြောင်.မတ်ခြင်းနဲ. ရိုးအခြင်း ဟာမတူဘူးလို. ကျွန်တော်ယူဆပါတယ်။ ရိုးအခြင်း ဟာ အမြင်မကျယ်ခြင်း၊ မသိနားမလည်ခြင်း ၊ ဗဟုသုတမရှိခြင်း၊ ခေတ်မမီခြင်း၊ တုံးအခြင်း ၊ထုံခြင်း စသဖြင်.ကျွန်တော်မြင်ပါတယ်။ ဘယ်မှာလဲမသိဘူး ကျွန်တော်ဖတ်လိုက်ရတယ်။ နီကိုရဲရေးတဲ. ဆောင်းပါးလေး ။ သူချောင်းသာ ကိုကားရိုက်သွားတုန်းက ကြုံခဲ.ရတဲ. ဆီးသီသည်တစ်ယောက်အကြောင်းကိုရေးထားတာ။ ဆီးသီသည်လေးက ပြောတယ်။ ဆီးသီးတစ်ဘူးကို ၁၀ တဲ. ။ နီကိုရဲ က ငါးဘူးကို ၅၀ထားပါလားဆို တော. မရလို.ပါဦးဦးရယ်တဲ.။သမီးတို.ကတစ်နေ.လုပ်မှတစ်နေ.စားတွေပါ။ဈေးလျော.ရောင်းရင်အမေကရိုက်လိမ်.မယ်လို. ဆီးသီးသည်လေးက ပြောတယ်။ ဒါမျိုးကြတော. သူကစာမတတ်လို. " အ " တာပေါ.။ နောက်ကျွန်တော်တို.ငယ်ငယ်က အမြဲကြားဖူးနေတဲ.ပုံပြင်လေး။ ဘုန်းကြီးကျောင်းမှာ ကြောင်မကြီး ကကြောင်ကလေးတွေကိုမွေးတော. ၊ ဘုန်းကြီးက ကိုရင်လေးတစ်ပါး ကို ဘယ်နှစ်ကောင်မွေးလည်း ကြည်.ခဲ.လို.ပြောတော. ကိုရင်လေး က သွားကြည်.တယ်။ ပြီးတော. ဘုန်းကြီးကိုပြောတယ်။ လေးကောင်ပါဘုရား တဲ.။ အထီးဘယ်နှစ်ကောင်အမ ဘယ်နှစ်ကောင်လည်းကိုရင် လို.မေးတော. ၊ ကိုရင်က မမှတ်ခဲ.ရဘူးဘုရား ၊ သွားပြန်ကြည်.လိုက်ဦးမယ်လို.ပြောပြီးထပ်သွားကြည်.တယ်။ အထီးနှစ်ကောင် အမ နှစ်ကောင်ပါဘုရားလို.ဘုန်းကြီးကို ပြန်လာပြောတယ်။ဘုန်းကြီးကထပ်မေးတယ် ဒါဖြင်.ရင် ဘာအရောင်လေးတွေတုန်းကွဲ.ဆို တော. ၊ ကိုရင်လေး က မမှတ်ခဲ.ရဘူးဘုရား သွားပြန်ကြည်.လိုက်ဦးမယ်လို.ဖြေတယ်။ ဒါမျိုး ကြတော. ထုံတာ အမြင်မကျယ်တာလို.ကျွန်တော်ထင်ပါတယ်။ ရိုးသားဖြောင်.မတ်တာ ကြတော. ကိုယ်ကျင်.တရားနဲ. ဆိုင်ပါတယ်။ သူများအပေါ်မှာ မဟုတ်မမှန်တာမလုပ်တာ။ လိမ်လည်လှည်.ဖြားခြင်းမပြုတာ၊ မှန်သောစကားကိုဆိုတာ အဲဒီမျိုး ကျွန်တော်ထင်ပါတယ်။ကျွန်တော်.အဖေဟာ အရင်တုန်းက လာဘ်လာဘ အရမ်းရတဲ. အစိုးရဌာနတစ်ခုမှာလုပ်ပါတယ်။ သူသာအဲဒီတုန်းက တခြား သူနဲ.လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းတွေလိုမျိုး မရိုးမသားလုပ်ခဲ.မယ်ဆိုရင်ကျွန်တော်တို. အခုအချိန်မှာ အရမ်းချမ်းသာနေလောက်ပါတယ်။ အဲဒီတုန်းက ဆွေမျိုးတွေ၊အဖေ.ရဲ.သူငယ်ချင်းတွေက အဖေ.ကို "လူအကြီး" လို.ပြောကြတယ်။ သူများမိုးခါးရေသောက်ရင်ကိုယ်လည်းလိုက်သောက်ရမှာပေါ.လို.အဖေ.ကိုပြောကြတယ်။ အခုအချိန်မှာပြန်စဉ်းစားကြည်.တော. အဖေ.ကို ကျွန်တော် နားလည်ပါတယ်။ လေးလည်းလေးစားရပါတယ်။သူ.ရဲ. ကိုယ်ကျင်.တရား နဲ. ရိုးသားဖြောင်.မတ်ခြင်းကိုအဖေက ဘယ်နည်းနဲ.မှ အပွန်းပဲ.မခံခဲ.တာပါ။ သူ.ရဲ. လုပ်ဖော်ကိုင်ဖက်တစ်ချို.ထောင်ထဲ ၀င်ခဲ.ရတဲ. အချိန်မှာ အဖေဟာ သူ.ရဲ. ရိုးသားဖြောင်.မတ်ခြင်း ရဲ. အကျိုးကျေးဇူးကြောင်. ၊ဘယ်လိုဘေးအန္တရာယ်တစ်စုံတစ်ခုမှ မကြုံခဲ.ရပါဘူး။အမှန်အတိုင်း ပြောရရင်တော. ဘယ်သူမှ ၁၀၀ ရာခိုင်နှုန်းမရိုးသားကြပါဘူး။ လူတိုင်းဟာ လိမ်ဘူးကြတာပဲ။ အနည်းဆုံးတော. အဖြူရောင်မုသား လေးတွေလောက်ကတော. သုံးဖူးခဲ.ကြတာပါပဲ။ ဒါပေမယ်.အတတ်နိုင်ဆုံး တော. ရိုးသားဖြောင်.မတ်အောင် ၊ လိမ်လည်မုသားမဆိုဖြစ်အောင်ကြိုးစားသင်.ပါတယ်။အမေရိကန်သမ္မတ လင်ကွန်းနဲ. ဂျော.ခ်ျဝါရှင်တန်တို.ဟာ လိမ်လည်မုသားမဆိုခဲ.တဲ.သူတွေအဖြစ် ရိုးသားဖြောင်.မတ်တဲ.နေရာမှာစံပြဖြစ်ခဲ.ပါတယ်။ ဂျော.ခ်ျဝါရှင်တန် အသက်ခြောက်နှစ်လောက်အရွယ်မှာ ၊ တခြားရွယ်တူကလေးတွေလိုပဲ ရဲတင်းတစ်လက်နဲ. စစ်သည်လုပ်တမ်းကစားရတာကိုနှစ်သက်ပါတယ်။အဲဒီရဲတင်းတစ်လက်နဲ. မြင်မြင်သမျှကို ခုတ်ထစ်တော.တာပါပဲ။ တစ်ရက် သူ.အဖေရဲ. ဥယျာဉ်ထဲမှာစိုက်ထားတဲ. ချယ်ရီပင်လေးကို သူ ကစားနေရင်းနဲ. ခုတ်မိလိုက်တော. ချယ်ရီပင်လေးဟာသေသွားပါတယ်။ နောက်ရက်အနည်းငယ်ကြာတော. သူ.အဖေဟာ သူအမြတ်တနိုးထားတဲ.၊ အမြဲတမ်းဂုဏ်ယူရတဲ. ချယ်ရီပင်လေးသေသွားတာကိုသိတော. အင်မတန်ပဲဒေါသထွက်ပြီး အိမ်မှာရှိတဲ.သူတွေအကုန်လုံးကို ဒီအပင်ဟာ ရွှေဒင်္ဂါးပေါင်းများစွာတန်တယ်ကွ ဘယ်သူသေအောင် လုပ်တာလဲလို.မေးပါတယ်။ ဘယ်သူမှမလိမ်နဲ. မှန်မှန်ပြော လို.ဒေါသတကြီးပြောတယ်။ ဘယ်သူမှတုပ်တုပ်မလှုပ်ရဲကြပါဘူး။ အဲဒီအချိန်မှာ ပဲ ဂျော.ခ်ျ လေးဟာ ငိုကြီးချက်မနဲ. သူ.အဖေကို ပြောပါတယ်။ အဖေရယ် ကျွန်တော် တကယ်ကိုမလိမ် ပါဘူး။ ကျွန်တော်အဲဒီအပင်လေး ကို ရဲတင်းနဲ.ခုတ်ခဲ.မိပါတယ်လို.ပြောပါတယ်။သူလုပ်ခဲ.တာကို သူ.အဖေသိသွားရင်သူ.ကို ရိုက်မယ်ဆိုတာကိုသူသိပါတယ်။အရိုက်ခံရမှာကိုလည်း သူကြောက်ပါတယ်။အဲဒီလိုကြောက်ပေမယ်.လည်း သူလိမ်မပြောခဲ.ပါဘူး။ အဲဒီမှာ ဒေါသထွက်နေတဲ.သူ.အဖေဟာချက်ခြင်းပဲပျော.ပြောင်းသွားပြီး သူ.သားသားကိုစကားတစ်ခွန်းပြောခဲ.ပါတယ်။
" ဒီမှာ ငါ.သား ....အကြောက်တရားကိုလွန်ဆန်ပြီး မှန်သောစကားကိုဆိုခြင်းဟာ အဖေ.အတွက် ဟောဒီလို ချယ်ရီပင်ပေါင်း တစ်ထောင်ထက်ပိုတန်ဖိုးရှိတယ်။ သူတို.ရဲ. အပွင်.တွေ အရွက်တွေဟာ ရွှေငွေတွေ အတိဖူးပွင်.နေစေဦးတော. ၊ မှန်ကန်သောစကားကိုအဖေပိုတန်ဖိုးထားတယ်ငါ.သား ... ."
လို.ပြောခဲ.ပါတယ်။ အဲဒီစကားလေး ကိုကျွန်တော်တော်တော်နှစ်သက်မိပါတယ်။

"Always tell the truth. If you can't always tell the truth, don't lie"

ဗျတ်ဇ

Tuesday, November 24, 2009

မြစ်တစ်စင်း၊ ချစ်ခြင်းနဲ့ လေညှင်းအရောင်

ခေတ်ပြိုင်ထဲ မြစ်တွေ အများကြီး စီးဆင်းနေဆဲမှာပင် ဖြစ်သည်။ မြစ်တစ်စင်းနှင့် နှိုင်းယှဉ်မည်ဆိုလျှင် ဟောဒီမြစ်တစ်စင်းရဲ့ စီးဆင်းမှု အလျဉ်ကတော့ ခရမ်းပြာ မြင်းရိုင်းတစ်ကောင်လို အတန်ငယ် ကြမ်းရိုင်းသည်ဟုသာ ဆိုရမည်ထင်သည်။ သူသည် ချုပ်ချယ်မှုကို စက်ဆုပ်သူ ပီပီ လွတ်လပ်ကျယ်လွင့်သော ပင်လယ်ဆီ တစ်ဟုန်ထိုး ဦးတည် စီးဆင်းဖို့ တစ်ခုတည်းကိုသာ အာရုံဝင်စား နားလည်သည်။ ထိုအရာမှ တစ်ပါး အခြားမရှိ။ အခြား မသိ။ အခြား ဘာကိုမျှလည်း မကြည့်။ ထိုမြစ်သည် တောကိုတွေ့လည်း မကွေ့၊ တောင်ကို တွေ့လည်း မရှောင်၊ တောင်ဖောက် မြားတစ်စင်းလို ထိုးခွဲ စီးဆင်းဖို့သာ မုန်ပြင်းခဲ့သည်။ ယဉ်ကျေးခြင်း၊ နူးညံ့ခြင်း၊ သိမ့်မွေ့ခြင်း၊ ဟန်ဆောင် ဘာသာစကား အနက် အဓိပ္ပာယ်ကို နားလည်ဖို့ မကြိုးစား။ ခိုတွယ်ဖို့ ပျင်းရိကာ ပစ်ပယ်ခါ ချခဲ့၏။ နေ့မရှိ၊ ညမရှိ၊ နာရီမရှိ။ အချိန်ပြည့် စီးဆင်းဖို့ တစ်ခုတည်းမှာသာ ထာဝရ အာရုံ ငြိလျက်ရှိရာ ပင်ပန်း ဆင်းရဲခြင်းတို့၏ ကုတ်ခြစ်မှုဝယ် သွေးခြင်းခြင်း နီခဲ့ပြီ။ နာကျင်မှု ဒဏ်ရာ ဗရပွဖြင့်လည်း နွမ်းလျလျက် ရှိလေပြီ။

သို့သော် မည်မျှပင် မိုးမည်းမည်း၊ နှင်းသည်းသည်း။ သူ့ရင်ထဲ စမ်းနံဘေးမှာ အမှတ်မထင် ပန်းကလေး တစ်ပွင့် ပွင့်လာတော့လည်း နွေဦးကို ရောက်လာတာပဲ ဆိုတာကတော့ အမှန်တကယ် ဖြစ်ခဲ့လေသည်။



မြစ်တစ်စင်းနှင့် ပမာနှိုင်းနှိုင်း၊ ခရမ်းပြာ မြင်းရိုင်းနှင့် ပမာဆိုဆို။ ဒဂုန်တာရာ ဆိုတဲ့ စာဆိုကြီးကတော့ သူ့ကို အရိုင်း။ အောင်ဆန်း သို့မဟုတ် အရိုင်းဟု တာရာ မဂ္ဂဇင်းက နေ၍ ရုပ်ပုံလွှာ အဖွဲ့တစ်ခုမှာ သွန်းဆစ် ထုပြခဲ့သည်။ထိုအခါ သူက အုံ့ဆိုင်း မှိုင်းညို့ခြင်း မရှိဘဲ ပကတိ အရိုးခံဖြင့် “ဌေးမြိုင်ကတော့ ငါ့ကို အရိုင်းတဲ့ကွာ။ ဒါကတော့ ကြမ်းလွန်းတယ် ထင်တာပဲ။ ငါဟာ ရိုင်းသလောက်တော့ ရိုင်းပါတယ်။ ဒါပေမယ့် မရိုင်းတဲ့ အချက်အလက်တွေလည်း အများကြီး ရှိပါတယ်ကွာ။ မဟုတ်ဘူးလား။ What do you sayဟူ၍ အနီးရှိ ကြင်သူ ဇနီးဘက်သို့ လှည့်ပြီး ပြုံးဖြဲဖြဲနှင့် မေးလိုက်တာကို ကျွန်တော်တို့ မှတ်သားခဲ့ရ ဖူးပါသည်။

တကယ်တော့ သူသည် ပုထုဇဉ် လူသားတစ်ဦး ဆိုသော်လည်း နိုင်ငံရေး သွေးကြောမျှင်များဖြင့် တစ်ကိုယ်လုံး ရက်ဖောက် တည်ဆောက်ထားရာ အနုပညာနှင့်တော့ အနေဝေး အနေ စိမ်းခဲ့ပေသည်။ သို့သော်လည်း လူသာမန်တို့၏ နူးညံ့ သိမ်မွေ့သော စိတ်ထားများ၊ ယဉ်ကျေးမှု အနုပညာကို ခံစား သုံးသပ်လို စိတ်များ လုံးဝချို့တဲ့ ကင်းမဲ့ခြင်း မရှိတာတော့ အမှန်ပဲ ဖြစ်သည်။

၁၉၄၆ ခုနှစ်၏ နှင်းဆွတ် ဒီဇင်ဘာရဲ့ ၀ဲလွင့်နေသော မြူတွေကြား သူသည် အကြေအညာတစ်လွှား ခရီးတွေ တော်တော်များများ သွားခဲ့ရသည်။ ထင်းရှူးနံ့တို့ဖြင့် မွှေးမြနေသော မောတို့၏ ရှမ်းကုန်းမြေမြင့်အရောက်တွင် တိုင်းရေးပြည်ရေး ကိစ္စဖြင့် အလွန်တရာ အလုပ်များခဲ့သော သူ့ဦးနှောက်တွင် အနည်းငယ် ကြည်လင်လာဟန် ရှိသည်။ နှင်းထူထူ မြူဆိုင်းဆိုင်း၊ တောင်ပြာပြာ တောစိမ်းစိမ်း ရှုခင်းများကပဲ ညှို့ချူလာလေသလားမသိ။ ကလောမြို့နား အရောက်မှာ။

“ဂန္ဓမာတောင်___လိုဏ်ချောင် မုခ်နန်းဆီ___ဂုမ္ဘာန် တစ်ထောင် စောင့်ကြပ် ကာဆီးသည်___နတ်ပန်းကလေးနဲ့___နတ်ပန်းကလေးနဲ့ သဏ္ဌာန်တူသည်___ လေယူရာသင်းမွှေးလို့ လှိုင်ကြည်___ဘုန်းသမ္ဘာရှင် မျှော်ကိုးကာ စောင့်ခဲ့ပြီ___” ဟူ၍ သူသည် ကျည်ဆံ တစ်တောင့် ထိုးဆောင့် ထွက်သွားသလိုမျိုး တူရိယာဂီတ မဆန်သော အသံသြသြကြီးဖြင့် အားပါးတရ သီဆိုလိုက်၊ သူ၏ လက်ဝဲဘက်ရှိ ဇနီးသည်၏ ပေါင်ကို လက်ဝါးဖြင့် စည်းချက် လိုက်သလို ပုတ်လိုက် လုပ်နေရာ နောက်နားမှာ ခပ်ကုပ်ကုပ် လိုက်ပါလာသော သတင်းထောက် အဘိုးကြီး ဦးပုကလေး ပင် ပြုံးစိစိနှင့် သူ၏ ကော်ကိုင်း မျက်မှန်ကြီးထဲက တအံ့တသြ ငေးကြောင် ကြည့်နေမိသည်။ ပြီးတော့ ဗိုလ်ထွန်းလှသို့ မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။

တက္ကသိုလ် အင်းဝဆောင်မှာတုန်းက ကျုပ်အသံက သီချင်းဆိုလို့ လုံးဝ မဖြစ်လို့ပါဟု ၀န်ခံခဲ့ဖူးသော သူက “ဒိုရာသန်းအေး အသံကလေးက ကောင်းတော့ အတော် ကောင်းတယ်ကွ၊ ငါတော့ သူ့အသံရယ်၊ မေရှင့်အသံ ရယ် အကြိုက်ဆုံးပဲ”ဟု ကလောမြို့ အ၀င်တွင် ရင်ဖွင့်လိုက်ပါသေးသည်။ ဒီလိုပါပဲ။ သူခရီး ထွက်တိုင်းလိုလိုပင် ကြည်ကြည်လင်လင်နှင့် စိတ်လို လက် ရရှိသည့် အခါတိုင်း စိတ်ထဲရောက် လာသည့် ကာလပေါ် သီချင်းတွေကို သူ့အသံ သြသြကြီးဖြင့် သူရသလောက် တစ်ပိုင်းတစ်စဖြစ်ဖြစ် ဟစ်လိုက် ညည်းလိုက် လုပ်လေ့ရှိတာ သူနှင့်အတူ ပါလာသူများ အသိပါပဲ။

ပြီးတော့...။
သစ္စာမဏ္ဍိုင် မြဲခိုင်ခဲ့ပေ___ မေတ္တာမိုးတွေ သွန်းဖြိုးရွာစွေ ဆိုသော ပြည်လှဖေနှင့် မေရှင်တို့၏ သက်ဝေ သီချင်းကား သူ သဘောအကျဆုံး သီချင်း တစ်ပုဒ် ဖြစ်သည်။ သူအိမ်မှာ ရှိနေစဉ် အဲဒီသီချင်း ရေဒီယိုက လာ လို့ကတော့ အိပ်ရာပေါ်မှိန်း၍ ဇိမ်ဖြင့် နားထောင်လေ့ ရှိစမြဲ။ သက်ဝေ သီချင်း ကို သူဘယ်လောက်အထိအောင် စွဲပါ သလဲ ဆိုလျှင် ၁၉၄၇ ခုနှစ် နှစ်ဆန်း၊ သူ ဘိလပ် ရောက်သွားသည့် အထိပင် ဖြစ်သည်။ အဲဒီမှာ သူ့အသည်းစွဲ အဆို တော် ဒိုရာသန်းအေးနှင့် သွားတိုးသည်။ သူတို့ ကိုယ်စားလှယ် အဖွဲ့ ပြည်တော် မပြန်မီညက မန်ချက်စတာ ဟိုတယ်၌ ညစာစားပွဲ ကျင်းပရာ ဘိလပ်ပြန်သန်း လည်း တက်ရောက်သည်။ ထမင်းစား ပွဲအပြီးမှာ ထုံးစံအတိုင်း အဆိုတော်ကို တေးသံသာဖြင့် ဖြေဖျော်ရန် ၀ိုင်းပွဲ တောင်းကြ၏။

ထိုအခါ သူက
“ဒိုရာ၊ ဟိုသီချင်းဟာလေ ဓူဝံ ကြယ်မြေမှာ ခကြွေ၊ အဲ...အဲ။ သက်ဝေ သီချင်း ဆိုစမ်းပါ” ဟု မှတ်မှတ်ရရ တောင်းဆိုပြီး သံပြိုင် ဆိုရမည့် “ဓူဝံ ကြယ်___မြေမှာခကြွေ___”အပိုဒ်သို့ အရောက်တွင် သူကိုယ်တိုင် ပါဝင်၍ သံပြိုင်သီဆိုကာ ဂီတ ရေလျဉ်ကြောတွင် မျောပါခဲ့ဖူးသည် မဟုတ်ပါလား။

“ဟေ့...ဖိုးတာရာ၊ ကဉ္စန သီချင်း တီးစမ်းပါ”

တွန့်ခါ ညံဆူနေတဲ့ အသံထူထူ ကြားမှ ကသောကမျော ပြောလိုက်သူကား ထိုစဉ်က မြန်မာ့ လွတ်လပ်ရေး တပ်မတော် စစ်သေနာပတိ ဗိုလ်တေဇ ပင် ဖြစ်သည်။ အချိန်ကား ၁၉၄၂ ခု၊ ဧပြီလ ၅ ရက်နေ့ည။ မိတ္ထီလာ ကိုလှမောင် အရေးတကြီး မိန်းမ ယူလိုက်သဖြင့် ဘီအိုင်အေခေတ် ပထမဦးဆုံး ပွဲဦးထွက် မင်္ဂလာဆောင် အခမ်းအနားမှာပါပဲ။ စန္ဒရား တီးနေသော ဒဂုန်တာရာတို့လူစု လည်း ချက်ချင်းပင် ခြောက်ပေါက်သံ ပြောင်း၍ အသံခင်းပေးလိုက်ရသည်။

အဲဒီမှာပဲ...။
“ရွှေသားရုပ်သွင်___ခင်မင် စရာဝယ်__ မျက်နှာတော်ဝါ၀ါဝင်း__ _ရွှေလမင်းကြီးပုံနှယ်___ပတ္တမြား အသွေးနဲ့ တူညီပါတယ်___ပါးကလေး က မြင်ရသူလည်း အသည်းစွဲတယ် ___”

ခြောက်ပေါက်သံလည်း မကျ၊ ခုနစ်သံလည်း မကျဘဲ ဘယ်လိုမှ ဂီတ မဆန်သော သူ့အသံသြကြီးဖြင့် ဆိုချလိုက်ရာ တော်တော်ကြီး ပွဲကျသွားလေ သည်။ သံစဉ်တွေ ဖရိုဖရဲဖြစ်နေ၍ ဗိုလ်ဇေယျ၊ သခင်ချစ်၊ ကိုထွန်းအုံ၊ နယူးဘားမား ကိုတင်မောင်တို့ လူစုက သီချင်းကို သံပြိုင်လိုက်ကာ ကူဆိုပေး လိုက်မှ အပေါက်လမ်း တည့်မတ် သွားခဲ့ဖူးသည်။ တကယ်တော့ သူ့သူငယ်ချင်း ကိုလှမောင် ဖျာပုံသူ အပျိုချော မသန်းရင်နှင့် ချစ်ပွဲဝင်တော့မည့် ညတွင် သူ့စိတ်ထဲ အားကျ သလိုလို ၀မ်းနည်းသလိုလိုနှင့် ဘာလိုလိုဖြစ်ကာ သူ့ ၀ါသနာ သူ့အရာ မဟုတ်သော သီချင်းကို ကောက်ကာငင်ကာ ဆိုလိုက်ခြင်း ဖြစ်ပေသည်။

ပြီးတော့ ဆရာကြီး သခင်ကိုယ် တော်မှိုင်းအား “ဖိုးလှမောင် တစ်ယောက် မကောင်းဘူး ဆရာကြီးရဲ့။ ကျွန်တော်တို့ လုပ်ငန်းတွေ မပြီးခင် မိန်းမယူတယ်”ဟု ရယ်သလို မောသလို တိုင်တောခဲ့သေးသည်။ ထို့နောက် သခင်ချစ်၊ ဗိုလ်ဇေယျ၊ သခင် လူအေးတို့ ရှေ့ဆင့် နောက်ဆင့် အိမ်ရာ ထူထောင် သွားကြသည်။ အမှန်အတိုင်း ဆိုလျှင် သူလည်း ရွှေလည် တွဲချင်လှပြီ။ ကမ်းရှာ ငှက်တစ်ကောင်လို မေတ္တာ အေးရိပ်တွင် မှေးမှိတ်ချင် လှပြီ။ သို့ဖြင့် “ငါတို့တစ်တွေ လွတ်လပ်ရေး အောင်ပန်းကို ဆွတ်လှမ်းပြီးမှ အိမ်ထောင်ပြုကြမယ်”ဟူသော အယူ အဆကို မှန်ပါလေစ၊ သဘာဝကျပါ စဟု ဆဆ၀ါးဝါး အတွေး ပွားလာမိလေသည်။ အဘယ်ကြောင့်ဆိုသော် “ငွေသော်တာ ရောင်ခြည် ထိန်လင်းတော့သည်___ဘုံကြိုး ပြတ်တဲ့ မိုးနတ်မဒီ၊ သဒ္ဓါကပိုသည်။ ဆရာမကိုပဲ အသည်းစွဲ အောင် ချစ်မိပြီ” မို့ ဖြစ်၏။
လဟာ ညနဲ့ ငြိနေသလိုမျိုးဟု လည်း ဆိုနိုင်သည်။

ဖြစ်ပုံက ဤသို့...။
သူနေ့မသိ ညမသိ မနားမနေ အလုပ် လုပ်လွန်းသဖြင့် ပင်ပန်း နွမ်းနယ်ကာ အပြင်းအထန် ပန်းဖျားဖျားရာ အတန်တန် ငြင်းဆန်နေသည့် ကြားမှ ဆေးရုံကြီးသို့ တက်ရောက် ကုသရင်း အနားယူဖို့ အကြောင်းက ဖန်လာသည်။ အဲဒီမှာ စိတ်ရှည်ရှည်နှင့် သည်းခံပြုစု ပေးရှာသည့် ဣနြေ္ဒရှင် လုံးကြီးပေါက်လှ သူနာပြု ဆရာမနှင့် တွေ့ဆုံပြီး ကြင်နာ နွေးထွေးသော ပြုစုယုယမှု အောက်တွင် သူ၏ မာတောင့် အေးခဲနေသော စိတ် ဓာတ်သည် အရည် ပျော်ပျော့ပျောင်းလာ ရုံမက ဆေးဆိုလည်း ဆရာမ မခင်ကြည်တိုက်မှ၊ အစာဆိုလည်း ဆရာမ မခင်ကြည်ကျွေးမှ အထိ ဖြစ်လာလေ တော့သည်။

လရောင် သွန်းဖွဲသော ညတစ်ည မှာပါပဲ။သူသည် ဗိုလ်စကြာနှင့် အတူ ရောက်လာပြီး ဒေါက်တာ မြင့်ဆွေကို ခေါ်သည်။ “တယောယူပြီး လိုက်ခဲ့စမ်း ပါဗျာ။ ဟိုဆရာမ မခင်ကြည်တို့ဆီ အလည် သွားရအောင်”ဟု ဆိုကာ ဘီအိုင်အေ ဆေးရုံကြီး အပေါ်ဆုံးထပ် အနောက်တောင်ထောင့် အခန်းသို့ ချီ တက်သွားလေသည်။ အခန်းဝ ရောက်သည့်အခါ သူက “ဆရာမ ဧည့်သည် လာတယ်”ဟု အသံပြုသည်။ ဆရာမက အံ့သြပြုံးရွှင်စွာ “ဗိုလ်ချုပ်တို့ အလည် လာကြသလား၊ ထိုင်ကြပါ၊ ဧည့်ခန်းထဲ က အိုက်ပါတယ်။ ၀ရန်တာ ထွက်ရအောင်” ဟု ပဋိသန္ဓာရပြု ဖိတ်ခေါ် သည်။

“ဆရာမ၊ ကျွန်တော်တို့ တစ်တွေဟာ လွတ်လပ်ရေး ရဖို့ ကြိုးပမ်းတဲ့ ခရီး တစ်လျှောက်မှာ ဆရာမတို့လို ကြင်ကြင်နာနာ ယုယုယယ ပြုစုတာကို တစ်ခါမှ မခံစားခဲ့ရပါဘူး။ ဒီဆေးရုံ ရောက်မှ အခုလို ပြုစု ယုယတဲ့ ဆရာမ တို့နဲ့တွေ့တော့ စိတ်ထဲမှာ ချမ်းမြေ့ ကြည်နူးမိတယ်ဗျာ”ဟု ပီတိနှောပြော ပြီး ဆိုင်းမဆင့် ဗုံမဆင့်ပင် “ကိုင်း... ဆရာမ သီချင်း တစ်ပုဒ်လောက်ဆို စမ်းပါ၊ ဒေါက်တာမြင့်ဆွေက တယော ကိုင်ဗျာ” ဟု ဇွတ်ကြီး ပွဲတောင်းတော့သည်။

“အို...ဗိုလ်ချုပ်ကလည်း ရှက်စရာ ကြီး၊ ဘယ်ဆိုတတ်ပါ့မလဲ”ဟု မူနွဲ့ နေရာ
“ဆိုသာဆိုပါ။ ရှက်စရာ မရှိပါဘူး။ ကျွန်တော်တို့ချည်းပဲ ရှိတာပါ” ပြောသဖြင့် ဆရာမခမျာ အဆိုတော် မေရှင်၏ မယ်ခုမျှော်ကို ဆိုပြရသည်။ သီချင်း ဆုံးသွားသည်နှင့် “သိပ်ကောင်း တာပဲဗျာ။ တစ်ခေါက် ထပ်ဆိုပြပါဦး” ဟု ပူဆာပြန်သဖြင့် ဒုတိယမ္ပိ ဆိုပြရ ပြန်သည်။ ပြန်ပြောလျှင် သံယောဇဉ် ရယ်ပေါ့။

တစ်နေ့...။
ညနေ ငါးနာရီခန့်တွင် သူသည် ရွှေပေါက်ပင် ဦးဘသိန်းနှင့် အတူ ဒေါက်တာမြင့်ဆွေ အခန်းသို့ ရောက်လာပြီး “လာဗျာ၊ မိန်းမ သွားတောင်းမလို့ လိုက်ခဲ့စမ်းပါ”ဟု ကောက်ကာငင်ကာ ခေါ်သဖြင့် ဒေါက်တာမြင့်ဆွေ လိုက်သွားခဲ့ရသည်။ မခင်ကြည်တို့ အခန်းဝ ရောက်သည့် အခါ သူက “မိန်းမ တောင်းရ အောင်လာတယ်”ဟု ပေါ်တင်ကြီး အော်ပြော လိုက်သဖြင့် မခင်ကြည် ရှက်ကိုး ရှက်ကန်းဖြင့် အခန်းထဲ ပြေးဝင် သွားရသည်။ ဒါလည်း မရပါဘူး။ အတင်းအော် ခေါ်နေသဖြင့် အခန်းထဲက ထွက်လာရပြန်သည်။ ထိုအခါ သူက “ကျွန်တော် လာတာ တခြား မဟုတ်ဘူး။ မိန်းမတောင်း ရအောင် လာတာ”ဟု အတည်ပေါက် ပြောလိုက်ရာ ဣနြေ္ဒရှင်ခမျာ နှင်းဆီသွေး ဖြန်းနေသည့် မျက်နှာကို အောက်သို့ ချလျက် ခေါင်းမဖော်ဘဲ ရှက်ပြုံးပြုံးနေရရှာလေသည်။
အို...ဘယ်လိုလူကြီးလဲ။

သူဆေးရုံက ဆင်းသွားပြီး တစ်နေ့သော ညနေခင်းတွင် သူက ဆရာမအား ညစာ ထမင်းစားရန် ဖိတ်ပါသည်။ ထိုဒင်နာတွင် ဆရာမကို သူ၏ ဘ၀ ခရီးဖော်အဖြစ် လက်တွဲရန် ခွင့်ပန်ရာ ဆရာမလည်း မငြင်းသာတော့ဘဲ ခေါင်းညိတ်ခဲ့ ရလေသည်။ သို့ဖြင့် ၁၉၄၂ ခု၊ စက်တင်ဘာ ၆ ရက်နေ့၊ နေ့လယ် ၂ နာရီတွင် ဂျပန်ခေတ် ဆေးရုံကြီးပေါ်မှာပင် မင်္ဂလာပွဲ ဆင်ယင်ကျင်းပ ဖြစ်သွားလေသည်။ သတို့သားက စစ်ဝတ်စုံကို ၀တ်လျက် ဂျပန် စစ်ဦးထုပ်ကို ဆောင်းပြီး သတို့သမီးနှင့် ယှဉ်တွဲကာ အပျိုရံ၊ လူပျိုရံများဖြင့် ခြံရံကာ ရောက်ရှိလာသည်။

အဲဒီမှာ...။
“သစ္စာမဏ္ဍိုင်___မြဲခိုင်ခဲ့ပေ__ မေတ္တာမိုးတွေ သွန်းဖြိုးရွာစွေ___ အသည်းမှာ စွဲမက် အသက်ကို ပုံတယ်လေ” ဟူ၍ ကစ်တီဘသန်း (ဒေါ်ခင်မေသန်း)၏ စန္ဒရား လက်သံနှင့် အတူ ဆရာကြီး ဒေါက်တာ ဦးဘသန်းနှင့် သမီးတို့က သူ့အသည်းစွဲ သက်ဝေ သီချင်းဖြင့် မင်္ဂလာလက်ဖွဲ့သီချင်း ဖျော်ဖြေပေးခဲ့ကြသည်။ ထိုပွဲတွင် အမှတ်မထင် ဖြစ်ရပ်တစ်ခု ပေါ်ပေါက်ခဲ့ပါသေးသည်။

မင်္ဂလာ အခမ်းအနားသို့ ရောက်လာသော သတို့သားနှင့် သတို့သမီးတို့အား ခန်းမထဲမ၀င်မီ ဆေးရုံကြီးမှ ကိုကျော့မောင်နှင့် အခြားတစ်ဦးက အပေါက်ဝမှ ဆီး၍ ရွှေကြိုးဖြင့်တားသည်။ တိုင်းပြည် လွတ်လပ်ရေးမှ လွဲ၍ အခြားဘာကိုမှ စိတ်မ၀င်စား၊ လောက၀တ် ဓလေ့ထုံးတမ်းများကိုလည်း နားမလည် ဂရုစိုက်လေ့ မရှိသော သတို့သားသည် သူ့ရှေ့တွင် တားလာသည့် ရွှေကြိုးကို သူ့ညာလက်ဖြင့် ဖျတ်ခနဲ ဆောင့်ဆွဲကာ ဘေးသို့ လွှင့်ပစ်လိုက်ပြီး သတို့ သမီးလက်ကို ဆွဲလျက် တည်ကြည်သော မျက်နှာလေးနှင့် ဣနြေ္ဒရရ ခြေလှမ်းမှန်မှန်ဖြင့် မင်္ဂလာစင်မြင့်ဆီသို့ ဆက်လက် လျှောက်သွားလေသည်။

အဖြစ်အပျက်က လျှပ်ပြက်သလို မြန်ဆန်လွန်းရာ သူ့အပြုအမူကို အားလုံးက မှင်တက်မိကာ အံ့အားသင့်သွားကြသော်လည်း သူကတော့ ဘာမှ မဖြစ်သလိုပါပဲ။ သူကား အဲသလို လူစားမျိုး ဖြစ်သည်။

သခင့်အပါးတွင် နေထိုင်ခွင့်ကို
တစ်ခဏမျှ ပေးသနားရန်
ငါတောင်းပန်ပါ၏။
လက်ဝယ်ရှိသည့်
ပြုဖွယ်ကိစ္စ ဟူသမျှကို
နောင်ကျမှသာ ပြီးစီးစေပါတော့အံ့။
တဂိုး၊ ဂီတဉ္ဇလီ-၅
တကယ်ဆို...။

သူ့နှလုံးသားသည် နားနေခြင်းကိုလည်း မသိ၊ ဖြေသိမ့်ခြင်းကိုလည်း မသိရှာဘဲ နာကျင် နွမ်းလျလျက် ရှိခဲ့တာ ကာလကြာခဲ့ပြီ။ ပခုံးပေါ်က သူ့အလုပ် တာဝန်တွေကလည်း တိမ်တစ်ဆုပ်လို ပေါ့ပေါ့ပါးပါး မဟုတ်။ ရွာမည် တကဲကဲဖြင့် ထာဝစဉ် အုံ့ခဲဆိုင်းညို့လျက်။ သောင်ကမ်း မရှိသော အခက်အခဲ ပင်လယ်မှ အဆုံးမရှိသော လှိုင်းတံပိုးတို့ သူ့ဘ၀ လှေကလေးကို တ၀ုန်းဝုန်း ရိုက်ပုတ် ချိုးဖဲ့လျက် ရှိသည်။
ကြည့်လိုက်တော့လည်း...။

သူ့တွင် သိမ်မွေ့ခြင်း မရှိ။ အလှ အပကို မမက်မော။ သူသည် ကြမ်းတမ်းသည်။ ရိုင်းသည်။ ဆက်ဆံ ပေါင်းသင်းရေးတွင် ရှိသော ဧည့်ဝတ် ထုံးစံ ယဉ်ကျေးခြင်း စသည်တို့ကို သူသည် လုံးဝ ဂရုမစိုက်။ ဂီတ၊ သဘင်၊ ပန်းချီ စသော အနုပညာ ရပ်များကို မလိုက်စားဟူသော ဆရာ ဒဂုန်တာရာ စကားအတိုင်း သူ့ကိုယ် သူ အတင်း ယဉ်ကျေးအောင် မလုပ်၊ သူနေတတ်သလို သူ၏ နဂိုအတိုင်း ခပ် ရိုင်းရိုင်း ခပ်ကြမ်းကြမ်းပင် မပြုမပြင် ဘဲ နေတတ်သူ။

အဲဒီလို မာမာထန်ထန် ထာဝရ မှုန်ဆန်နေသော လူတစ်ယောက်သည် အခုတော့ အချစ်၏ ရှေ့တော်မှောက်သို့ ရောက်ရှိကာ အချစ်နှင့် တို့ထိခြင်းကို ခံရလေပြီ။ ဂရိတွေးခေါ်ရှင်ကြီး ပလေတိုကတော့ အချစ်နဲ့ တို့လိုက်ရင် လူတိုင်းဟာ ကဗျာ ဆရာဖြစ်လို့ လာတယ်ဟု အခိုင်အမာ ဆိုခဲ့ဖူးပါသည်။ အခုလည်း ဘာထူးလဲ။ သူ့ရင်ထဲ အမှတ်မထင် ပန်းကလေး တစ်ပွင့် ပွင့်လာတော့လည်း နွေဦးကို ရောက်လာတာပဲ မဟုတ်လား။

မင်းချမ်းမွန်

(ဒေါက်တာ မြင့်ဆွေ၊ ဂျပန်ခေတ် ဆေးရုံကြီးပေါ်ဝယ်နှင့် ဒဂုန်တာရာ၏ အောင်ဆန်း (သို့မဟုတ်) အရိုင်းတို့ကို ဖတ်ရှု ခံစားရေးဖွဲ့ပါသည်။)

ကောင်းတာလေးတွေ တွေ.ရင်မျှဝေချင်တဲ.စိတ်နဲ. ရွှေအမြုတေမဂ္ဂဇင်းမှာပါတဲ. ဆောင်းပါးလေးကို ခွင်.တောင်းပြီး ပြန်လည်ဖော်ပြပါသည်။

Sunday, November 22, 2009

ကြည်နူးဖွယ်အားလပ်ရက်ကလေး

Christmas Eve ဟာ တစ်နှစ်ပတ်လုံးမှာ ကျွန်မ အနှစ်သက်ဆုံး နေ.တစ်နေ.ဖြစ်ပါတယ်။ ၁၉၆၉ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက် ၊ ကျွန်မဟာ တစ်ကိုယ်တည်း အခန်းလေးတစ်ခန်းထဲမှာ နေနေတဲ.အချိန်။ ကျွန်မရဲ. မိသားစုနဲ. Mother's စားသောက်ဆိုင် မှာ တွေ. ဖို. အတွက် အချိန်နာရီ အတော်ကြာလိုနေသေးတာမို. ရတဲ. အချိန်လေး မှာ ဈေးဝယ်ထွက်ဖို. ဆုံးဖြတ်လိုက်တယ်။
ကျွန်မတို.မြို.လေးရဲ. နာမည်ကြီး စတိုးဆိုင် တစ်ခုရဲ. တတိယထပ်က နေ ၀ိုင်ပုလင်း နဲ. ၀ိုင်ခွက်၊အကောင်းစား ချိစ် တွေ အဆင်သင်. စားနိုင်တဲ. အစားအစာတွေ ပါတဲ. လက်ဆောင် ခြင်းအကြီးတစ်ခြင်းကို ကျွန်မ၀ယ်ခဲပါတယ်။ ကျွန်မစတိုးဆိုင် ရဲ. တတိယထပ်က နေ ဓါတ်လှေကား နဲ.ပြန်အဆင်း ဒုတိယထပ်ကို အရောက်မှာတော. ကျွန်မနဲ. အဖိုးကြီးအဖွားကြီးစုံတွဲ တစ်တွဲ က လွဲ ရင် အားလုံး ဓါတ်လှေကားထဲက နေထွက်ခွာသွားကြပါတယ်။ အဲဒီအချိန်မှာ အရပ်မြင်.မြင်. ၊ အပြာရောင် ကုတ်အကျီင်္ဝတ်ဆင်ထားတဲ. ခန်.ညားချောမောတဲ. လူရွယ်တစ်ယောက်ဝင်လာခဲ.ပါတယ်။ဒီလိုနဲ. ဓါတ်လှေကား က အောက်ကိုဆက်အဆင်း အသွားမှာ ရုတ်တရက် ဒုန်းဆို အသံမြည်ပြီး ဓါတ်လှေကားဟာ သိမ်.ကနဲရပ်တန်.သွားပါတယ်။ ကျွန်မတို. ဓါတ်လှေကား ထဲ မှာ ပိတ်မိကြပြီပေါ.။တကယ်ပဲ ဒီလိုမျိုး Christmas Eve မှာပေါ.နော်။



ကံကောင်းထောက်မစွာပဲ ဓါတ်လှေကားထဲမှာ ဖုန်းတပ်ထားတယ်။ဓါတ်လှေကားထဲမှာပါလာ တဲ. အဖိုးကြီး က ပြင်ထိန်းဌာနကိုဖုန်းဆက်ခေါ်တော. ဓါတ်လှေကားမကြာခင်မှာ ပြန်ပြီး မောင်းနှင်နိုင်လိမ်.မယ်လို.ပြောပါတယ်။ ဒီလိုနဲ. ဓါတ်လှေကားထဲမှာ ကျွန်မတို. နာရီဝက်လောက်ကြာသွားပါတယ်။ အဖိုးကြီးက နောက်တစ်ခါဖုန်းအဆက်အပြီးမှာတော. ဓါတ်လှေကားရဲ. အစိတ်အပိုင်းတစ်ချို. ကိုဖြုတ်လဲ ပြီးအသစ် တပ်ဆင်ရမှာဖြစ်တဲ.အတွက် အချိန်အနည်းငယ်ပိုကြာမယ်လို.သိရပါတယ်။အဲဒါနဲ.ပဲ ကျွန်မရယ် ၊မစ္စတာ နဲ. မစ္စစ် ဖီးလစ်ပ်စ် လို.ခေါ်တဲ. အဖိုးကြီး အဖွားကြီးစုံတွဲ ရယ် ၊ ဂျွန်လို.ခေါ်တဲ. ခုနက၀င်လာတဲ. ခန်.ညားတဲ. လူရယ် ၊ ၊ အားလုံးဟာ ဓါတ်လှေကားကြမ်းပြင်မှာ ပဲ တစ်ယောက်ပြီးတစ်ယောက်ထိုင်ချလိုက်ကြပြီး Christmas နဲ.ပတ်သတ်တဲ. အမှတ်ရစရာတွေကိုပြောဖြစ်ခဲ.ကြပါတယ်။ အချိန်ကလည်း တစ်နာရီ ၊ နောက် နှစ်နာရီ ကြာသွားတယ်။ကျွန်မတို.ဟာ စကားဖောင်ဖွဲ.နေခဲ.ကြတာ ဓါတ်လှေကားထဲမှာ ပိတ်မိနေတယ်ဆိုတာကိုတောင် မေ.သွားတဲ.အထိပဲ။ အမှတ်ရစရာ အတိတ်ကအဖြစ်အပျက်ဟောင်းလေးတွေကို တစ်ယောက်နဲ. တစ်ယောက် ဖောက်သည်ချနေတဲ.အချိန် မှာ ကျွန်မက ကိုယ်. မှာ ပါတဲ. စားစရာနဲ. ၀ိုင်တွေနဲ. သူတို. ကို ဧည်.ခံခဲ.ပါတယ်။ ကျွန်မတို.ဟာ နောက်တစ်ချိန်မှာ ပြန်တွေးကြည်.လိုက်ရင် ပျော်စရာကောင်းတဲ.၊ Christmas နဲ.ပတ်သတ်တဲ.အမှတ်ရစရာ အဖြစ်အပျက်ကလေးတစ်ခု ကိုဖန်တီးနေတယ်ဆိုတာကိုတော. သတိမထားခဲ.မိပါဘူး။
နောက်ဆုံး .. အချိန် ငါး နာရီလောက်ကြာအပြီးမှာ တော. ဓါတ်လှေကား ပြန်ကောင်းသွားပါတယ်။ ဓါတ်လှေကားတံခါး ပွင်.ပွင်.ခြင်းမှာ စိတ်ပူနေတဲ. စတိုးဆိုင်မန်နေဂျာ ဟာ ကျွန်မတို.ကိုစောင်.ကြိုနေပါတယ်။ပျော်ပျော်ရွှင်ရွှင်ရှိနေကြတဲ. ကျွန်မတို.ကို တွေ.သွားတဲ.အခါ စိတ်သက်သာရာရသွားပြီး လက်ဆောင်ခြင်းလေးတွေပေးပါတယ်။ ကျွန်မတို.လေးယောက်ဟာ လိပ်စာတွေ တစ်ယောက်နဲ.တစ်ယောက် ဖလှယ် ကြပြီး နောက်နှစ်နောက်နှစ်တွေမှာ ပို.စကတ်လေးတွေ ပို.ပေးကြဖို. ကတိပေးပြီးနှုတ်ဆက်လမ်းခွဲခဲ.ကြပါတယ်။
ကျွန်မတို.မိသားစု ရဲ. ထုံးတမ်းစဉ်လာ Christmas ပွဲကျင်းပဖို. နေရာကို ကျွန်မအနည်းငယ်နောက်ကျပြီးမှရောက်ခဲ.ပါတယ်။ အဲဒီည ကျွန်မအိပ်ယာဝင်တဲ.အချိန်၊ မျက်လုံးအစုံကို မှိတ်လိုက်တဲ.အချိန်အထိ ကျွန်မမြင်နေရတာ Christmas သကြားလုံးတွေမဟုတ်ပါဘူး။ အပြာရင်. ရောင် ကုတ်အကျီနဲ. ခန်.ညားချောမောတဲ. အဲဒီတစ်ယောက်ကိုပါ။

နောက်တစ်နေ. .. Christmas နေ.ရဲ. ညနေခင်း ၊ လက်ဆောင်ပစ္စည်းတွေတစ်ပွေ.တစ်ပိုက်ကြီးနဲ. ကျွန်မရဲ. အခန်းလေးကိုပြန်တဲ.အချိန်မှာ တော. စာအိတ်လေးတစ်အိတ်နဲ. နှင်းဆီပန်းလေးတစ်ပွင်.က ကျွန်မကိုဆီးကြိုနေတာ တွေ.ရပါတယ်။ စာအိတ်လေးထဲ မှာ တော. ' ချိစ်လေးတွေ နဲ. ဧည်.ခံတဲအတွက် ကျေးဇူးပါ - ဂျွန် " လို.ရေးထားပြီး စာလေး ရဲ.အောက်ခြေမှာ သူ.ဖုန်းနံပါတ်ကိုပေးထားပါတယ်။

နောက်တစ်နှစ် Christmas Eve ရဲ. ညနေခင်းတစ်ခု မှာ ဂျွန်နဲ. ကျွန်မတို.ဟာ ဟာဝါယီ ကမ်းခြေမှာ လက်ထပ်လိုက်ကြပါတယ်။ နှစ်အတော်ကြာခဲ.ပါပြီ .. Christmas Eve ကိုရောက်တိုင်း ကျွန်မတို. ဇနီးမောင်နှံ ဟာ မစ္စတာနဲ. မစ္စစ်ဖီးလပ်စ် တို.နဲ. ပို.စကတ်လေး တွေကို အပြန်အလှန်လဲလှယ် ကြ ၊ အဓိပါယ်ရှိတဲ. ညခင်းလေးတွေ မှာ ၀ိုင်အတူသောက်၊ ညစာအတူ စားပြီး ပျော်ရွှင်ခဲ. ကြပါတယ်။

အခုချိန်အထိ လည်း Christmas Eve ကိုရောက်တိုင်း ကျွန်မဟာ စိတ်လှုပ်ရှားမှု ကြည်နူးမှုတွေနဲ. နိုးထမြဲပါပဲ ။ .............။
A little Magic Holiday - K.M Jenkins ကိုဆီလျော်အောင်ပြန်ဆိုပါသည်။

ဗျတ်ဇ

Saturday, November 21, 2009

ဘယ်သူ. ကို ယုံကြည်ရမလဲ

" ဆရာဝန်တွေက ကျွန်မကို ဘယ်တော.မှ လမ်းပြန်လျှောက်နိုင်တော.မှာ မဟုတ်ဘူး လို. ပြောတယ်။
အမေက တော. ကျွန်မကို လမ်းပြန်လျှောက်နိုင်လိမ်.မယ် လို. ပြောတယ်။ ကျွန်မ အမေ. ကို ယုံတယ်။ "

ဝေလ်မာ ရူဒေါ.လ်ဖ်



တန်နက်စီ ပြည်နယ်ရဲ. ဆင်ခြေဖုံး ဝေးလံခေါင်သီတဲ. အရပ်က တင်းကုပ်လေး မှာ မွေးဖွားခဲ. တဲ.ကောင်မလေး တစ်ယောက်အကြောင်းကိုပြောပြပါမယ်။ နေ.မစေ.လမစေ.ပဲ မွေးဖွားလာတဲ. သူမဟာ မွေးချင်း ၂၂ ယောက်ထဲ က ၂၀ ယောက်မြောက် ဖြစ်ပြီး အရမ်းကို ချည်.နဲ. တဲ. ကလေးလေးတစ်ယောက်ဖြစ်ခဲ.ပါတယ်။ သူ.ကိုအသက်ရှင်မယ်လို.တောင် ထင်မထားခဲ.ကြပါဘူး။ သူမ ရဲ. အသက် ၄ နှစ်မှာ နမိုးနီးယား ဆိုတဲ. အဆုတ်ရောင် ရောဂါ ၂ ကြိမ် ဖြစ်ခဲ. ပြီး ပြင်းထန်တဲ. ကျောက်ရောဂါ ရရှိခဲ.ပါတယ်။ ကြောက်စရာကောင်းတဲ. အဲဒီရောဂါတွေကြောင်.သူမဟာ သွက်ခြာပါဒ ဖြစ်ခဲ.ပြီး ဘယ်ဘက်ခြေထောက်တစ်ချောင်းဟာ လုံးဝလှုပ်လို.မရတော.ပါဘူး။ အဲဒါကြောင်. သူမှ ဟာ သံခြေထောက်အထိန်း ကို အမြဲဝတ်ဆင်ခဲ.ရပါတယ်။ ဒါပေမယ်. ကံကောင်းတာတစ်ခုကတော. သူမှာ အမြဲတမ်းအားပေးတတ်တဲ. မိခင်တစ်ယောက်ကိုရရှိထားတာပါပဲ။
ညဏ်ရည်ထက်မြက်တဲ. သူမ ဟာ သံခြေထိန်း ကြီးဝတ်ထားရပေမယ်. ဖြစ်ချင်တာ ဘာမဆိုဖြစ်အောင်လုပ်နိုင်မယ်လို. သူမရဲ. မိခင် က အားပေးပါတယ်။ အဲဒီလိုဖြစ်ချင်တာတွေဖြစ်အောင်လုပ်နိုင်ဖို. အတွက် ကိုယ်.ကို ယုံကြည်မှု ရှိဖို.၊ ဇွဲရှိဖို. ၊ကြိုးကြိုးကုပ်ကုပ်လုပ်ဆောင်ဖို.၊သတ္တိရှိဖို.၊ အနိုင်မခံအရှုံးမပေးတဲ.စိတ်ဓါတ်ရှိဖို. ကို သူမရဲ. မိခင်က အမြဲသွန်သင်ပါတယ်။

သူမ အသက် ၉ နှစ်ပြည်.တဲ.အချိန်မှာ တော. သံခြေထိန်းကြီးကိုချွတ်ပြီး လမ်းစလျှောက်ကြည်.ပါတယ်။ ဆရာဝန်တွေကသူ.ကိုဘယ်တော.မှ အကောင်းအတိုင်းပြန်ဖြစ်နိုင်မှာ မဟုတ်တော.ဘူးလို.ပြောကြပါတယ်။ နောက် ၄ နှစ်ကြာ တဲ. အခါ သူမဟာ တိုးတက်မှု အတော်လေး ရှိလာပြီး ခြေလှမ်းတွေ ကို ကျဲကျဲ နဲ.မှန်မှန်လျှောက်နိုင်လာပါပြီ။ အဲဒါဟာ ဆေးပညာ နယ်ပယ်အတွက်အံ.သြစရာတစ်ခုဖြစ်ခဲ.ပါတယ်။ နောက်တော. သူမ ဟာကမ္ဘာ. အတော်ဆုံး အပြေးချန်ပီယံ ဖြစ်လာရမယ်လို. မုချ ခံယူထားခဲ.ပါတယ်။
ဒီလိုခြေထောက်မျိုး ကို ပိုင်ဆိုင်ထားတဲ. သူမဟာ အပြေးသမားတစ်ယောက် ဖြစ်လာနိုင်ပါ.မလား။ ။။။
အသက်၁၃ နှစ် မှာ သူမအပြေးပြိုင်ပွဲ တစ်ခု မှာစတင်ယှဉ်ပြိုင်ပါတယ်။ သူမဟာ တကယ်.တကယ် ကို နောက်ဆုံးမှ ပန်းဝင်သူတစ်ယောက်ဖြစ်ခဲ.ပါတယ်။အဲဒီနောက် မှာ သူမဟာ ကျောင်းမှာကျင်းပသမျှ အပြေးပြိုင်ပွဲတိုင်းကိုဝင်ရောက်ယှဉ်ပြိုင်ပါတယ်။ အမြဲတမ်းနောက်ဆုံး ဖြစ်ခဲ.တာချည်းပါပဲ။ သူမကို အပြေးပြိုင်ပွဲမ၀င်ဖို. လူတိုင်းကတောင်းပန်ကြရပါတယ်။ ဒီလိုနဲ. တစ်နေ.မှာ အပြေးပြိုင်တစ်ခု ရဲ. ဒုတိယ နောက်ဆုံးတစ်ယောက်အဖြစ်တက်လှမ်းနိုင်ခဲ.ပါတယ်။ နောက်ဆုံးမှာ တော. ပြိုင်ပွဲတစ်ခု မှာ သူမ ပထမ ရခဲ.တဲ.နေ.ကို ရောက်ရှိခဲ.ပါတယ်။အဲဒီအချိန်က စလို. အပြေးပြိုင်ပွဲတိုင်းမှာ ဝေလ်မာ ရူဒေါ.လ်ဖ် ဟာ ဗိုလ်စွဲ ခဲ.ပါတယ်။

အထက်တန်းပြီးတဲ. အခါမှာ သူ မဟာ တန်နက်စီပြည်နယ် တက္ကသိုလ်ကို တက်ခွင်.ရခဲ.ပြီး အက်ဒ် တန်ပယ်လ် ဆိုတဲ. နည်းပြ တစ်ယောက်နဲ. တွေ.ဆုံခဲ.ပါတယ်။ နည်းပြ ဟာ သူမဆီမှာ အနိုင်မခံ အရှုံးမပေးတဲ.စိတ်၊ကိုယ်.ကိုကိုယ် ယုံကြည်မှု ၊ ထူးခြားတဲ. ပါရမီတွေရှိတယ်ဆိုတာကို သတိပြုမိခဲ.တယ်။ ဒါနဲ.သူ ဟာ သူမကို သေသေချာချာ လေ.ကျင်.ပေးပြီး ၁၉၆၀ ရုန်းမ် အိုလံပစ် ပြိုင်ပွဲကိုဝင်စေခဲ.ပါတယ်။ အဲဒီမှာ သူမဟာ အဲဒီအချိန်ရဲ. အတော်ဆုံး အပြေးမယ် ဂျာမန်သူ ဟူးတား ဟိုင်နယ် နဲ. အတူယှဉ်ပြိုင်ဖို.ကြုံလာပါတယ်။ ဘယ်သူမှ ဟူးတား ကိုအနိုင်မယူနိုင်ခဲ.သေးပါဘူး။ဒါပေမယ်. ၁၀၀ မီတာတာတို ပြိုင်ပွဲမှာ ဝေလ်မာ ဟာ ဗိုလ်စွဲခဲ.ပါတယ်။ နောက်ထပ် ၂၀၀ မီတာ ပြိုင်ပွဲမှာ လဲ ဝေလ်မာ ဟာ ဟူးတား ကို အနိုင်ယူ ခဲ.ပါတယ်။ ဝေလ်မာတစ်ယောက် အိုလံပစ် ရွှေတံဆိပ်နှစ်ခု ကိုဆွတ်ခူးနိုင်ခဲ.ပါပြီ။ နောက်ဆုံးမှာတော. မီတာ ၄၀၀ လက်ဆင်.ကမ်းအပြေးပြိုင်ပွဲ ကိုရောက်ရှိခဲ.ပါတယ်။ ဒီတစ်ကြိမ်မှာ လည်း သူမဟာ ဂျာမန်သူဟူးတား နဲ.ယှဉ်ပြိုင်ခဲ.ရပါတယ်။ ဝေလ်မာ ရဲ. အသင်းမှာ ရှိတဲ. ပထမအပြေးသမား နှစ်ယောက် ဟာ ကောင်းမွန်စွာ လက်ဆင်.ကမ်းနိုင်ခဲ.ပါတယ်။ ဒါပေမယ်. တတိယ အပြေးသမားက ဝေလ်မာ ကို လက်ဆင်. ကမ်းတုတ်ကို လှမ်းပေးပြီးတဲ. အခါမှာ သူမဟာ အရမ်းစိတ်လှုပ်ရှားပြီး အဲဒီတုတ်လွတ်ကျမှာကို အလွန်ပဲစိုးရိမ်နေခဲ.ပါတယ်။ ပြီးတော. သူဟာ ဟူးတား ပန်းဝင်လု ဖြစ်နေပြီဆိုတာကိုတွေ.လိုက်ရပါတယ်။ အဲဒီအချိန်မှာ ဟူးတားကိုကျော်ပြီး အရမ်းလျင်မြန်တဲ. အရှိန်နဲ. ပန်းဝင်နိုင်ဖို. အတွက် ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါပေမယ်. ဝေလ်မာ လုပ်နိုင်ခဲ.ပါတယ်။ သူမဟာ တတိယမြောက် အိုလံပစ်ရွှေတံဆိပ်ကို ဆွတ်ခူးနိုင်ခဲ.ပါတယ်။

အဲဒီနေ.မှာ သူမဟာ ကမ္ဘာပေါ်မှာ ပထမဆုံး အိုလံပစ်ရွှေတံဆိပ် ၃ ခု ကိုဆွတ်ခူးနိုင်ခဲ. တဲ. အမျိုးသမီးအားကစားသမားအဖြစ် သမိုင်းမှတ်တိုင်စိုက်ထူနိုင်ခဲ.ပါတယ်။

သူတို.ပြောခဲ.တာ သူမဟာ ဘယ်တော.မှ လမ်းပြန်လျှောက်နိုင်တော.မှာမဟုတ်ဘူးတဲ. .................။

More Sower's Seed - Who to believe ? ကိုဆီလျော်အောင်ပြန်ဆိုပါသည်။

ဗျတ်ဇ

ကြိုတင်ပြင်ဆင်ခြင်းနှင်. ကိုယ်.ကိုကိုယ် ယုံကြည်မှု


ပြီးခဲ.တဲ. ကြာသပတေးနေ. က ကျွန်တော်. ဟိုတယ်မှာ Sales & Marketing အပတ်စဉ် အစည်းအဝေးလုပ်ပါတယ်။ တစ်ပတ်အတွင်းမှာ ကျွန်တော် တို. Generate လုပ်ခဲ. တဲ. Revenue ဘယ်လောက်ရှိတယ် ၊ Budget နဲ. ဘယ်လောက်ကွာဟတယ် ၊ Outlook ကဘယ်လိုအနေအထား မှာ ရှိတယ်၊ နောက်တစ်ပတ်အတွက် ရပ်တည်မှုအခြေအနေကဘယ်လိုရှိတယ်။ စသဖြင်.ပေါ. ကျွန်တော် တို. ဆွေးနွေးလေ. ရှိတယ်။ ကျွန်တော် တို. အရောင်းသမားတွေက တော. တစ်ပတ်အတွင်းမှာ အခန်းဘယ်လောက်ရောင်းခဲ.ရလဲ၊ ဘယ်လောက်ဖိုးရောင်းရလဲ၊ Group တွေ ဘယ်နှစ်ခုဝင်တယ်၊ စသဖြင်. Power Point presentation နဲ. တင်ပြရပါတယ်။ ဖြစ်ချင်တော. အဲဒီနေ.မှာ ကျွန်တော်အတော်. ကို အလုပ်များပါတယ်။ မသွားရင် မဖြစ်တဲ. last minute အပွိုင်.မန်.တွေနဲ. ကျွန်တော် ပရီစန်တေးရှင်း ကိုလုပ်ဖို. ၁၅ မိနစ်လောက်ပဲ အချိန်ရခဲ.ပါတယ်။ အစည်းအဝေးက ၅ နာရီ စမှာ ကို ကျွန်တော် ၄ နာရီ ၄၀ မှ ဟိုတယ်ကို ပြန်ရောက်ပါတယ်။ အစည်းအဝေးမှာ ပုံမှန်လာတက်လေ.မရှိတဲ. GM လာမယ် ၊ အခု မှ အသစ်ပြောင်းလာတဲ. Room Division ဒါရိုက်တာ ပါမယ် ဆိုတာကိုကျွန်တော် ကြိုသိထားပါတယ်။ ကျွန်တော်. ပြည်.စုံမှုမရှိတဲ. Presentation အပေါ်မှာ ယုံကြည်မှု အပြည်.အ၀မရှိခဲ.ပါဘူး။ အမှန်အတိုင်းပြောရရင် ကျွန်တော် နည်းနည်းပြာနေခဲ. ပါတယ်။ ဒီတော. ကျွန်တော်.မှာ worry ၀င်လာပါတယ်။ Worry ၀င်လာတော. ကိုယ်.ကိုကိုယ် ယုံကြည်မှုနည်းသွားခဲ. ပါတယ်။ ကိုယ်.ကိုကိုယ် ယုံကြည်မှု နည်းသွားတဲ. အခါမှာ ကိုယ်လုပ်တဲ. အလုပ်ဟာ အကောင်းဆုံး မဖြစ်နိုင်တော.ပါဘူး။ Presentation လုပ်တဲ. အခါ ခါတိုင်းလိုမဟုတ် ကျွန်တော်. အသံတွေတုန်နေတာ ကိုကျွန်တော် သတိထားမိပါတယ်။ ကျွန်တော်ပြင်ဆင်မထားတဲ.၊ အင်ဖော်မေးရှင်းစုံစုံလင်လင် ရမထားတဲ. မေးခွန်းတွေကို တစ်ယောက်ယောက်က ထ မေးလေမလားဆိုတဲ. အသိကလည်းခေါင်းထဲမှာ ၀င်နေပါတယ်။ ဆိုလိုတာ ကတော. ကျွန်တော်. Presentation ကအကောင်းဆုံး မဖြစ်ခဲ.ပါဘူး။ ဘာဖြစ်လို. လည်း လို. သုံးသပ်ကြည်.တော. ကိုယ်.ကိုကိုယ် ယုံကြည်မှု မရှိတာကြောင်.လို. အဖြေရပါတယ်။အဲဒါဟာ အရေး ကြီးပါတယ်။ ကိုယ်.ကိုကိုယ် ယုံ ကြည်မှု ရှိတဲ. လူတစ်ယောက်ဟာ ဘာမှမလုပ်ရသေးခင် ၅၀ ရာခိုင်နှုန်း အောင်မြင်ပြီးသားလို. ဆိုကြပါတယ်။ ကိုယ်.ကိုကိုယ် ယုံ ကြည်မှု ရှိဖို. ဆိုတာကလည်း လုံလောက်တဲ. ပြင်ဆင်မှု ကအရေးပါပါတယ်။ “One important key to success is self-confidence. An important key to self-confidence is preparation.” အောင်မြင်မှုအတွက် အရေးကြီးတဲ. သော.ချက်တစ်ခု ဟာ ကိုယ်.ကိုကိုယ် ယုံကြည်မှု ဖြစ်တယ်။ ကိုယ်.ကိုကိုယ် ယုံကြည်မှု ရှိဖို.အတွက် အရေးကြီးတဲ. သော.ချက် က ကြိုတင် ပြင်ဆင်မှုဖြစ်တယ်လို. ကမ္ဘာကျော်လူမည်းတန်းနစ်သမား အာသာအက်ရှ် ကပြောခဲ.တာ ကို မှတ်သားဖူးပါတယ်။ ကိုယ်.ကိုကိုယ် ယုံကြည်မှုနဲ. ပတ်သတ်လို. တစ်ခါတုန်းက ကျွန်တော်ဖတ်ဖူး တဲ. ဇတ်လမ်းလေးတစ်ပုဒ်ရှိပါတယ်။
အလွန်အရေးကြီးတဲ. တိုက်ပွဲ တစ်ခု မှာ ဂျပန်စစ်ဗိုလ်ချုပ်ကြီးတစ်ယောက်ဟာ သူ.တပ်မှာ တပ်သားအင်အားနည်းနည်းပဲ ကျန်ခဲ.ပေမယ်. တိုက်ပွဲ ကို ဆက်တိုက်မယ် လို. ဆုံးဖြတ်ချက်ချခဲ.ပါတယ်။ သူ.မှာ ဒီတိုက်ပွဲ ကို နိုင်ကို နိုင်ရမယ်ဆို တဲ. ယုံကြည်မှု ကပြင်းပြင်းထန်ထန်ရှိနေတယ်။ ဒါပေမယ်. သူ.ရဲ. တပ်သားတွေက ကြောက်လန်.နေကြတယ်။ တိုက်ပွဲမှာ နိုင်လိမ်.မယ်လို. မယုံကြည်ကြဘူး။ ဒါပေမယ်. ဗိုလ်ချုပ်ရဲ.အမိန်.ဆိုတော.သူတို.လွန်ဆန်လို.မရဘူး။ ရန်သူစစ်တပ်ဆီကို သွားတဲ. လမ်းမှာ ဘုရားကျောင်းဆောင်အပျက်ကလေးနားကို ရောက်ပါတယ်။ အဲဒီ မှာ ဗိုလ်ချုပ်ကြီး က သူ.တပ်သားအားလုံးကို ရပ်ခိုင်းလိုက်ပြီး ဆုတောင်းစေပါတယ်။ သူကိုယ်တိုင်လည်းဆုတောင်းပါတယ်။ ပြီးတော.သူက
" ရဲဘော်တို. . ငါတို.ဟာ ဒီတိုက်ပွဲကိုနိုင်ကိုနိုင်လိမ်.မယ်ဆိုတာငါသိတယ်။ ငါတို.အားလုံးရဲ. ဘိုးဘေးတွေဆီမှာလည်းငါတို. ဆုတောင်းပြီးပြီ။ ဒီတိုက်ပွဲအတွက်လုံလောက်တဲ. လေ.ကျင်.မှု တွေလည်းငါတို.ပြုခဲ.ပြီးပြီ။ ဒီတော.နောက်ဆုံး အနေနဲ. ငါတို. ကံကြမ္မာကို ကြည်.ကြရအောင် ' လို.ပြောပြီး ဗိုလ်ချုပ်ကြီးက အကြွေစေ.တစ်စေ. ကို သူ. အိတ်ထဲ က ထုတ်လိုက်ပါတယ်။
" ငါအခု ဒီအကြွေစေ. ကို ခေါင်းပန်းလှန်မယ်၊ တကယ်လို. ခေါင်းဆိုရင် ငါတို. ဒီတိုက်ပွဲကို နိုင်မယ်၊ တကယ်လို.ပန်းဆိုရင်တော. ဒီတိုက်ပွဲကို ငါတို. ရှုံးမှာပေါ.ကွာ ဆို ပြီး အကြွေစေ.လေးကို လေထဲကို မြောက်လိုက်ပါတယ်။ ပြန်ကျတဲ. အခါမှာ အကြွေစေ.လေး က ခေါင်းဖြစ်နေပါတယ်။ အဲဒီအခါ တပ်သားတွေ ဟာ အားရ၀မ်းသာ ဖြစ်ပြီး ဟစ်ကြွေးကြပါတယ်။ သူတို.ကိုယ် သူတို. ယုံကြည်မှု လည်း ၀င်လာခဲ.ပါပြီ။နောက်ဆုံးမှာတော. ရန်သူစစ်တပ်ကြို အားကြိုးမာန်တက် တိုက်ခိုက်လိုက် ကြပြီး သူတို.အောင်ပွဲ ခံနိုင်ခဲ.ကြပါတယ်။ တိုက်ပွဲ ပြီးတဲ. အခါမှာတော. စစ်ဗိုလ်လေးတစ်ယောက်က ..
" ဗိုလ်ချုပ်ကြီး ၊ ကျွန်တော် တို. ကိုအခု ကံကြမ္မာကမျက်နှာသာ ပေးခဲ. ပြီ၊ ကံကြမ္မာ ကို ဘယ်သူကမှ ပြောင်းလဲ လို.မရနိုင်ဘူး ဗျ " လို. ပြောပါတယ်။ အဲဒီအခါမှာ ဗိုလ်ချုပ်ကြီးက မင်းပြောတာသိပ်မှန်တာ ပေါ.ကွာ ဆို ပြီး အကြွေစေ.လေး ကို ထုတ်ပြီး ပြလိုက်ပါတယ်။ အကြွေစေ. လေး ရဲ. မျက်နှာနှစ်ဖက်စလုံး ဟာ ခေါင်းတွေ ပဲ ဖြစ်ပါတယ်။

ဒီဇတ်လမ်းလေးက ပေးတဲ. Moral က ရှင်းပါတယ်။ ကိုယ်.ကိုကိုယ် ယုံကြည်မှု ရှိ ဖို.ပါပဲ။ ပြီးတော. ဗိုလ်ချုပ်ကြီးဟာ အဲ ဒီအကြွေစေ.လေး ကို စစ်မတိုက်ခင် ကတည်းက ကြိုတင် ရှာထားခဲ. ပါတယ်။ ဘုရားကျောင်းအပျက်လေး ဆီကို ဖြတ်သွားနိုင် တဲ. လမ်းကို လည်း သူဟာ ကြိုတင်လေ.လာထားခဲ. ပါတယ်။

အားလုံး ပဲ လုံလောက်တဲ. ကြိုတင်ပြင်ဆင်မှုတွေနဲ. ကိုယ်.ကိုကိုယ် ယုံကြည်မှု ရှိကြပါစေ။

ဗျတ်ဇ

Friday, November 20, 2009

August Rush



တစ်ရက်က ကျွန်တော် ရုပ်ရှင်ဇတ်ကားလေးတစ်ကားကြည်.ဖြစ်ခဲ.ပါတယ်။ ဇတ်ကားလေးရဲ. နာမည်က August Rush တဲ.။ နာမည်လေးက အဆန်းသားဆိုပြီး ကျွန်တော်ကြည်.ဖြစ်ခဲ.တာပါ။ ဇတ်ကားရဲ. ပိုစတာ ကလည်း ဂစ်တာကိုင်ထားတဲ.ပုံဆိုတော. Musical ဇတ်ကားတွေကြိုက်တဲ.ကျွန်တော်. အတွက်ပိုပြီးစိတ်ဝင်စားတာပေါ.။ဒီကားလေးကဟောင်းတော.ဟောင်းနေပါပြီ။ ၂၀၀၇ ခုနှစ်ကတည်းကထွက်ထားတာ။ ဒါရိုက်တာ Kirsten Sheridan ရိုက်ပြီးတော. ဇတ်လမ်းကို Paul Castro, Nick Castle နဲ. James V. Hart တို.က ရေးပါတယ်။ အဲဒီဇတ်ကားလေး ကို Charles Dickens ရဲ. ခေတ်သစ် Oliver Twist လို.ပြောကြပါတယ်။ဒီဇတ်ကား အစက ရိုမန်းတစ် ဆန်သလိုလိုနဲ. နောက်ဆုံးပြီးတဲ.အချိန်အထိ ၊ ရသမျိုးစုံကိုပေးစွမ်းနိုင်ခဲ.ပါတယ်။ မိဘမေတ္တာ၊ ပါရမီ၊ အချစ်၊ဘ၀၊ ဂီတ အကြောင်းအရာမျိုးစုံကို တွေ.ရမှာပါ။ တော်တော်လေးကြည်.လို.ကောင်းပါတယ်။ရိုက်ထားတဲ. ရှုခင်းတွေ တင်ပြပုံတွေ ဟာပြောစရာမရှိပါဘူး။ ဒီဇတ်ကားလေးဟာ ၂၀၀၈ အော်စကာ ဇကာတင်စာရင်းထဲမှာပါခဲ.ပါတယ်။ ၂၀၀၈ ခုနှစ်အတွက် Saturn Awards - အကောင်းဆုံး ကလေးသရုပ်ဆောင်ဆု ကို August Rush အဖြစ်သရုပ်ဆောင်တဲ. Freddie Highmore ကရရှိခဲ.ပါတယ်။ Freddie Highmore က တခြား Charlie and the Chocolate Factory တို. Golden Compass တို. မှာပါဖူးပါတယ်။ ဒီဇတ်ကားမှာ သူရဲ. တွဲဖက်သရုပ်ဆောင် Leon Thomas III ကလည်း Academy of Science Fiction, Fantasy & Horror Films, USA ကပေးတဲ. အကောင်းဆုံး ကလေးဇတ်ပို.ဆုကိုရရှိခဲ.ပါတယ်။ နာမည်ကျော်မင်းသားကြီးတွေဖြစ်တဲ. Robin Williams တို. Terrence Howard တို.ကပါ ဒီဇတ်ကား မှာ ပါဝင်အားဖြည်.ထားပါတယ်။ ကြည်.သင်.တဲ.ဇတ်ကားကောင်းတစ်ကားပါပဲ။

ဇတ်လမ်းအကျဉ်း

အီဗန်တေလာ ဆိုတဲ. ချာတိတ်လေး နဲ. ဇတ်လမ်းကို စပါတယ်။ အဲဒီကောင်လေး ဟာ မိဘမဲ.ဂေဟာလေးတစ်ခုမှာ ကြီးပြင်းခဲ.ပါတယ်။ သူ.မှာ ပါရမီထူးတစ်ခုပါလာတယ်။ အရာဝတ္တုတိုင်း ရဲ. အသံတွေကို သူက ဂီတသံလိုခံစားနိုင်ပါတယ်။ ဥပမာလေတိုးသံ ၊ ကားသံ၊ စက်သံ၊ သစ်ရွက်လှုပ်သံ စသဖြင်. အသံတိုင်းဟာ သူ.အတွက်ဂီတပါပဲ။ သူက သူ.မိဘတွေဆီ က ဂီတသံကိုကြားနိုင်တယ်လို.လည်း ယုံကြည်ပါသေးတယ်။ သူ.ကို တစ်နေ.နေ.သူ.မိဘတွေကပြန်ခေါ်မယ်လို.သူလုံးဝယုံကြည်ထားပါတယ်။သူ.မှာဒီထက်ပိုခိုင်မာတဲ.ယုံကြည်ချက်တစ်ခုရှိပါသေးတယ်။ အဲဒါက တကယ်လို. သူဟာ ဂီတ အနုပညာ ရပ်တစ်ခုခု ကို တတ်ကျွမ်းမယ်ဆိုရင် သူမိဘ တွေနဲ. ပြန်တွေ.ဖို.ပိုအခွင်.အရေးရှိမယ်ဆိုတာကိုပါပဲ။ ဒါနဲ.သူ မိဘမဲ.ဂေဟာ ကနေ နယူးယော.ခ် ကို ထွက်ပြေးပါတယ်။ နယူးယော.ခ် ကိုရောက်တော. လမ်းဘေးမှာ ဂစ်တာတီး ပြီး ပိုက်ဆံတောင်း တဲ. Arthur ဆို တဲ. ချာတိတ်လေးနဲ.တွေ.ပါတယ်။ သူက Arthur ဂစ်တာတီးတာ ကို သဘောကျပြီး သင်ချင်တဲ.စိတ်နဲ. Arthur နောက်ကို လိုက်ပါတယ်။ ဒီကြားထဲမှာ အီဗန်တေလာ ရဲ. မိဘတွေအကြောင်း ကို အပိုင်းလေး တွေခွဲပြီးတင်ပြသွားတာ အရမ်းကိုကောင်းပါတယ်။ နောက် ပိုင်း ဇတ်လမ်းကို တော.မရေးတော.ပါဘူး။ အရသာခံပြီးကြည်.ရင် ပိုပြီး ကောင်းမှာပါ။ ဒီဇတ်ကား ကို ကျွန်တော် ကြယ်ငါးပွင်.ပေးပါတယ်။

ဗျတ်ဇ

Thursday, November 19, 2009

အိုင်ဖုန်း နဲ. အိုင်ပေါ.ထဲကို ဇော်ဂျီ မြန်မာကီးဘုတ် ထည်.မယ်။

သတင်းကောင်းလေး တစ်ခုပါးချင်ပါတယ်။ အိုင်ဖုန်း နဲ. အိုင်ပေါ. တွေထဲကို ဇော်ဂျီ ကီးဘုတ် နဲ. ဖောင်.ထည်.လို.ရပါပြီ။ အရင်တုန်း ကတော. ဇော်ဂျီဖောင်. ပဲ ထည်.လို.ရပါတယ်။ ဆာဖာရီ နဲ. ၀က်ပေ.ခ်ျတွေလောက် ကိုပဲ ဖတ်လို.ရတာ ၊ အခု ဆို ဂျီမေးမှာ လည်း ကြည်.လို.ရပြီ။ ဖေ.စ်ဘွတ်ခ် လဲ ကြည်.လို.ရပြီ။ ဂျီတော.မှာလည်း မြန်မာလို ပြောလို.ရပြီ။ အိုင်ပေါ.မှာလည်း မြန်မာလိုပေါ်တယ်။ အရမ်းကို အဆင်ပြေသွားပါပြီ။ ပရိုဂရမ်ရေးတဲ. ကိုစေတန်ဂေါ.ဒ် ကို ကျေးဇူးအထူး တင်ပါတယ်။ cydia ပေါ်မှာ အလကားတင်ပေးတဲ. အတွက်လည်း လေးစားပါတယ်။ လုပ်ပုံလုပ်နည်း အဆင်.ဆင်.ကိုတော. သူ.ဘလော.ဂ်ထဲမှာ သေသေချာချာပြည်.ပြည်.စုံစုံဖော်ပြထားပါတယ်။ ဒီနေရာ မှာ သွားလည်ကြည်. ကြပါ။









ပုဂံအလွမ်းပြေ

လူမျိုးတိုင်း နိုင်ငံတိုင်းမှာ ကိုယ်ပိုင် ယဉ်ကျေးမှု အမွေအနှစ်တွေရှိကြပါတယ်။ အီဂျစ်မှာ ဆို ပိရမစ်ကြီးတွေ ၊ တရုတ်ပြည်မှာဆို မဟာတံတိုင်းကြီး ၊ ကမ္ဘောဒီးယားမှာ ဆို အန်ကောဝပ်ကျောင်းတော် ၊ အိန္ဒိယမှာ တပ်ဂ်ျမဟာလ် စသဖြင်. ကျွန်တော်သွားချင်ပေမယ်. အခုထက်ထိမရောက်သေးတဲ.နေရာတွေတစ်ပုံကြီး ကျန်သေးပါတယ်။ တစ်နှစ်လုံး လုံး အလုပ်တွေ ကို နဖူးကချွေး ခြေမကျအောင်လုပ်ပြီးတဲ.နောက် စက်တင်ဘာတစ်လလုံးကျွန်တော်ခွင်.ရပါတယ်။ ဒီတော. ဘယ်ကိုသွားမလဲစဉ်းစားကြည်.ရတာပေါ.။ တခြားအဲဒီလို နိုင်ငံတွေကို သွားဖို.ကြတော. ကြိုတင်ပြင်ဆင်ထားမှု ဘာမှ မရှိတာနဲ.ပဲ ကိုယ်.မြန်မာပြည်ထဲမှာ ပဲ လည်ပတ်ဖို.ဆုံးဖြတ်လိုက်ရင်း နောက်ဆုံးတော. ပုဂံကိုပဲရောက်သွားခဲ.ပါတယ်။ တခြားဘယ်နိုင်ငံမှ မသွားနိုင်သေးခင် ကိုယ်.နိုင်ငံကို ပဲစုံအောင်လည်ကြည်.သင်.တယ်လို.ထင်ပါတယ်။ ကျွန်တော်တို. နိုင်ငံမှာလည်း လည်ပတ်စရာ ၊ လေ.လာစရာနေရာတွေတစ်ပုံကြီးပါ။

ဂုဏ်ယူစရာကောင်း တဲ. သမိုင်းယဉ်ကျေးမှုအမွေအနှစ်တွေကို တွေ.နိုင်တဲ.နေရာတွေအများကြီးပါ။ အဲဒီထဲက မှ ကျွန်တော်က ပုဂံနဲ.ပတ်သတ်ရင် သိပ်ကိုဂုဏ်ယူပါတယ်။ တကောင်း၊ သရေခေတ္တရာ ၊ပုဂံ ၊ ပင်းယ၊ အင်းဝ၊ကုန်းဘောင် စသဖြင်. ခေတ်အလိုက် ကျွန်တော်တို. ရဲ.မြန်မာ.သမိုင်းကြောင်းရှည်လာခဲ.တာနဲ.အမျှ မြန်မာ.ယဉ်ကျေးမှု ကလည်း ခိုင်ခိုင်မာမာရပ်တည် ခဲ.တယ်လို.ထင်ပါတယ်။ အဲဒီထဲမှာမှ ကျွန်တော်တို.မြန်မာ.ယဉ်ကျေးမှုအနုလက်ရာတွေ ကို ထင်ထင်ရှားရှား လက်ရှိမြင်တွေ.နေနိုင်သေးတဲ. ပုဂံကို ကျွန်တော်သိပ်ကြိုက်ပါတယ်။ ပုဂံဟာ အရမ်းကိုခမ်းနားတဲ. နေရာတစ်ခုလို.ပြောရင်ရပါတယ်။

ဒါနဲ. ပဲ ရန်ကုန်ရောက်ပြီးသိပ်မကြာခင် Sakura Tower မှာ ရှိတဲ. သိရိပစ္စယာ ဟိုတယ် Sales Office ကို သွားပြီး ဘွတ်ကင်လုပ်ပါတယ်။ အဲဒီ က Sales Manager ကောင်မလေး က အလွန်ဆုံး ရှိလှ ၂၄ ၊ ၂၅ နှစ်ပေါ. ။ တော်တော်သဘောကောင်းပါတယ်။ အခန်းခ က တခန်းကို မြန်မာငွေ ၄၀၀၀၀ ကျပ်ပါ။ ၂ ယောက်ခန်းတစ်ခန်းကိုပေါ.။ တကယ်က သူတို.ဆီမှာ Superior ရယ် ၊ Garden view ရယ် ၊ River View ရယ် ၊ Suite ရယ် ဆို ပြီး အခန်းအမျိုးအစားတွေရှိပါတယ်။ ကျွန်တော်တို. မြန်မာလူမျိုးတွေ အတွက် ပရိုမိုးရှင်းပေးထား တဲ. အဲဒီ ၄၀၀၀၀ တန် အခန်း က အနိမ်.ဆုံး Superior အခန်း ဗျ။ တီဗွီ မပါဘူးဆိုပဲ။ ထည်.ပေးမယ်လို.တော.ပြောပါတယ်။ ကျွန်တော် လည်း ဟိုတယ် Sales မှာလုပ်နေတာပဲ။ အဲဒီလောက်ဘယ်အမလဲ။ ကျွန်တော်. ကို ဒီဈေးနှုန်းအတိုင်း ပဲ ၊upgrade လုပ်ပေးဖို. တောင်းဆိုတာပေါ.။ သူက MD ကိုပြောပေးမယ်ဆို ပြီး ရုံးခန်းထဲ ၀င်သွားတယ်။ ပြန်ထွက်လာတော. ဟိုတယ် ၀န်ထမ်းအချင်းချင်းမို. တဲ. အကို. ကို upgrade လုပ်ပေးမယ်လို.ပြောပါတယ်။ ဒီလိုနဲ. ကျွန်တော် River View အခန်းကို ရ ခဲ.ပါတယ်။



ဒီလိုနဲ. ပဲ ပုဂံ ကို သွားမယ်ဆိုပါတော.ဗျာ။ ကျွန်တော်စဉ်းစားကြည်.တယ် ၊ ဘာနဲ. သွားရင်ကောင်းမလဲပေါ.။ လေယာဉ်ပျံနဲ. ကြတော. ဈေးကြီးတယ်ဗျ။ တစ်ချိန်လုံးလည်း မြန်မာပြည်ကို ပြန်လာဖို. လေယာဉ်စီးလာခဲ.ရလို.အီနေပြီ။ ကားနဲ. သွားတာက တစ်ချိန်လုံး ထိုင်နေရ တာ တင်ပါးလည်းညောင်း ၊ ခြေထောက်လည်းညောင်းမို.မကြိုက်ဘူး။ နောက်ဆုံး အတွေ.အကြုံအသစ်လည်း ဖြစ်အောင် ၊ လူပင်ပန်းတာလည်း သက်သာအောင်ဆို ပြီး ရ ထား ကိုရွေးလိုက်တယ်။ အဲ ဒီ Sakura Tower ရှေ.က ဘူတာလက်မှတ်ရုံမှာ ပဲ သွားဝယ်တယ်။ ဘယ်ရထားအကောင်းဆုံး လည်းလို.မေးတော. ၊ ဒဂုံမန်း ကအကောင်းဆုံး ပဲတဲ.။ ပုဂံ ကို နေပြည်တော်က သွားလည်း ရတယ်။ မန္တလေး ကသွားလည်းရတယ်။ နေပြည်တော်ကတော. လမ်းပိုသင်.တာပေါ.။ ဒါပေမယ်. ကျွန်တော် က မန္တလေး မှာ ရှိတဲ. အမျိုးတွေဆီလည်း သွားလည်ချင်တာနဲ. ။ မန္တလေး လက်မှတ်ပဲ ၀ယ်လိုက်တယ်။ လက်မှတ်ရုံ မှာ ကြည်.တော. နောက် ၃ ရက်စာအတွက် လက်မှတ်က ကုန်ပြီ။ လက်မှတ်ရောင်းကို မေးကြည်.တော. သူကပြောတယ်။ လက်မှတ်တွေက တော. ကုန်ပြီအကို ၊ ဒါပေမယ်. ကျွန်တော် ကူညီလို. ရပါတယ်တဲ. ။ ဒီလိုနဲ. ပဲ ၈၀၀၀ တန် လက်မှတ်ကို ၁၅၀၀၀ ပေးဝယ်ခဲ.ရပါတယ်။

ဒဂုံမန်း ၊ အကောင်းဆုံး ရထားဆိုတာ က ကျွန်တော် တော်တော်. ကို စိတ်ညစ်သွားတယ်။ ဂျပိုး ၊ ပင်.ကူ၊ ပုရွက်ဆိတ်၊ ပိုးဟတ် ၊ ကြွက် ၊ ပုစဉ်း ၊ ခြင် ၊ ယင် ၊ ပိုးဖလံ အကုန် အကုန် ကို ရှိသဗျာ။ ဘူတာတိုင်းလည်း ရပ်တယ်။ ရထားကလည်းနှေးတယ်။ လူကပိုတောင်ပင်ပန်းသေးတယ်။ ရေသန်.ဘူး ၀ယ်သောက် တာ တစ်ဘူး ကို ၂၀၀ တဲ. ။ တစ်ထောင်တန်ပေးလိုက်တယ် ။ အကို အကြွေ မရှိလို. တဲ. ပြီးရင် ပြန်လာအမ်းမယ် ဆို ပြီး သကောင်.သား က ရထားသာ ထွက်သွား တယ် ပြန်ပေါ်မလာတော.ဘူး။ စပေးလိုက်ကတည်း က ထင်တော. ထင် ပါတယ်။ ဒါပေမယ်. သြော် သူမလုပ်လောက်ပါဘူး လေ လို. တွေးလိုက်မိတာကိုး ။ မန္တလေး ကို ၃ နာရီလောက် နောက်ကျ ပြီးရောက်တယ်။ လမ်းမှာ ရထားပြတ်လို. အကြာကြီး ရပ်ရသေးတယ်။ ကျွန်တော် လည်း ရထား ကို ကြောက်ပြီး ၊ ကားနဲ. ပဲ ပုဂံ ကို သွားဖို. ဆုံးဖြတ်လိုက်တယ်။ မန္တလေး မှာ တစ်ည အိပ်တယ်။ နောက်နေ. တစ်နေ.လုံး အမျိုးတွေ က ကားနဲ. မန္တလေး တစ်ခွင်လိုက်ပို.တယ်။ နောက်တနေ. မနက် မန္တလေးက နေ ပုဂံ ကို ကားနဲ. ထွက်ခဲ.ပါတယ်။ ကားလက်မှတ်ခ က ၄၀၀၀ ပဲ ပေးရတယ်။ ရွှေမန်းသူနဲ. ။
မနက် ၈ နာရီလောက် က မန္တလေးက ထွက်တာ နေ.လည် ၂ နာရီမှာ ပုဂံကို ရောက်ပါတယ်။ ၆ နာရီလောက်ပဲ မောင်းရတယ်။ လမ်းလည်းကောင်းပါတယ်။ ဖုန်တွေနည်းနည်း ထူတာက လွဲ လို.ပေါ.။ ရထားထက်အများကြီးသာတယ်။ ဟိုတယ်ကို ရောက်ရောက်ချင်း ရေ ကူးကန် ထဲ ဆင်းပြီးရေ ကူးပစ်လိုက်တယ်။



ဟိုတယ်က တော်တော်ကောင်းပါတယ်။ ဧရာ ၀တီ မြစ်ကမ်းပေါ်မှာ ဆောက်ထားတယ်။ ၂၄ ဧက လောက်ကျယ်တယ်။ ဟိုတယ် နာမည်ကို က Bagan Thiripyistaya Sanctuary Resort ဆိုတော. ပန်း နွယ်သစ်ပင်တွေ နဲ. Gardening သေသေချာချာလုပ်ထားတယ်။ ၀န်ထမ်းတွေက လည်းတော်တော်ကို ဖော်ဖော်ရွေရွေရှိကြပါတယ်။
နောက်တစ်နေ.မနက် မှာ မြင်းလှည်း ကို စီးလုံးငှားပြီး လျှောက်လည်တော.တယ်။ တစ်နေ.လုံး အတွက် ၁၃၀၀၀ ကျတယ် မြင်းလှည်းခက ၊ ပုံမှန်ဆို ၁၅၀၀၀ ယူတယ်တဲ. ၊ အခုလျှော.ပေးတာတဲ. ဧည်.သည်ပါးလို.တဲ.။

ဒီလိုနဲ. ပုဂံ အကြောင်း တွေ ၊ မြင်ကွင်းတွေ ၊ သမိုင်းတွေ က ကျွန်တော်. ခေါင်းထဲ ကို စ၀င်လာပါပြီ။



ကျွန်တော်တို.ရဲ. ယဉ်ကျေးမှုဟာ ဗုဒ္ဓဘာသာကို အခြေခံပါတယ်။ဗုဒ္ဓဘာသာကို အခြေပြုပြီးထွန်းကားခဲ.တယ်လို.ပညာရှင်တွေက ဆိုပါတယ်။ ဗုဒ္ဓသာသနာ ဟာ အေဒီ တစ်ရာစု အစပိုင်းလောက်မှာ မြန်မာနိုင်ငံကို စတင်ရောက်ရှိလာပြီး၊ လေးရာစု မှာ သထုံနဲ. သရေခေတ္တရာကို ရောက်တယ်လို.ဆိုပါတယ်။ ငါးရာစုမှာ ဗိဿနိုး ရောက်ရှိပြန်.နှံ.ပြီးမြေပြန်.ဒေသဘက်ကိုရောက်ပါတယ်။ မြန်မာနိုင်ငံရဲ. အနောက်ပိုင်းဒေသမှာ ရှိတဲ. ရခိုင်လူမျိုးတွေက တော. ဗုဒ္ဓဘာသာကို ၂ ရာစုလောက်ကတည်းကလက်ခံကျင်.သုံးနေပြီလို. ယူဆကြပါတယ်။ နောက်တော. ဗုဒ္ဓသာသနာ ဟာ ပုဂံနဲ. ၀န်းကျင်တစ်ဝိုက်ကို ၁၀ ရာစုနှစ်လောက်မှာ ရောက်ရှိခဲ.ပါတယ်။ အရိမဒ္ဓနပူရခေါ် တဲ. ပထမပုဂံကို စတင်တည်ထောင်ခဲ.တဲ. မင်း ဟာ သမုဒ္ဒရာဇ်မင်းဖြစ်ပါတယ်။

အေဒီ ၁၀၈ မှာ ရွာကြီး ၁၉ ရွာကို စုစည်းပြီးတည်ထောင်ခဲ.ပါတယ်။ သီရိပစ္စယာ ခေါ်ဒုတိယ ပုဂံ ကိုတော. မင်း ၇ ဆက်မြောက် သေဉ်လည်ကြောင် မင်းက အေဒီ တည်ထောင်ခဲ.ပါတယ်။ တမ္ပ၀တီ လို.ခေါ်တဲ. တတိယပုဂံကို တော. မင်းဆက် ၁၂ ဆက်မြောက် သိုက်တိုင်မင်း က အေဒီ ၅၁၆ မှာရွှေ.ပြောင်းနန်းစိုက်ခဲ.ပါတယ်။ စတုတ္တပုဂံ ဖြစ်တဲ. ပုကာမ် မြို.ကိုတော. အေဒီ ၈၄၉ ခုနှစ်မှာ ပုဂံမင်းဆက် ၃၄ ဆက်မြောက်ဖြစ်တဲ. ပျဉ်ပြားမင်းက ကျုံးတွေ မြို.ရိုးတွေနဲ. ခိုင်ခိုင်မာမာ တည်ဆောက်ခဲ.ပါတယ်။





ပထမဆုံး ကျွန်တော်တို. ကို မြင်းလှည်းဆရာ ကို ဇင် က ကန်တော. ပလ္လင် ဘုရားကို ပို.ပေးပါတယ်။ လမ်းမှာ သရပါတံ ခါးကို ဖြတ်သွားတော. ဆရာ ဇော်ဂျီ ရဲ. ကဗျာ လေးကို သတိတောင် ရ မိသေးပါတယ်။
" ....
မင်းပုဂံ မှာ ၊ရောက်ခါစက
သရပါထင်ရှား ၊ မြို. တံခါးဝယ်
သွားလာ ၀င်ထွက် ......
ယွန်းခွက် ယွန်းအစ် ... ရွှန်းသစ်
ထမ်းလာပိုးလာ မြင်လိုက်ပါ၍ ၊
ညီလှ လွမ်း မိ၊ အောက်မေ. မိဟု ...။

ပျဉ်ပြားမင်း ပုဂံကို တည်တဲ.အခါမှာ မြို.ရိုး ကို အ၀င် တံခါးမ ကြီး ၁၂ ခုနဲ. ကြံ.ကြံ.ခိုင်ခိုင် လှလှပပ တည်ဆောက်ပေးခဲ.ပါတယ်။ အဲဒီ မြို. အ၀င် တံခါးကြီး ၁၂ ပေါက်ကို စောင်.ရှောက်ဖို. ပျဉ်ပြားမင်းက နတ်တွေကို ဒီ လို Assign လုပ်ခဲ.ပါသေးတယ်။

အရှေ.မျက်နှာ
၁။ သရဗေ တံခါး - ရွှေပသင်နတ်
၂။ သရပါ တံခါး - နတ်မောင်နှမ
၃။ သရ၀တ် တံခါး - ဖက်မသင်နတ်

တောင်မျက်နှာ
၎။ ကလေးတံခါး - ငါးဆွဲသင်နတ်
၅။ မတောင်းတ တံခါး - ၀ိရူပက္ခနတ်
၆။ ၀င်းမနား တံခါး - ငနွတ်သင်နတ်

အနောက်မျက်နှာ
၇။ မကြည်သာတံခါး - မြင်းဖြူရှင်နတ်
၈။ မင်္ဂလာတံဆိပ် တံခါး - ၀ိရူပ နတ်
၉။ သာစည်တံခါး - ဇဗ္မူတမွတ်နတ်

မြောက်မျက်နှာ
၁၀။ ညောင်ဖြူပင်တံခါး - ဇဗ္မူရုက္ခ နတ်
၁၁။ ငါးမြီးခတ်တံခါး - ကုဝေရနတ်
၁၂။ သာတန်း တံခါး - ဇဗ္မူတဆောင်နတ်

သရပါတံခါးက အဲဒီ ၁၂ ခုထဲ ကမှ နောက်ဆုံး ကျန်ရစ်ခဲ. တံခါးကြီးတစ်ခုပါ။ သရပါ ဆို တာ " သဗ် ဗ ရန်ကာ " ( ဗလချိုင်.ကို ဘယ်လို နှစ်လုံးဆင်.ရမလဲမသိဘူး။ :) ) ရန်အပေါင်းကို ကာကွယ်တား ဆီး ရာ လို. အဓိပါယ်ရပါတယ်။တံခါး အ၀င် တဖက်တစ်ချက်မှာ နတ်ကွန်းနှစ်ခု ရှိပါတယ်။ နတ်မောင်နှမရုပ်တွေရှိပါတယ်။လက်ဝဲဘက်ကမောင်တော် နတ်ကွန်းက နည်းနည်းနိမ်.ပြီး ၊ လက်ယာဘက်က နှမတော်နတ်ကွန်းက နည်းနည်းမြင်.ပါတယ်။ ဘာလို.လဲတော.မသိပါဘူး။ :)

ဆက်ရန်
ဗျတ်ဇ

Wednesday, November 18, 2009

Painted Veil


ပြီးခဲ.တဲ.တစ်ရက်က ကျွန်တော် Painted Veil ဆိုတဲ.ဇတ်ကားလေး ကိုပြန်ကြည်.ဖြစ်ခဲ.ပါတယ်။ ဒီဇတ်ကားလေး က အမှန်တော. ၂၀၀၆ ကတည်းက ထွက်ခဲ.တဲ.ကားလေးပါ။ ကျွန်တော်ကတော. ခုမှပဲကြည်.ဖြစ်တော.တယ်။ ဒီဇတ်ကား ကို ၁၉၂၅ မှာထွက်ခဲ.တဲ. ၊ W. Somerset Maugham ရေးတဲ. The Painted Veil ဆိုတဲ.စာအုပ်ကိုရုပ်ရှင်အဖြစ်ပြန်အသက်သွင်းထားတာဖြစ်ပါတယ်။ W. Somerset Maugham ဆိုတာကတော.အားလုံးလည်းသိကြတဲ.အတိုင်း ပြင်သစ်ကမ္ဘာကျော်ပန်းချီဆရာကြီးဂေါ်ဂင်ရဲ.အကြောင်း ကို ရေးထားတဲ. The moon and sixpence တို.Of Human Bondage, Cakes and Ale ,The Razor's edge စတဲ.ကမ္ဘာကျော်ဝတ္တုကြီးတွေကိုရေးသားခဲ.တဲ.ဂန္န၀င် အင်္ဂလိပ်စာရေးဆရာကြီးဖြစ်ပါတယ်။ သူ.ရဲ.၀တ္တုပေင်း ၂၀ ကျော်ကိုရုပ်ရှင်အဖြစ်ပြန်လည်ရိုက်ကူးခဲ.ပါတယ်။ အခု ဒီဇတ်ကား The Painted Veil ကိုလည်း ၁၉၃၄ ခုနှစ်မှာတစ်ကြိမ် ၊ ၁၉၅၇ ခုနှစ်မှာ တစ်ကြိမ် ရုပ်ရှင်အဖြစ်ရိုက်ကူးပြသခဲ.ကြပါတယ်။ တတိယအကြိမ်မြောက် ၂၀၀၆ ခုနှစ်မှာပြန်ရိုက်တဲ.ဒီုဇတ်ကားထဲမှာ ကတော. မင်းသား Edward Norton နဲ. မင်းသမီး Naomi Watts တို.အဓိကပါဝင်သရုပ်ဆောင်ပါတယ်။ Edward Norton ကတော. ကျွန်တော်နဲ.တော်တော်ရင်းနှီးနေပါပြီ။ ကျွန်တော်အကြိုက်ဆုံးမင်းသားစာရင်းထဲမှာ ထိပ်ဆုံးကပါပါတယ်။ သူ.ကိုကျွန်တော်စသတိထားမိတာ က တော. The Score (2001) ဇတ်ကားမှာဖြစ်ပါတယ်။ အဲဒီဇတ်ကားထဲမှာ သူဟာ ၀ါရင်.မင်းသားကြီးတွေဖြစ်တဲ. Robert De Niro တို. Marlon Brando တို.နဲ.အပြိုင်သရုပ်ဆောင်သွားတာ အင်မတန်ကောင်းပါတယ်။ကျပ်မပြည်.တဲ.သူအဖြစ်သရုပ်ဆောင်တာ အလွန်ပီပြင်ပါတယ်။ အဲဒီကစလို.ကျွန်တော်သူပါတဲ.ကားတွေကိုတော်တော်ကြည်.ဖြစ်ခဲ.တယ်။ Italian Job,Down in the Valley, Kingdom of Heaven တို.ကို ကြည်.ဖြစ်ခဲ.တယ်။ နောက်တော. The Illusionist မှာသူ.ကိုအတော်လေး ကိုသဘောကျသွားပါတယ်။ အဲဒီဇတ်ကားဟာလည်း သရုပ်ဆောင်မှုအပိုင်း အရကော ဇတ်လမ်းအရ ကော အဘက်ဘက်ကပြည်.စုံတဲ.ဇတ်ကားလို.ဆိုချင်ပါတယ်။ဒီဇတ်ကားကပဲ သူ. ကို San Diego Film Critics Society Awards -Special Award for body of work ရသွားစေပါတယ်။ တခြားဇတ်ကားတွေဖြစ်တဲ. Down in the Valley တို. The Painted Veil တို. မှာလည်း အလားတူဆု တွေရခဲ.ပါတယ်။ Naomi Watts ကတော. အားလုံး ကြည်.ဖူးကြတဲ. King Kong တို. The Assassination of Richard Nixon တို.မှာပါတဲ.အင်္ဂလိပ်မင်းသမီးဖြစ်ပါတယ်။

ဇတ်လမ်းအကျဉ်း
ဝတ္တုစာအုပ်ကိုတော.ကျွန်တော်တစ်ခါမှမဖတ်ဖူးပါဘူး။ရုပ်ရှင်ဇတ်လမ်းကိုပဲ ခံစားကြည်.ပါတယ်။
ဇတ်လမ်းကျောရိုးကို တရုတ်ပြည် ၁၉၂၅ ၀န်းကျင်ထဲမှာအခြေခံထားပါတယ်။ တရုတ်ပြည်ကြီးမှာ မြေပိုင်ရှင်တွေက ကိုယ်.နေရာနဲ.ကိုယ်ခွဲဝေအုပ်ချုပ်နေတဲ.အချိန်၊ ဥရောပသားတွေ ၊ရုရှားတွေခြေရှုပ်နေတဲ.အချိန်ဖြစ်ပါတယ်။
၁၉၁၁ Xinhai Revolution ဖြစ်ပြီးတဲ.အခါ မှာ China ဟာ Republic of China ဆိုပြီးတော.ဖြစ်လာပါတယ်။ အဲဒီအခါ Shanghai ဟာအခုမော်ဒန် တစ်ရုတ်ပြည်ကြီးဖြစ်လာဖို. အတွက် အဓိကချက်မဗဟိုဒေသကြီးဖြစ်လာခဲ.ပါတယ်။အဲဒီအချိန်မှာ ရှန်ဟဲ ဟာကမ္ဘာ. အကြီးဆုံးမြို.ကြီးတွေထဲကတစ်ခုဖြစ်ခဲ.ပါတယ်။ဒါပေမယ်. မြို.ကြီးရဲ. တစ်ဝက်နီးပါးကို ဗြိတိသျှတွေ အမေရိကန်တွေရုရှားတွေက ချုပ်ကိုင်ထားတာပါတယ်။ သူတို.က အဲဒီအချိန်တုန်းက သူတို.ကိုသူတို. Shanghailanders တွေလို.ခေါ်တယ်ဆိုပဲ။ ရှန်ဟဲမြို.ကြီးကိုအဲဒီတုန်းက အရှေ.ရဲ. ပါရီ ၊ အနောက်ရဲ. နယူယော.ခ် လို.တောင်တင်စားကြပါတယ်။

ဒေါက်တာ ဝေါ်လတာ က ကစ်တီ ကို ကပွဲတစ်ခုမှာတွေ.ပြီး မြင်မြင်ချင်းချစ်သွားပါတယ်။ နောက် တော. ကစ်တီ. ကို လက်ထပ်ခွင်.တောင်းပါတယ်။ ကစ်တီက လန်ဒန်ရဲ. အထက်တန်းလွှာထဲ က ပါ။ မိန်းကလေး တစ်ယောက် အသက် ၂၅ နှစ်ဆို တာ သူတို.အသိုင်းအ၀ိုင်း မှာ အိမ်ထောင်ပြု ဖို. သင်.တော်နေတဲ.အချိန်လို.ယူဆကြပါတယ်။ အချိန်ကြာလာလေ ယောင်္ကျားမရမှာ ကို ပူလာလေ ဖြစ်နေတဲ. သူ.အမေရဲ. ပူညံပူညံ လုပ်မှုက လွတ်မြောက်ဖို. ကစ်တီ က ဒေါက်တာ ဝေါ်လတာ ရဲ.တောင်းဆိုမှုကို လက်ခံလိုက်ပါတယ်။ ဒေါက်တာဝေါ်လတာ က ဘယ်လိုလူမျိုးလည်းဆို တော. .. Serious ဖြစ်တယ်။ အနေအထိုင်သိုသိပ်တယ်။ တည်ကြည်တယ်။ ဘာမဆို စေ.စေ.စပ်စပ်သေသေချာချာလုပ်တယ်။ အတွေးအခေါ်အမြော်အမြင်ကောင်းတယ်။
ဒေါက်တာ ဝေါ်လတာ က သူတာဝန်ကျ တဲ. ရှန်ဟိုင်း ကို သူ.ရဲ. အသစ်စက်စက်မိန်းမ ငယ်ငယ်လေး ချောချောလေး ကစ်တီကို ခေါ်သွားတယ် ။ပထမတော. ကစ်တီပျော်တယ်နောက်တော. ကစ်တီမပျော်တော.ဘူး။ နောက်ပိုင်းမှာ ဗြိတိသျှ လက်ထောက်ကောင်စစ်ဝန် ရုပ်ချောအပြောကောင်း ချားစ်တောင်ဆန် နဲ. ကစ်တီသိကျွမ်းတယ်။ အဲဒီမှာ ဇတ်လမ်းစတော.တာပါပဲ။ ဇတ်လမ်းအပြည်.အစုံကိုပြောရင် ကြည်.တဲ.သူတွေ အရသာပျက်မှာမို.မပြောတော.ဘူး။

အကျဉ်းချုပ်ပြောရရင်တော. ယောင်္ကျားတစ်ယောက်ရဲ.ခိုင်မြဲတဲ.ချစ်ခြင်းတရားကိုမြင်တွေ.ရမှာဖြစ်သလို၊ ၀မ်းနည်းခြင်း၊ယူကျုံးမရခြင်း၊ခံပြင်းခြင်းစတာတွေကို ချစ်ခြင်းတရားနဲ.အားပြိုင်ထားတဲ.ခံစားမှုတွေကိုသရုပ်ဖော်ထားတာတွေ.ရမှာဖြစ်ပါတယ်။

ဗျတ်ဇ

Tuesday, November 17, 2009

ဒေါ်လာ ၁၀၀

သိပ်မကြာသေးခင် က ဒေါ်လာ ၁၀၀ တန်တစ်ရွက်ကို ကျွန်တော် ကောက်ရ ပါတယ်။ စတိုးဆိုင် လေးတစ်ခု ရဲ. အ၀င်ဝနား က ပလက်ဖောင်းလေး ပေါ်မှာ ကျနေတာ။ အဲဒီအချိန် က ဘေးပတ်ဝန်းကျင်မှာ ဘယ်သူမှာရှိမနေခဲ. ဘူး။ ကျွန်တော်. နဲ. အဲဒီ ဒေါ် လာ ၁၀၀ တန်တစ်ရွက် ကလွဲရင်ပေါ.။
ကျွန်တော် အဲဒီပိုက် ဆံလေး ကို ယူထားလိုက်ပါတယ်။
ကျပျောက်ခဲ.တဲ. သူကို ရှာ ကြည်. ဖို. ကျွန်တော် မစဉ်းစားခဲ.မိဘူးလား။
စဉ်းခဲ.ပါတယ်။ ဒါပေမယ်. ကျွန်တော် ရှာမကြည်.ခဲ.မိပါဘူး။
အပြစ်ရှိတယ်လို. ခံစားခဲ.ရပါသလား။ ဟုတ်ကဲ. ၊ ကျွန်တော် အပြစ်ရှိတယ်လို. ခံစားခဲ.ရပါတယ်။
ဒါဆို ကျွန်တော် ဘယ်လို တွေးနေခဲ.မိတာပါလဲ။
စတိုးဆိုင်ထဲ ကို ၀င်သွား ၊ ပြီးရင် " ဒီ မှာ .. တစ်ယောက်ယောက်များ ဒေါ်လာ ၁၀၀ တန်တစ်ရွက် ကျပျောက်ခဲ.သေးလား " လို. မေးဖို.က လည်းမဖြစ်နိုင်ဘူးလေ။ ပိုက်ဆံဆိုတော. တကယ်မပျောက်တဲ. သူကလိုချင်လို. ဟုတ်တယ်လို. ပြောရင် ဘယ်လိုလုပ်မလဲနော်။
ကျွန်တော်. သူငယ်ချင်း ခရစ်စ် ကို ဖုန်းဆက်ပြီးပြောပြတော. သူ ကပြောတယ်။ မင်း စတိုးဆိုင် ထဲကို ၀င်သွား ၊ ဆိုင် မန်နေဂျာ ကို တန်ဖိုး ရှိတဲ. အရာ တစ်ခုခု ကို အဲဒီ ပလက်ဖောင်းပေါ် က မင်းကောက်ရထားကြောင်းပြောပြ။တစ်ယောက်ယောက် ကရှာလို. ရှိရင် မင်းကို ဖုန်းခေါ်ဖို. ပြောလိုက်၊ တကယ်လို. လာရှာတဲ. သူ က သူဘာပျောက်လဲ မှန်အောင် ပြောနိုင်လို. ရှိရင် ပြန်ပေးလိုက် ပေါ. တဲ.။
အင်း .... သူ ပြောတာ ကတော်တော် လေး အကျိုးအကြောင်း သင်. ပါတယ်။ ဒါပေမယ်. အဲ ဒီအချိန်မှာ ကျွန်တော် က မြို.ထဲ က တခြား တစ်နေရာ ကို ရောက်နေပြီ။ဒါနဲ. ကျွန်တော် က ...
" အဲဒီ ပိုက်ဆံ နဲ. မင်း ကို နေ.လည်စာ ကျွေး ရင်ကော ဘယ်လို နေမလဲ " လို.မေး လိုက်တယ်။
" ဒါလည်းအလုပ် ဖြစ် တာပဲ ကွ " ဆိုပဲ ။
နောက်တော. ကျွန်တော် တခြား သူငယ်ချင်း သုံးယောက်လောက် ကို အဲဒီအကြောင်းပြောပြလိုက်တယ်။ သူတို. အားလုံး က ရှေ.နေတွေပါ။ သူငယ်ချင်း ငါဘယ်လို လုပ်ရင် ကောင်းမလဲ လို. မေးတဲ. မေးခွန်း ကို သူတို. အားလုံး က တုံ.ဆိုင်းခြင်း အလျင်း မရှိ ပြန်ဖြေတယ်။ " ယူထားလိုက်ပေါ.ကွ " တဲ. ။ ပြောကြသေးတယ်။ " ရေအဆုံး ကုန်းတစ်ဝက်ပဲတဲ. ။ ကျွန်တော်. ချစ်သူက တော. လူမှုရေး အသင်းတစ်ခုခု ကို လှူလိုက်ဖို. ပြောပါတယ်။
တကယ်ဆို အရင် က ကျွန်တော် ပိုက်ဆံကောက် ရဖူးပါတယ်။ လွန်ခဲ. တဲ. နှစ်အနည်းငယ်လောက် က ပေါ. ၊ ဟာဝိုင်ယီ က ဗိုက်ဆာနေတဲ. ကျောင်းသားလေး တစ်ယောက်အဖြစ်နဲ.ပေါ.။ အဲဒီလို ပဲ ဒေါ် လာ ၁၃ ဒေါ်လာကို ပလက်ဖောင်းပေါ်က ကောက်ရတာ။ တကယ်.ကို အံ.ကသဖွယ်ရာ တစ်ခုလိုပါပဲ။ ကျွန်တော်.ချစ်သူနဲ. ကျွန်တော် ပီဇာ ၀ယ် စားလိုက်ကြတယ်။ သတင်းပတ်များစွာအတွင်း ပထမဆုံး စားသောက်ဆိုင် မှာ စားတဲ. ကျွန်တော်တို. ရဲ.စားကောင်းသောက်ဖွယ်တစ်ခု ဖြစ်ခဲ.တာပေါ.လေ။ ကျွန်တော် ဘာမှ ထူးထူးခြားခြား စိတ်မကောင်းဖြစ်တာတို. ၊ အပြစ်မကင်းတာတို.၊ မခံစားခဲ.ရပါဘူး။
ဒါပေမယ်. အခု ကျွန်တော် ကေက်ရ တာ က တကယ်.ကို များတဲ. ငွေ ပမာဏ။ ဒေါ်လာ ၁၀၀ ။
ကလေးလေး တစ်ယောက် ကို သူ.အဖိုးနဲ. အဖွား ကပေးတဲ. မွေးနေ.လက်ဆောင်များ ဖြစ်နေမလား။
တစ်ယောက်ယောက် ရဲ. ပြတ်တုန်းလတ်တုန်း ၂၃ ၊ နောက်ဆုံး လက်ကျန် ၁၀၀ တန်လေးများ ဖြစ်နေမလား။
ဒါမှမဟုတ် လူကုံတံ တစ်ယောက်ယောက် ရဲ . အကျီင်္ အိတ်ကပ်ထဲ က ထွက် ကျလာတာများလား။ သူတို.များ နှမြောတသနေမလား ပေါ.နော်။
တကယ်လို. ကျွန်တော် ပိုက်ဆံအိတ် တစ်အိတ်သာ ကောက်ရတယ်ထား ၊ အခု လို တောင်တွေးမြောက်တွေး ချီတုံ ချတုံ ဖြစ်နေမှာမဟုတ်ဘူး။ ပိုက်ဆံအိတ်တွေလည်း ကျွန်တော် ကောက်ရဖူးတာပဲ။ အမြဲတမ်းပြန်ပေးခဲ.တာချည်းပဲ။ အခု ဒီဒေါ်လာ ၁၀၀ လည်း ကျွန်တော် ခိုးယူထားတာမဟုတ်ဘူးနော်။ တစ်ခါက သတင်းစာထဲမှာ ဖတ်ဖူးတယ်။ စတိုးဆိုင်တစ်ခုထဲမှာ လူတစ်ယောက် က ငွေရှင်း ကောင်တာပေါ်မှာ ပိုက်ဆံအိတ်တင်ထားပြီး ပစ္စည်း တစ်ခု ကို သွားယူတယ်။ ပြန်လာတော. မရှိတော.ဘူး။ နောက်တော. မှ လုံခြုံရေး ကင်မရာနဲ. ပြန်ကြည်.တော. တခြားလူတစ်ယောက် က အဲဒီပိုက်ဆံအိတ်ပေါ်မှာ အာလူးကျော်ထုတ်ကို တင်လိုက်တယ်။ ပိုက်ဆံလဲရှင်းပြီးကော အာလူးကျော်ကော ၊ ပိုက်ဆံအိတ်ကော တစ်ခါတည်း မ သွားတော.တာပေါ.။
ကျွန်တော် က အဲဒီလို လူမျိုးတော. လုံးဝ မဟုတ်ပါဘူး။ ဟုတ်တယ်နော်။
ဘာပဲပြောပြော ၊ ကျွန်တော် ဒေါ်လာ ၁၀၀ တန်တဲ. ပျော်ရွင်မှုတစ်ုခ ကို တော.် ရလိုက်ပါတယ်။ အခုလို ပြော ပြန်ပြောပြခွင်.ရတယ်။ အဲဒီပိုက် ဆံကို ဘာလုပ်သင်.လဲ ဆိုတဲ. အကြံညဏ်တွေ ရတယ်။ ကိုယ်ကျင်.တရား ၊ စိတ်ဓါတ်ပိုင်းဆိုင် ရာ အမြင်လေးတွေ ရ တယ်။
ဒါပေမယ်. ကျွန်တော်. ဆီမှာ အဲဒီပိုက်ဆံ ဒေါ်လာ ၁၀၀ တန်လေး က အခု ထိရှိနေပါတယ်။ ပြီးတော. အခုထက်ထိ အဲဒါကို ဘာလုပ်ရမယ် ဆို တာ ကျွန်တော်မသိသေးပါ။

Los Angeles Times - Washington

Gulf News' Friday မှ The $ 100 question ကို ဆီလျော် အောင် ဘာသာပြန်ဆိုပါသည်။
ဗျတ်ဇ

Monday, November 16, 2009

ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာ
ကမ္ဘာကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် ဦးသန့်

ပြီးခဲ့တဲ့ တစ်ပတ်လောက်က ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာ အပိုင်းတစ် နဲ့ နှစ် ကို ရေးခဲ့ပါတယ်။
တိုက်တိုက်ဆိုင်ဆိုင်ဘဲ ပြီးခဲ့တဲ့ ၂၀၀၉ ခုနစ်၊ အောက်တိုဘာ ၂၇ ရက်နေ့က ကုလသမဂ္ဂသီတင်းဌာနက ကမ္ဘာ့ကုလ သမဂ္ဂ အထွေထွေအတွင်းမှုးချုပ်ဟောင်း ဦးသန့်ကို ဂုဏ်ပြုသည့်အနေဖြင့် အမေရိကန်ပြည်ထောင်စု ၊ကမ္ဘာကျော် စတန်းဖို့ တက္ကသိုလ်တွင် ဓါတ်ပုံပြပွဲတစ်ရပ် ကျင်းပခဲ့ကြောင့် သီတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒီသီတင်းကို ဖတ်ရတဲ့အခါမှာ မြန်မာနိုင်ငံသားတစ်ဦးအနေနဲ့ များစွာကျေနပ်အားရခဲ့သလို့ ၊ ဦးသန့်ကို မမေ့လို့ ဂုဏ်ပြုခဲ့တယ်ဆိုတဲ့ ကုလသမဂ္ဂနဲ့ အမေရိကန် တက္ကသိုလ် ကိုလည်း သတိတရ ရှိပေးခဲ့တဲ့အတွက် များစွာ ၀မ်းသာမိပါတယ်။

အဆိုပါ ဓါတ်ပုံပြပွဲ ဖွင့်လှစ်တဲ့အခန်းအနားမှာ ကုလသမဂ္ဂပြန်ကြားရေးနဲ့ပြည်သူဆက်သွယ်ရေးဌာန မှ တ၀န်ရှိသူ မစ္စတာ ကီရိုအာဆာကာက

'' ဦးသန့် သည် ယုံကြည်ချက် ခိုင်မာသူတစ်ဦးဖြစ်ပြီး ပုဂ္ဂိုလ်ရေးအရသော်လည်းကောင်း၊ ကုလ အကြီးအကဲ တစ်ဦး အဖြစ်သော်လည်းကောင်း၊ ဂုဏ်ပြုထိုက်သူတစ်ဦး ဖြစ်သောကြောင့် ယခုကဲ့သို့ ဓါတ်ပုံပြပွဲ ကျင်းပရခြင်းဖြစ် ''ကြောင်း ပြောကြားသွားခဲ့သည်။

ဆက်လက်၍ ၄င်းကပင်
'' ဦးသန့်သည် အမြော်အမြင်ကြီးမားပြတ်သားသူတစ်ဦးဖြစ်ပီး ကုလသမဂ္ဂအဖွဲ့ကြီးကို ကမ္ဘာ့နေရာ အသီးသီးမှ ပြည်သူများ၏ မျော်လင့်ချက်များနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးသော အဖွဲ့ကြီး တစ်ခု အဖြစ် သတ်မှတ်ယုံကြည်စေခဲ့သူ ...ကုလ၏ ရှေ့ဆောင်
အကြီးအကဲ တစ်ဦး ဖြစ် '' ကြောင်း ပြောကြားခဲ့ပါတယ်။

'' ဒီကနေ့ ကမ္ဘာပေါ်မှာ ဆင်းရဲနွမ်းပါးမှုတိုက်ဖြတ်ရေး နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ ဖောင်ဒေးရှင်းကြီးတွေ အတော်များများဟာ ဦးသန့်ကိုယ်တိုင် ထူထောင်ပေးခဲ့လို ပေါ်ပေါက်လာခဲ့တာပါ ''ဟု
၎င်းက ပင် ဆက်လက် ပြောကြားသွားခဲ့ပါတယ်။

ထို့ပြင်..
''၁၉၆၁ ခုနစ်မှ ၁၉၇၁ ခုနစ် အထိ ဆယ်နှစ်တာကာလ ကုလ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်ကာလအတွင်း
ဦးသန့်သည် ကမ္ဘာပေါ်တွင်လူသားတို့အားအကျိုးပြုစေခဲ့သော ကြီးမားသော အပြောင်းအလဲ ကြီးများ ဖြစ်ပေါ်အောင် လုပ်ဆောင်နိုင်ခဲ့သည်''ဟု သီတင်းနှင့်ပြန်ကြားရေးဌာနက ပြောဆိုခဲ့ပါတယ်။

တစ်ဖန် ..ကုလ ပြောခွင့်ရ ပုဂိုလ်တစ်ဦးက
'' ဦးသန့်ဟာ အတိုင်းအဆ များပြားလွန်းစိန်ခေါ်မှုကြီးတွေကို ဖြေရှင်းနိုင်ခဲ့ပါတယ်။ကျူးဘား ဒုံးကြည်အရေးအခင်းကိစ္စ၊
ဗီယက်နမ် စစ်ပွဲအဆုံးသတ်ပြီး ငြိမ်းချမ်းရေး ပေါ်ထွန်းရေး ကိစ္စ၊ တော်အာဖရိက လူမျိုးရေး ခွဲခြားမှု ကိစ္စ၊ စတာတွေကို အောင်မြင်စွာ ဖြေရှင်းပေးနိုင်ခဲ့တဲ့ သံတမန်ကြီးတစ်ဦးပါဘဲ..''..လို့ ပြောကြားသွားခဲ့ပါတယ်။

ထိုပြင် ဦးသန့်သည် ကုလကြီးအတွက် အလွန်မှတ်သားလေးစားလိုက်နာဖွယ်စကားကို မြွက်ကြားခဲ့သူ လည်းဖြစ်သည်။
ဦးသန့်က ....မိန့်ဆိုသည်မှာ...

'' လူသားဖြစ်တည်မှူ နှင့် လူတစ်ဦးချင်းစီ၏ တန်ဘိုးဟူသည် မိမိတို့ပိုင်ဆိုင်သော ဥစ္စာများထက် များစွာ သာလွန်ပါသည်။
အစိုးရများ၊ နိုင်ငံရေးစနစ်၊ နှင့်အိုက်ဒီယာများဟူသာ် ဖြစ်ပျက်သဘော မျှသာ ဖြစ်ပြီး လူသားဖြစ်တည်မှူသည်သာလျှင် ကျန်ရှိပါမည်'' ဟု ဆိုခဲ့သည်။
ထိုစာတမ်းသည်.....
ယနေ့ကုလသမဂ္ဂကြီး၏ အသက်ဝိညာဉ်ဖြစ်စေမည့် ၊ ကုလကြီး အသက်ဆက်လက်ရှင်သန်စေမည့် မိန့်ဆိုချက်ပင် ဖြစ်တော့သည်။

Referance;
The Voice weekly Journal
from internet news

ဦးသန့်သည် ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှုးချုပ် အဖြစ် ၁၉၆၁ မှ ၁၉၇၁ အထိ ဆယ်နှစ်တာကာလ အတွင်း ကြီးမာှးစွာသော ကမ္ဘာ့အရေးအခင်းကြီးများကို အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့သည်။

ဦးသန့်အောင်မြင်စွာ ဖြေရှင်း နိုင်ခဲ့သော ပြဿနာ ကြီးများမှာ........
တတိယ ကမ္ဘာစစ်~သို့ဦးတည် ခဲ့သော ကျူးဘား ပြဿနာ
တူရကီ နှင့် ဂရိတို့ သွေးချောင်းစီးသည်. ဆိုက်ပရပ် ပြဿနာ
အင်ဒိုနီးရှား နှင့် ဒတ်ခ်ျတို. အသေအကျေတိုက်သည့် အနောက်အီရီယန်အရေးအခင်း
အေ၇ှ့အလယ်ပိုင်း အရေးအခင်း
ဗီယက်နမ်စစ်ပွဲ အဆုံးသတ်ပြီး ငြိမ်းချမ်းရေးပေါ်ထွန်းရေးပြဿနာ
ကမ္ဘာ့လောင်စာ ပြဿနာ
တောင်အာဖရိက လူမျိုးရေးခွဲခြားမှု ကိစ္စ
သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေး ကိစ္စ....
ကမ္ဘာပေါ်တွင် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး ကိစ္စ....

အခြားကိစ္စများ ဖြစ်ကြသည်။

ဦးသန့်၏ ကုလအတွင်းရေးမှုးချုပ်ဘ၀တွင် တာဝန်ကို နိုင်နိုင်နင်းနင်းထမ်းဆောင်နိုင်မှု၊ ကမ္ဘာအရေးအခင်းများကို ပြေလည်အောင် စွမ်းစွမ်းတမန် ဖြေရှင်းပေးနိုင်ခဲ့မှုတိုေ့ကြာင့် သူအားကမ္ဘာတစ်ဝှ်းလုံးရှိတက္ကသိုလ်ကောလိပ်တို့မှ ဒေါက်တာဘွဲ ( ၁၇ ) ဘွဲံကို ပေးအပ်ချီးမြင့်ခဲ့ကြသည်။

ဦးသန့်ရရှိခဲ့သော ဘွဲ့များမှာ အောက်ပါအတိုင်းဖြစ်သည်။

၁၉၄၉ ၀ဏကျော်ထင်ဘွဲ့ မြန်မာနိုင်ငံအစိုးရ
၁၉၅၃ သီရိပျံချီ ဘွဲ့ မြန်မာနိုင်ငံအစိုးရ
၁၉၅၇ စည်သူ ဘွဲ့ မြန်မာနိုင်ငံအစိုးရ
၁၉၆၁ မဟာသရေစည်သူ မြန်မာနိုင်ငံအစိုးရ
၁၉၆၂ ဇွန် ၁၀ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် အာလီတန်တက္ကသိုလ် ကနေဒါ
၁၉၆၂ ဇွန် ၁၂ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ပရင်စတန်တက္ကသိုလ် နယူဂျာစီပြည်နယ်
၁၉၆၃ ဇွန် ၂ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် တောင်ဟတ်ဒလေမောင့်ဟိုလ်ကောလိပ် မက်ဆာချူးဆက်ပြည်နယ်
၁၉၆၃ ဇွန် ၁၃ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ကင်းဘရစ်ဟာဘတ်တက္ကသိုလ် မက်ဆာချူးဆက်ပြည်နယ်
၁၉၆၃ ဇွန် ၁၆ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဟင်နိုဗာဒတ်မောက်ကောလိပ် နယူဟမ်ရှားပြည်နယ်
၁၉၆၄ ဧပြီ ၂ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ကာလီဖိုးနီးယားတက္ကသိုလ် ကာလီဖိုးနီးယားပြည်နယ်
၁၉၆၄ ဧပြီ ၃ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဒင်းဗားတက္ကသိုလ် ကိုလိုရာဒိုပြည်နယ်
၁၉၆၄ ဇွန် ၈ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဆွပ်သမိုးကောလိပ် ပင်ဆင်ဗေးနီးယားပြည်နယ်
၁၉၆၄ ဇွန် ၁၀ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် နယူးယောက်ယူနီဗာစီတီ
၁၉၆၄ ဂျူလိုင်၃၀ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် မော်စကိုတက္ကသိုလ် ဆိုဗီယက်ယူနီယံ
၁၉၆၅ မေ ၂၅ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် အွန်တာရီယိုကင်းစတန်းဘုရင်မတက္ကသိုလ်
၁၉၆၅ ဇွန် ၆ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ၀ါတာဗီလီကော်ဗိုင်းကောလိပ်
၁၉၆၅ ဇွန် ၁၄ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် နယူဟေဗင်ရေး တက္ကသိုလ်
၁၉၆၆ မေ ၂၈ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် အွန်တေရီယိုဝင်တက္ကသိုလ် ကနေဒါ
၁၉၆၆ ဇွန် ၅ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဟင်မလင်တန်ကောလိပ် နယူးယောက်
၁၉၆၆ ဇွန် ၈ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဖော့ဒ်ဟင်းတက္ကသိုလ် နယူးယောက်
၁၉၆၆ ဇွန် ၁၄ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် မင်ဟတ်တန်ကောလိပ် နယူးယောက်

၁၉၆၂ စက်တင်ဘာ တွင် ချက်ကိုစလိုဘက်ကီးယား နိုင်ငံ ပရက်မြို့တော်၊ ချားလ်စ် တက္ကသိုလ်၏ အနှစ်၆၀၀ ပြည့် အထိမ်းအမှတ်အခမ်းအနားမှ ဦးသန့်ကို ရွှေတံဆိပ်ပေးအပ်ချီးမြင့်ခဲ့သည်။

၁၉၆၆ စက်တင်ဘာ ၂၈ တွင် အိန္ဒိယ နိုင်ငံမှ ပေးအပ်သော ဂျဝ်ဟာလာနေရူး ဆု ကို ရရှိခဲ့သည်။ ရူပီး တစ် သိန်း ရရှိသည်။ ၄င်းရရှိသော ဆုငွေကို ဦးသန့်ပညာတော်သင်ဆု အဖြစ် ကုလသမဂ္ဂကျောင်းသို့ပြန်လည် လှူဒါန်းခဲ့သည်။

ကမ္ဘာ့ငြိမ်းချမ်းရေးကို စွမ်းစွမ်းတမံဆောင်ရွက်သူများအတွက် ချီးမြင့်လေ့ရှိသောအမေရိကန် မှပေးသည့် စတီဗင်ဖောင်ဒေးရှင်းဆု ကိုလည်းရရှိခဲ့သည်။

ဦးသန့်အမှတ်တရများ

အတွင်းရေးမှုးချုပ် အားဂုဏ်ပြုသော အားဖြင့် ဦးသန့်၏ ကိုယ်တစ်ပိုင်းကြေးရုပ်တုကို ၁၉၇၄ အောက်တိုဗာတွင် ကုလသမဂ္ဂစာသင်ကျောင်းတွင် စိုက်ထူဖွင့်လှစ်ခဲ့သည်။

ဦးသန့်အား ၁၉၆၆ တွင် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ရာထူးအား လက်ခံရရှိမှုအားဂုဏ်ပြုသောအားဖြင့် အမေရိကန်ပြည်ထောင်စု၊
အမေရိကန်အာကာသယာဉ်မှုး ဂျိမ်းစ်လိုဗယ် နှင့် အက်ဒွင်လ်ဒရင်ဂျူနီယာ တို့သည် ပြည်ထောင်စုမြန်နိုင်ငံတော်အလံအား အာကာသယာဉ်အတွင်းသယ်ဆောင်၍ ကမ္ဘာကို ပတ်ခဲ့ပြီး ထိုအလံကို မြန်မာအမျိုးသာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ် ဦးသန့်လက်ထဲသို့ အာကာသယဥင်္မှုး အယ်ဒရင်က ပေးအပ်ဂုဏ်ပြုခဲ့သည်။


ဘောင်သွပ်ထားသော ထိုအလံတွင် ဤ အလံသည် ဂျီမီနီ အမှတ် ၁၂ အာကာသယာဉ်ဖြင့် ယာဉ်မှူး ဂျိမ်းလိုဗယ်နှင့် အက်ဒွင်အယ်ဒရင်တို့ ၁၉၆၆ ခု နိုဝင်ဘာတွင် အာကာသသို့ပျွသန်းစဉ် သယ်ဆောင်သွားခဲ့သည် ဟု ကမ္ဗည်းစာတမ်း ရေးထိုးပါရှိသည်။

U Thant Island ဦးသန့်ကျွန်း

အမေရိကန် ပြည်ထောင်စု မှ ဦးသန့်အားဂုဏ်ပြုသောအားဖြင့် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်စီးတီးမြို့၏ အရှေ့ဘက်မြစ် အတွင်းရှိ Roosevelt Island ကျွန်း၏ တောင်ဘက် ရှိ Belmont Island ဟုခေါ်သော ကျွန်းငယ်လေးအား U Thant Island ဟူ၍ ဂုဏ်ပြု သတ်မှတ်ပေးခဲ့သည်။ ၄င်းကျွန်းငယ်လေးသည် အတိုင်းအတာအားဖြင့် ပေ ၁၀၀x၂၀၀ ကျယ်ဝန်းသည်။



Jalan U Thant
မလေးရှားနိုင်ငံသည် ဦးသန့်အားဂုဏ်ပြုသောအားဖြင့် မလေးရှားနိုင်ငံ ၊ကွာလာလမ်ပူမြို့၊ Embassy road လမ်းအား Jalan U Thant ဟု ဂုဏ်ပြု သတ်မှတ်ခဲ့သည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ဂျလန်ယူသန့်လမ်းမှ 7 UThant အဆောက်အအုံ

ွှTaman U Thant
Taman U-Thant is a place in Kuala Lumpur, Malaysia. Located in the eastern part of the city, it was established in the 1960s and was used for foreign embassies and high commissions only. It was named after the former UN General Secretary from 1961 until 1971, U Thant.

ဂျပန်နိုင်ငံ ၊ တိုကျိုမြို့၊ ကုလသမဂ္ဂတက္ကသိုလ်(UNU United Nation University) မှ့ U Thant Honorary Leacture Series ကို ပုံမှန်ဂုဏ်ပြု ထုတ်လွှင့်ခဲ့သည်။

ဦးသန့် နှစ်တစ်ရာပြည့် အထိမ်းအမှတ် အဖြစ် ကုလ မှ ဦးသန့်၏ ပုံအား တံဆိပ်ခေါင်းပြု၍ ဂုဏ်ပြုခဲ့သည်။

အမေရိကန် မှ အမှတ်တရတံဆိပ်ခေါင်းကုပ္မဏီက အေဗရာဟန်လင်ကွန်း၊ အိုဗားမား နှင့် ဦးသန့်တို့၏ တံဆိပ်ခေါင်းများကို ဈေးနုန်းတန်းတူသတ်မှတ်သည်။

what are they? where are they?

U Thant Peace Award
ဦးသန့်ငြိမ်းချမိးရေးဆု
ဤဆုကို ဦးသန့်အားဂုင်္ဏပြုသောအားဖြင့် အမေရိကန်မှSri Chinmoy က တီထွင်ခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် စတင်ပေးအပ်ခဲ့သည်။ ကွယ်လွန်သွားပြီဖြစ်သော ကမ္ဘာကုလသမဂ္ဂအထွေထွေ အတွင်းရေးမှုးချုပ် ဦးသန့်၏ မြင့်မားလှသော ဥာဏ်ရည်ဥာဏ်သွေး၊ အရည်အချင်းတို့ကို စံနမူနာထား၍ ကမ္ဘာငြိမ်းချမ်းရေးအတွက် စွမ်းစွမ်းတမံထမ်းဆောင်ခဲ့သော လူသား၊ အသင်းအဖွဲ့များကို ပေးအပ်ချီးမြင့်သော ဆုဖြစ်သည်။

Friday, November 13, 2009

မိဘဆိုတာ။

ကောင်လေးက မူလတန်းကျောင်းမှာ သူပထမဆုံးကြုံရသည့် မိဘ ဆရာအသင်း အစည်းအဝေးအတွက် အမေ့ကို ဖိတ်ခိုင်းတော့ သူဖိတ်သည်။ သို့သော် အမေ တကယ်တက်မည်ဆိုသည့် အခါ သူလန့်သွားသည်။ သူ့မိခင်ကို အတန်းဖော်များနဲ့ ဆရာမ ပထမဆုံးအကြိမ် အဖြစ် မြင်ကြရတော့မည်ဆိုတာတွေးကာ သူ ထူထူပူပူဖြစ်သွားသည်။
မိခင်က နဂိုမူလ ရုပ်ရည်ချောမောသူတစ်ဦးဖြစ်သည်။ သို့သော် မျက်နှာညာဘက်ခြမ်းမှာ အတော်ဆိုးဆိုးဝါးဝါး အမာရွတ်ကြီးတစ်ခုထင်နေသည် ။

ကောင်လေးက သည်အမာရွတ်အကြောင်း မကြားချင်။ သည်အမာရွတ်ကြီး ဘာကြောင့်ရလဲ ဘယ်လိုရသလဲ မသိချင်။ ဒါကြောင့် ဘယ်တော့မှ သူမမေး။

အစည်းအဝေးမှာ တစ်ခြားလူများနှင့် ဆုံကြတော့၊ သူ့မိခင်မှာ အမာရွတ်ရှိတာ မှန်သော်လည်း ပင်ကိုအလှ ရှိတာ ယဉ်ကျေးပျူငှာတာတွေကြောင့် လူတွေက သဘောကျကြသည်။ ဒါကိုမြင်သော်လည်း ကောင်လေးရှက်ရွံ့ စိတ်မပြေ၊ ရှောင်ဖယ်ပုန်းလျှိုး၍ပဲ့နေသည်။

သို့သော် တစ်နေရာမှာတော့ ဆရာမနှင့် သူ့မိခင်တို့ စကားပြောနေကြတာ သူကြားရသည်။ "မျက်နှာပေါ်က အမာရွတ်က ဘယ်လိုရတာလဲ" ဟုဆရာမကမေးသည်။

“သားလေး နို့စို့အရွယ်တုန်းကပေါ့၊ သူ့အခန်းထဲမီးလောင်တော့ သားက ခုတင်လေးထဲမှာ ၊ အခန်းထဲ မီးတွေ တဟုန်းဟုန်းနဲ့ ဆိုတော့ ဘယ်သူမှ မ၀င်ရဲဘူး၊ ကျွန်မ အတင်းဝင်ပြေးတာ၊ အဲဒီမှာ အပေါ်က ထုပ်တန်းကြီးတစ်ခု ပြုတ်ကျလာတော့ ကျွန်မကို ရိုက်မိပြီး အဲဒီမှာတင် မေ့လဲသွားတယ်၊ ကံအားလျော်စွားပဲ မီးသတ်သမား ရောက်လာပြီး ၀င်ကယ်လို့ သားအမိ နှစ်ယောက်စလုံး အသက်ချမ်းသာရာ ရတာ” ၊ မိခင်က မျက်နှာပေါ်ရှိ မီးလောင်ရာ အမာရွတ်ကို စမ်းရင်း ပြောပြနေသည်။ “ တစ်သက်လုံး အမာရွတ်ကြီးတစ်ခုတော့ ထင်သွားတာပေါ့လေ၊ ဒါပေမဲ့ ဒီအတွက် ကျွန်မ တစ်ခါမှ ၀မ်းမနည်းမိပါဘူး” တဲ့ ၊ အမေကဆိုသည်။

သည်စကားကြားတော့မှ ကောင်လေး မျက်ရည်တွေ အ၀ိုင်းသားနှင့် ပြေးထွက်လာကာ အမေ့ကို ဖက်သည်။ သူ့အတွက် အသက်ပေးကာကွယ်မည့် အမေ၏ စေတနာ အမေ့မေတ္တာတွေကို ခံစားရကာ သူ့ရင်ထဲ လှိုက်၍နေသည်။ အဲသည်နေ့တစ်နေ့လုံး အမေ့လက်ကို သူတင်းတင်းဆုပ်ထားသည်။ တစ်ချက်မျှပင် မလွတ်တော့။

Wednesday, November 11, 2009

ဘုရင်ရဲ့ လျှို့ဝှက်ချက်

တစ်ခါက ရှင်ဘုရင်တစ်ပါးဟာ ပန်းခြံထဲ ခြေစင်္ကြာဖြန့်နေတုန်း လှပတဲ့ မြွေလေးတစ်ကောင် စည်းရိုးနားက ဆူးခက်တွေကြားမှာ ငြိနေတာကို တွေ့လိုက်တယ်။ မြွေငယ်ကို ဘုရင်က ကယ်တင်လိုက်တယ်။

နောက်တစ်နေ့ ဘုရင်ကြီး ပန်းခြံထဲ လှည့်လည်နေတုန်း အ၀တ်အစား သပ်သပ်ရပ်ရပ် ၀တ်ဆင်ထားတဲ့ ပုဂ္ဂိုလ်တစ်ဦးကို တွေ့လိုက်တယ်။
"အသင်ဟာ ဘယ်သူလဲ..? ဘယ်နည်းနဲ့ နန်းတော်ထဲ ကျူးကျော်ဝင်ရောက်လာသလဲ"

"မထိတ်လန့်ပါနဲ့ အရှင်။ ကျွန်တော်မျိုးက နဂါးမင်းပါ။ ကျေးဇူးဆပ်ဖို့အတွက် ရောက်ရှိလာခြင်း ဖြစ်ပါတယ်"

"ဘာကျေးဇူးများလဲ"

"မနေ့က ကျွန်တော့်မျိုး သမီးလေး အရှင်ပန်းခြံထဲက ပန်းများကိုရှုစားရင်း စည်းရိုးမှာ ငြိနေခဲ့တယ်။ အရှင်ကယ်တင်ခဲ့လို့ သမီးတော်လေး နေလောင်ခြင်းမှာ လွှတ်ကင်းခဲ့ရတဲ့အတွက် ကျေးဇူးဆပ်ချင်ပါတယ်။ အရှင်လိုရာ ပြောပါ။ ကျွန်တော်မျိုး ကူညီဖို့အသင့်ပါ"

"အင်း...နန်းတော်မှာ အဖိုးတန်ပစ္စည်းတွေ အများအပြားရှိတယ်။ ဘာမှလိုလေသေး မရှိဘူးဆိုပေမဲ့ သတ္တ၀ါတို့ရဲ့ ဘာသာစကားကို အကျွန်ုပ်တတ်ချင်တယ်။ အကျွန်ုပ်က ကျေးငှက်တိရိစ္ဆာန်တွေကို ချစ်ခင်နှစ်သက်တယ်။ ဒါပေမဲ့ သူတို့ဘာတွေပြောနေမှန်း နားမလည်ခဲ့ဘူး"

"ဒါ မခက်ခဲပါဘူး အရှင်။ သူတို့ရဲ့ စကားကို နားလည်ချင်ရင် ဒီနေ့ကစပြီး သူတို့ရဲ့အသားကို မစားပါနဲ့။ သူ့အသားကိုစားပြီး သူ့စကားကို နားလည်တာမျိုးက မဖြစ်နိုင်ဘူး။ သက်သတ်လွတ်စားပြီး ခုနှစ်ရက်အတွင်း သူတို့စကားကို အရှင်နားလည်လာပါလိမ့်မယ်။ ဒါပေမဲ့ ဒီကိစ္စကို အရှင်လျှို့ဝှက်ထားရမယ်။ တစ်ယောက်ယောက်က သိသွားရင် အစွမ်းပြယ်သွားလိမ့်မယ်"

နဂါးမင်းက ပြောပြောဆိုဆို ပျောက်ကွယ်သွားတယ်။ ဘုရင်ကြီးက နဂါးမင်းပြောတဲ့အတိုင်း လိုက်နာခဲ့တယ်။ ခုနှစ်ရက်ရောက်တော့ ဘုရင်ကြီး စားပွဲတော်ခံနေတုန်း ပိုးဖလံနှစ်ကောင်ရဲ့ အသံကိုကြားလိုက်တယ်။

ပိုးဖလံတစ်ကောင်က "တော်... ဟိုကြမ်းပြင်မှာကျနေတဲ့ ထမင်းစေ့ကို သွားကောက်ပါလား" လို့ပြောတော့ နောက်ပိုးဖလံတစ်ကောင်က "စားချင်ရင် ကိုယ်တိုင်သွားကောက်ပါလား"

"ကျုပ်မပျံနိုင်လို့ တော့်ကို ကောက်ခိုင်းတာပေါ့။ အစကတော့ ချစ်ပါတယ်ဆို ခုတော့ ထမင်းတစ်စေ့ သွားကောက်ဖို့ တောင် တော်မလုပ်နိုင်တော့ဘူးလား"

"အစားပဲရှိပြီ အလှုပ်မရှိလို့ ၀နေတာပေါ့။ ၀ိတ်လျှော့ပါဆိုတော့ မလျှော့ဘူး။ ဘုရင်နဲ့ မိဖုရားရှေ့မှာ ကျုပ်ကို ထမင်း သွားကောက်ခိုင်းတာ သေခိုင်းတာနဲ့အတူတူပဲ။ ဘာလဲ မင်းနောက်မီးလင်းနေလို့ ငါ့ကို သေကြောင်းကြံတာလား"

ပိုးဖလံနှစ်ကောင် အချီအချပြောနေတဲ့ စကားကိုကြားတော့ ဘုရင်ကြီးက မအောင့်နိုင်ဘဲ ရယ်မိတော့တယ်။ ရုတ်တရက် ထရယ်တဲ့ ဘုရင်ကို မိဖုရားက ဘာကြောင့်ရယ်တာလဲ မေးတော့ ဘုရင်က ဘာမှမဟုတ်ကြောင်း လက်ကာပြတယ်။

ထမင်းစားပြီး မိဖုရားနဲ့ ရေနွေးကြမ်းသောက်နေတုန်း အိမ်ခေါင်မိုးပေါ်က အိမ်မြှောင်နှစ်ကောင်ရဲ့ စကားပြောသံကို ဘုရင်က ကြားလိုက်မိပြန်တယ်။

"ဘေးဖယ် ရှင်မရေ.."

"ဒီလောက်ညဥ့်နက်နေပြီ ရှင်ဘယ်သွားမလို့လဲ။ ဘေးအိမ်က မုဆိုးမဆီ သွားမလို့လား"

"ဟာ.. ဒီမိန်းမ ငါဘယ်နှစ်ခါ ပြောရမလဲ။ ဘေးအိမ်ကနဲ့ ငါ ဘာမှမပတ်သက်ဘူး။ လူတကာကို မစွပ်စွဲနဲ့"

"အော်... ကျေးဇူးကန်းရဲ့.. ရှင်က သူ့ကို ကာဆီးကာဆီး လုပ်တာလား။ နေ့တိုင်းပဲ အဲဒီမိန်းမကြောင့် ကျုပ်တို့ စကားများရတယ်။ မပတ်သက်ရင် ဘာဖြစ်လို့ ခဏခဏ သွားနေရတာလဲ"

"ငါ ဘေးအိမ်ကို သွားတာမဟုတ်ဘူး။ မင်း ပူညံပူညံလုပ်လွန်းလို့ နားအေးပါးအေး အပြင်ထွက်ရှောင်မလို့.. ဖယ်စမ်းပါ"

"မဖယ်နိုင်ဘူး ရှင်ရေ... အစကတော့ ကျွန်မကို မခွဲမခွါဘဲ တစ်သက်လုံးချစ်မယ်ဆို။ အခုယူတာ တစ်လတောင် မရှိသေးဘူး။ ရှင်က ကျုပ်ကို ခွါချင်ပြီလား"

အိမ်မြှောင်နှစ်ကောင် လုံးရင်းဆန်ရင်း ခေါင်မိုးပေါ်က ပြုတ်ကျလာပြီး အမြီးတွေ ပြတ်ကုန်တယ်။ "တောက်.. ဒီတစ်လ အမြီးပြတ်တာ သုံးခါရှိပြီကွ" ဒေါနဲ့မောနဲ့ ပြောလိုက်တဲ့ အသံကိုကြားတော့ ဘုရင်ကြီးက မအောင့်နိုင်ဘဲ ရယ်မိပြန်တယ်။ မိဖုရားက မေးတော့ ဘုရင်က ဘာမှမဟုတ်ကြောင်း လက်ကာပြပြန်တယ်။

အဲဒီနေ့ကစပြီး ဘုရင်ဟာ ရုတ်တရက် ထထရယ်နေတတ်တယ်။ ကြုံရဖန်များလာတော့ မိဖုရားက "ဘုရင်ကြီး တစ်ခုခုကို လျှို့ဝှက်ထားပုံရတယ်။ ငါ့အသက်နဲ့ မခြိမ်းခြောက်ခဲ့ရင် သူပြောပြမှာ မဟုတ်ဘူး" ဆိုပြီး ဘုရင်ကြီးရယ်တဲ့ အကြောင်းရင်းကို မပြောပြရင် ကိုယ့်ကိုအဆုံးစီရင်မယ်လို့ မိဖုရားက ခြိမ်းခြောက်တော့တယ်။

ဘုရင်ကြီးက လျှို့ဝှက်ချက်ကို မပြောပြချင်တော့ "ခဏနေအုန်း.. ကျုပ်အပြင်ထွက်ပြီး စိတ်အပန်း ဖြေလိုက်အုန်းမယ်။ ပြန်လာရင် ပြောပြမယ်" ဆိုပြီး ထွက်ခဲ့တယ်။ နန်းတော်ရဲ့ တစ်နေရာ ဆိတ်ခြံကိုတွေ့တော့ ဆိတ်နှစ်ကောင် စကားပြောနေတာကို ဘုရင်ကြီးက ကြားမိတယ်။

"ကျွန်မမှာ ကိုယ်လေးလက်ဝန်နဲ့ ကျွန်မကို ချီပိုးစမ်းပါ"
"လမ်းလျှောက်နေရက် အကောင်းကြီးကနေ ကျုပ်ကို ဘာလို့ပိုးခိုင်းရတာလဲ"
"ရှင်မပိုးရင် ကျွန်မကိုယ်ကျွန်မ သတ်သေလိုက်မှာနော်"
"ရော်... ဘယ်နှယ့် အဲဒီလို တုံးအတဲ့အတွေးရှိရတာလဲ ရှင်မရယ်။ အဲဒီစကား ဘယ်က သင်ခဲ့တာလဲ ပြောစမ်း"

"ခုနားက ဘုရင်နဲ့ မိဖုရား ပြောနေတာကို ကြားလိုက်လို့ပါ။ မိဖုရားက ကိုယ့်ကိုယ် သတ်သေ မယ်ဆိုပြီး တောင်းဆိုတာကို ဘုရင်က ချက်ချင်းပဲ လိုက်လျှောခဲ့တယ်။ ကိုယ့်ကိုယ်သတ်သေ တယ်ဆိုတာ လက်နက်ကောင်း တစ်မျိုးပဲ။ ဒါကြောင့် ရှင် ကျွန်မကို အရင်ကလို ချစ်သေးလား...? မချစ်ဘူးလားလို့ စမ်းကြည့်တာ"


"ဟား...ဟား.. မင်း အရမ်းတုံးအတာပဲ။ ကိုယ့်ကိုယ်အဆုံးစီရင်တယ်ဆိုတာ ကမ္ဘာပေါ်မှာရှိသမျှ အပြုအမှုထဲက ရယ်စရာအကောင်းဆုံးနဲ့ အတုံးဆုံး။ သတ္တ၀ါတွေထဲမှာ လူတွေကလွဲရင် ဘယ်သတ္တ၀ါကမှ ကိုယ့်ကိုယ် အဆုံးစီရင်တဲ့လမ်း မရွေးဘူး။ သတ္တ၀ါတိုင်းက ကိုယ့်အသက်ကို ကိုယ်ချစ်တယ်။ ကိုယ့်အသိနဲ့ ကိုယ်အသက်ရှင်တယ်။ ကိုယ့်ကိုယ်အဆုံးစီရင်တာကို တစ်ခြားလူက ကြားခံပြီး လာသေပေးလို့မရဘူး။ လူတွေလို ကိုယ့်ကိုယ်အဆုံးစီရင်ချင်သလား..? ကိုယ့်ကိုယ် ဆိတ်ပီသအောင် ကျင့်ကြံမလား..? ကြိုက်ရာလမ်းကို ရွေးပေးတော့"

ဆိတ်ဖို ပြောစကားကို နားထောင်ပြီး ဆိတ်မ ငြိမ်ကုတ်သွားတယ်။ ဘုရင်က သူတို့ပြောတဲ့ စကားကိုနားထောင်ပြီး "ငါဟာ တိုင်းပြည်ရဲ့ အရှင်သခင် ဘုရင်လို့သာပြောတယ်။ ငါ့ရဲ့ အသိဥာဏ်က ဆိတ်တစ်ကောင်ရဲ့ အသိဥာဏ်လောက် တောင် မရှိပါလား" လို့ တွေးမိပြီး မိဖုရားကို ပြောပြဖို့ နန်းတော်ထဲ ပြန်ခဲ့တယ်။

မိဖုရားကိုတွေ့တော့ ဘုရင်က"နှမတော်နဲ့ အတူနေချိန် မောင်တော်အမြဲရယ်ဖြစ်တာက ဟိုးအရင်က နှမတော်နဲ့အတူ ပျော်ပါးခဲ့တဲ့ အချိန်တွေကို ပြန်အောက်မေ့ သတိရမိလို့ပါ။ စားသောက်နေချိန်မှာလဲ သတိရတယ်။ အပန်းဖြေချိန်မှာလဲ သတိရတယ်။ အစဉ်အမြဲ သတိရနေလို့ပါပဲ နှမတော်"

"ဒါဆိုရင် ဘာဖြစ်လို့ အစကတည်းက မပြောတာလဲ"

"စိတ်ထဲမှာ ထားပြီး တမြေ့မြေ့နဲ့ အောက်မေ့နေရတာက ပိုချိုမြိန်တယ်လေ နှမတော်။ အမွှေးရနံ့တွေ ထည့်ထားတဲ့ ပုလင်းတစ်လုံးလိုပေါ့။ အဖုံးဖွင့်လိုက်ရင် ရနံ့တွေပြန့်လွှင့်ကုန်တယ်"

ဘုရင်ရဲ့ နားဝင်ချိုတဲ့ စကားကိုကြားတော့ မိဖုရားက ၀မ်းသာပီတိဖြစ်ရတယ်။ ဘုရင်က ရုတ်တရက် ပိုးဖလံနှစ်ကောင်ရဲ့ စကားကို ကြားလိုက်မိတယ်။

"လူတွေရဲ့ စကားချိုချို ပြောတတ်တဲ့ အကျင့်ကို အတုယူထားစမ်းပါ"
"ရှင်လဲကျွန်မကို အဲဒီလို စကားမျိုးပြောရင် ရှင့်ကိုကျွန်မ ရန်မရှာတော့ဘူး"
ဘုရင်ကြီး ရယ်လိုက်မိပြန်တယ်။

***********************************


"နှစ်သက်တယ်"ဆိုတာ အချစ်ရဲ့ခပ်ဖျော့ဖျော့အရောင်လေး
"ချစ်တယ်"ဆိုတာ နှစ်သက်တာရဲ့ ခပ်ရင့်ရင့်အရောင်လေးပေါ့။

အချစ်တွေ အများကြီးရလိုက်လို့ ဘ၀ဟာ ပြီးပြည့်စုံသွားမှာ မဟုတ်ဘူး။
အချစ်တွေ အများကြီးပေးဆပ်လိုက်ရလို့ ဘ၀ဟာ ပိုတန်ဖိုးရှိသွားတာ။


လမ်းတစ်နေရာမှာ ဆုံကြတဲ့ ပုရွက်ဆိတ်လေး နှစ်ကောင်လိုပေါ့။ ကိုယ့်ခေါင်းပေါ်က အမွေးနဲ့ အချင်းချင်းထိတွေ့ နှုတ်ဆက်ကြပြီး ဆန်ကျင့်ဖက်ကို လမ်းခွဲလျှောက်ခဲ့ကြတယ်။ ဦးတည်ရာဖက်ကို တစ်ရွေ့ရွေ့ တွားသွားရင်း ကျယ်ပြန့်တဲ့ ဒီဟင်းလင်းပြင်ကြီးမှာ ခန္ဓာကိုယ်သေးငယ်တဲ့ ပုရွက်ဆိတ်နှစ်ကောင် ဘယ်နေရာမှာ ထပ်ပြန်ဆုံခွင့် ရကြမလဲ?

စကြ၀ဠာနဲ့ နှိုင်းယဉ်ကြည့်ရင် ကျွန်မတို့ လူဆိုတာ မျက်စိနဲ့တောင် မမြင်နိုင်တဲ့ အမှုန်လေးပါ။ ဘယ်နေရာ ဘယ်အချိန်မှာ ပုရွက်ဆိတ်လေးနှစ်ကောင်လို့ အချင်းချင်း ထိတွေ့ခွင့်ရနိုင်မလဲ..? နှုတ်ဆက်ခွင့်ရနိုင်မလဲ?

လူ့ဘ၀ထဲ တစ်ခါရောက်လာဖို့ လွယ်ကူပါသလား?
လူချင်းတစ်ခါလောက် ရင်းနှီးနှုတ်ဆက်ဖို့ လွယ်ကူပါသလား?
သူငယ်ချင်းလို့ အမည်တပ်ဖို့ လွယ်ကူပါသလား?
စကားလေး တစ်ခွန်းပါပဲ ....
"တန်ဖိုးထား မြတ်နိုးပါ"

တရုတ်စကားပုံ တစ်ခုက ဒီလိုပြောပါတယ်။
"ရှေးကံကြောင့် မိုင်ပေါင်းထောင်ချီ ဝေးနေကြသူတွေ တွေ့ဆုံရင်းနှီးခွင့် ရကြတယ်။ ကံမပါရင် ပုခုံးချင်း ရှပ်တိုက်သွားတာတောင် ရင်းနှီးခွင့် မရဘူး" တဲ့.....

အီးမေးထဲကရတာလေးပါ။

Friday, August 21, 2009

ခင်ဝမ်းရဲ.ခင်ဝမ်း

မှာတမ်း - ဤ စာတို.သည် ၀တ္တု တစ်ပုဒ် ဇတ်လမ်းတစ်ပုဒ် မဟုတ်ပါ။ လူတစ်ယောက်အကြောင်းကို စာတမ်းဖွဲ.ထား သော စာစုတို.သာမည် ၍ သည်လူကိုလည်း ခင်ဝမ်း က ခင်ဝမ်းဟုပင် ခေါ်ပါသည်။

အမှန်ဆိုရပါမူ
ခင်ဝမ်းတို. ဇတ်လမ်းဝယ်
မင်းသားသည်လည်းကောင်း
မင်းသမီးသည်လည်းကောင်း
မရှိ။
လူကြမ်းအဖြစ် ခင်ဝမ်း တစ်ဦးတည်းသာ ရှိပါသည်။

အဆွေးခန်းတွင်လည်းကောင်း
အပျော်ခန်းတွင်လည်းကောာင်း
အကြမ်းခန်းတွင်လည်းကောင်း
အလွမ်းခန်းတွင်လည်းကောင်း
လူကြမ်းခင်ဝမ်းတစ်ယောက် တည်း သာ ပြောင်းလဲ၍ သရုပ်ဆောင်ရပါမည်။

ခင်ဝမ်းဆိုသော ကောင်
ဒီကောင်သည် ကောင်းသောကောင်မဟုတ်။ အလွန်ရှုပ်၍ အလွန်ပွေသည်။
သူ.ထက်ဆိုးပြီး ဆိုးသူ မရှိဟု လူတကာဆိုကြသည်။
ခင်ဝမ်း၏ မိဘများသည် လည်း ဆုံးမ၍ မရ လက်မှိုင်ချကာသာ နေရသည်။

ခင်ဝမ်းသည် လူနောက်တစ်ဦးဖြစ်သည်။
ဘွဲ. နှင်းသဘင်ရှေ.မှ ပန်းအိုးများကို ခင်ဝမ်းတို.တသိုက် သွားရွှေ.ကြသည်။
ရွှေ.၍မျှမပြီးမီ ဒရမ်ဝမ် ကုလား နိုးလာ၍ ခင်ဝမ်းတို.ခွေးပြေးဝက်ပြေး ပြေး ကြရသည်။
ခင်ဝမ်းမူ ပျော်လှသည်။

တစ်ခါကလည်း ဂျပ်ဆင်မျှော်စင် ထိပ်မှ ရှာလပတ်ရည်ကုလားကို
ရှာလပတ်ရည် ငါးပြားတန် တစ်ခွက်ပေးပါဗျို. ဟု အော်မှာဘူးသည်။
ခင်ဝမ်းတို.တသိုက် ပွဲကျ၍ မဆုံး။

ခင်ဝမ်းသည် နောက်သော ခင်ဝမ်းဖြစ်၏။
သို.တစ်မူ ခင်ဝမ်းသည် လူမိုက်တစ်ဦး ကား မဟုတ်ချေ။

အကြောင်းမူ မည်သူကမျှ ခင်ဝမ်းကို လူမိုက်ဟုမခေါ်ကြသောကြောင်.ဖြစ်သည်။
ခင်ဝမ်းကို ခင်ဝမ်းသူငယ်ချင်း သိန်းမြင်.ဆိုသူက ခင်.၀မ် ဟု ခင်တွင် အောက်ကမြင်.ထည်.၍
လည်းကောင်း ၀မ်းတွင် ရှေ.ကပေါက်ဖြုတ်၍ လည်းကောင်းခေါ်သည်မှတပါး ၊ တကမ္ဘာလုံး
ခင်ဝမ်းဟု ခေါ်ကြသည်။

ထို.ကြောင်. ခင်ဝမ်းသည် ခင်ဝမ်းသာဖြစ်ရမည်။
ခင်ဝမ်းသည် လူမိုက်မဟုတ်နိုင်ပါ။

ခင်ဝမ်းငယ်ငယ်က ခင်ဝမ်းသည် ခင်ဝမ်းသူငယ်ချင်း ညိုညို ဆိုသော ကောင်မလေး ကို မုန်.ကျွေးမည်ဟု
ညာခေါ်၍ တီကောင်နှင်.တို.ဖူးပါသည်။ ညိုညို အာခေါင်ခြစ် အော်ငိုလေမှ ခင်ဝမ်းချော.သည်။

ခင်ဝမ်းသည် ညစ်ထေးထေးကောင်ဖြစ်၏။

သည်မျှသည်မျှ
ဆိုးသော
ရိုင်းသော
ညစ်ထေးထေးနိုင်သော
ခင်ဝမ်းသည် ရုတ်တရက် ရန်ကုန်တက္ကသိုလ် သို.ရောက်လာပါသည်။

ခင်ဝမ်းမူ
ဆိုးမြဲ
မိုက်ရိုင်းမြဲ
နောက်မြဲ

တစ်ခါကအဆောင်ရှိ အိမ်သာတိုင်း ကို အတွင်းမှ ဂျက်ချ၍ ပြတင်းပေါက်မှ ကျော်ဆင်း၍
ပြတင်းပေါက်များကို ပြန်စေ.ထားခဲ.သည်။အိမ်သာအားလုံးကို ဤ သို.လိုက်လုပ်သည်။
အပြင်မှသော် ဖွင်.မရပြီ။
နောက်တစ်နေ. မနက်စောစောတွင် အဆောင်သားများ ပျားပန်းခတ်မျှ အိမ်သာပြဿနာပေါ်တော.သည်။
ခင်ဝမ်းမူ သဘောကျလှသည်။တစ်ယောက်တည်း ရယ်နေတော.သည်။

တစ်ခါကလည်း ခင်ဝမ်းသည် ခင်ဝမ်းသူငယ်ချင်းတစ်ဦးကို မိုင်လိုတိုက်မည်ဟုခေါ်ပြီး မိုင်လိုထဲတွင် ၀မ်းနှုတ်ဆေး
ထည်.တိုက်ပါသည်။နောက်ပြီး သူ.သူငယ်ချင်း အိပ်ချိန်တွင် အခန်းတံခါးကို အပြင် မှ ကလန်.ချထားလိုက်သည်။

နောက်နေ. ခင်ဝမ်းသူငယ်ချင်းသည် ဘုံဘိုင်မှရေတို.ကို ငင်၍ ငင်၍ အိုသောမျက်နှာဖြင်.
အခန်းအနှံ. အပြားဆေးကြောနေချိန်တွင် ခင်ဝမ်းအခန်းတွင်း ၌ အူတက်လေသည်။

သည်မျှရှုပ်သော ခင်ဝမ်းသည်
နောက်သော ခင်ဝမ်းသည်
ဆောင်းပြယ်စ နွေညတစ်ညတွင်
သူမကိုစတင် တွေ.ရပါသည်။
သူမကို မည်သို.မည်ပုံချစ်မိကြောင်း ခင်ဝမ်းကိုယ်တိုင်ပင် မသိပါချေ။

ခင်ဝမ်းချစ်သူသည်
အသားဖြူ၏။
မျက်နှာမူလည်း ၀ိုင်းပါသည်။
မျက်နက်ရွှန်းရွှန်း ပါး ၀န်းဝန်းဖြင်.
ရွှေသွန်း ရုပ်သွင် နှင်.လည်း တင်.မောလှပါ၏။

ခင်ဝမ်းချစ်သူ သည် အရှက်ကြီးလှသူဖြစ်ပါ၏။
ထို.ကြောင်.သူ.နာမည်ကိုသာ တိုက်ရိုက်သုံးလျှင် ခင်ဝမ်းကို သူ မုချမုန်းပါလိမ်.မည်။
ခင်ဝမ်းကို သူမုန်းလျှင် ခင်ဝမ်းဘ၀လည်း ဆုံးရပါမည်။ သည်ကြောင်. သူမနာမည်ကို ခင်ဝမ်းထိန်ဝှက် လိုပါသည်။
ခင်ဝမ်းချစ်သောသူကို ညက်စစ် မွတ်ကြည် ဘုံခြောက်မည်၍ ပြစ်ချည်ကင်းလွတ် အားလုံးနတ်လျှင် တုမှတ်ဘက်မျှ
ပြိုင်လာကြလည်း သောမရောင်တွင် ကြယ်နှယ်သာထင်ပါလိမ်.မည် ဟု ခင်ဝမ်း ယူဆပါသည်။

ဤ မျှ ဆန်.ကျင်ဘက်ကျသော မိန်းမငယ်ကို ခင်ဝမ်းချစ်မိခြင်းသည် ခင်ဝမ်းအဖို.
ကံဆိုးမိုးမှောင်ကျ၍ ဖြစ်ပါသည်။

ခင်ဝမ်းသည် သူ.အဖြစ်ကို အမိတက္ကသိုလ်မြေ နှင်.လည်းနှိုင်းပြဖူးသည်။ ငွားငွားစွင်.စွင်. ကံကော်ပွင်.တို.သည်
မြေတွင် ကြွေလွင်.ပြန်.ကျဲနေမှ လှသည်ဟု ဆိုပါသည်။
တဖန်ရွှေဝါ ပိတောက်ခိုင်တို.သည် ပင်ထက်တွင် ပွင်.နေလေမှ တင်.တယ်ပါသည်ဟု ဆိုပြန်သည်။
ဤကဲ.သို. ဆန်. ကျင်ဖက်ကျ လှသော ပန်းနှစ်မျိုး အမိမြေတွင် ကြီးစိုးနေသောကြောင်.သာ ခင်ဝမ်း သူ့ကိုချစ်မိသည်ဟုဆိုပါသည်။
အကြောင်းအားဖြင့်တော့ ဆီလျော်လှသည်မဟုတ်ပါ။
မည်သို့ဆိုစေ သူ့ကို …
ခင်ဝမ်း ချစ်လှသည်၊ မြတ်နိုးလှသည်။
သူသည်သာ ခင်ဝမ်းဘ၀၊ သူသည်သာ ခင်ဝမ်းအသက်ဖြစ်၍ သူသည်သာ ခင်ဝမ်းနှလုံးသည်းပွတ်ဖြစ်ပါချေ၏။
ခင်ဝမ်းသည် သူ့ကိုမြင်တွေ့ရမှ ထမင်းစားဝင်ပါသည်၊ အိပ်၍ပျော်ပါသည်ဟုဆိုဖူး၏။
သူ့ကိုတစ်ရက်မမြင်ရလျှင် ခင်ဝမ်းထမင်းစားပျက်သည်ဟု ဆိုပါသည်။
ခင်ဝမ်းအခန်းထဲတွင် သတင်းစာထဲမှ သူနှင့်တူသောကြောင့် ဖြတ်ယူထားသော ပုံတစ်ပုံရှိသည်။
ကျောင်းပိတ်ရက်တွင် သူ့ကိုယ်စားကြည့်ရန်ဟုဆိုသည်။ သို့သော် လူကိုယ်တိုင်မြင်ရခြင်းမဟုတ်သောကြောင့် ထမင်းစား၍ နည်းနည်းသာရပြီး၊
အိပ်၍လည်း နည်းနည်းသာပျော်ကြောင်း ခင်ဝမ်းပြောပြဖူးပါသည်။
ကျောင်းရက်ရှည်ပိတ်လျှင်တော့ ခင်ဝမ်း ဘယ်လိုနေမည်မပြောတတ် …
နှင်းတွေဝေနေ …
မိုးတွေရွာနေ …
နေတွေပူနေ …
လတွေသာနေ …
မည်သို့ပင်ရှိစေ ခင်ဝမ်း သူ့ကိုသတိရသည်။ အိပ်နေချိန်တွင် သူ့အကြောင်း အိပ်မက်ထဲတွင်စဉ်းစား၍ နိုးနေချိန်တွင်လည်း မေ့သည်မရှိ …
သည်မျှ ခင်ဝမ်းက ချစ်လှသော်လည်း သူမသိရှာ၊ ခင်ဝမ်းကလည်း ဖွင့်မပြောရဲ။
ဤသည်ကို ခင်ဝမ်းက “မေတ္တာစစ်” ဟု အမည်တပ်သည်။ ရယူလိုသောဆန္ဒ၊ ပိုင်ဆိုင်လိုသောဆန္ဒ မရှိသောအချစ်သည်
စစ်မှန်သောအချစ်ပင်ဖြစ်သည်။ ခင်ဝမ်း မှတ်ချက်ချသည်။
တစ်ခါက ခင်ဝမ်း သူ့ကိုနောက်ဖူးသည်။
ခင်ဝမ်းကြော့မှူးသည် …
အလွန်လှပါသည် …
အလွန်ယဉ်ပါသည် …
ဣနြေ္ဒလည်းရသည် …
ပါးဖြူဖြူလေးက မွှေးချင်စရာ …
တစ်ခါတစ်ရံ ခင်ဝမ်းက …
“ သည်မျှလှသူသည် ကဝေမသာဖြစ်ရမည်။ ကဝေမဖြစ်၍သာ သူ့ကို ဖမ်းစားသည်။ ဒါကြောင့် ကဝေမကို မုချမုန်းရမည် ” ဟု ပြောဖူးသည်။
ခင်ဝမ်းသည် ညာတတ်သည်။
ယနေ့တိုင် ချစ်စရာ ကဝေမလေးကို မမုန်းနိုင်။
ချစ်ဆဲ … မြတ်နိုးဆဲ … မျှော်လင့်ဆဲ …
တစ်ခါက ခင်ဝမ်းချစ်သူသည် အင်္ကျီအဖြူရောင်နှင့် လုံချည်ယောထဘီအနက်တို့ဝတ်လာသည်။ ပါးဖြူဖြူတွင်လည်း သနပ်ခါးရေကြဲဆွတ်ထားသည်။
ခင်ဝမ်း သဘောကျ၍မဆုံး။ မျက်လုံးပင်မခွာတော့။
လက်တွေ့လုပ်ရာတွင် သူ့အနားသို့သွား၍ ခင်ဝမ်းနေရာယူပါသည်။ သူတစ်မျိုးများ ထင်မည်လားဟု ခင်ဝမ်းရှက်ရသေး။ သူကမူ ဂရုမစိုက်။ ဆလိုက်
(Slide) များသာလျှောက်ကြည့်သည်။ ခင်ဝမ်းလည်း သူ့နောက်တကောက်ကောက်လိုက်၍ ဆလိုက်ကြည့်သည်။ သူနှင့်တိုးဝှေ့ကြည့်ရသည်မှာ
ခင်ဝမ်းပျော်လှသည်။ အပျော်လွန်၍ စုံအောင်ပင်မကြည့်လိုက်ရပေ။
သူ ဆလိုက်တစ်ခုကို ကြည့်သောအခါ အလင်းရောင်ယူသောမှန်ကို ခင်ဝမ်းက မသိမသာကွယ်ထားပါသည်။
ပထမတစ်ခါမူ
ဒုတိယတစ်ခါမူ
မတော်တဆထင်၍
“ ခင်ဝမ်း … ကွယ်နေတယ် ” ဟုဆိုပါသည်။
နောက်တော့ တမင်လုပ်မှန်းသိ၍
“ ခင်ဝမ်း ” ဟု အပြုံးတစ်ဝက်နှင့် မာန်မဲပါသည်။
ခင်ဝမ်း ကျေနပ်၍မဆုံး၊ ၀မ်းသာ၍မဆုံးပြီ။
ဤကား နောက်သော ခင်ဝမ်းဖြစ်၏။
နောက်သောခင်ဝမ်းသည် ကြာကြာမခံ …
မကြာခဏ စိတ်ဆင်းရဲသော ခင်ဝမ်းဖြစ်သွားတတ်သည်။
တစ်ခါက ခင်ဝမ်းချစ်သောသူသည် ယောက်ျားရွယ်တစ်ယောက်နှင့် စကားပြောနေသည်ကို ခင်ဝမ်းမြင်ရသည်။
ထိုနေ့တစ်နေ့လုံး ခင်ဝမ်းမပျော်တော့ပြီ။
မျက်နှာကြီးအောက်သိုးသိုးနဲ့ ဆိုးတဲ့ခင်ဝမ်းသည် ကျောင်းတက်လိုစိတ်မရှိတော့ …
သူ့ကိုလည်း အခြောက်တိုက် စိတ်ဆိုးလိုက်သေးသည်။
ထိုညတွင် ခင်ဝမ်းအိပ်မပျော်ပြီ …
အိပ်မက်ထဲတွင် သူ့ကိုယ်သူပင် မာန်မဲမိသည်။
သည်မျှသ၀န်တိုသော ရူးသောခင်ဝမ်းသည် ကလေးကလားအလွန်ဆန်သည်။
တစ်ခါတစ်ခါ သူပြောတတ်သည် …
ခင်ဝမ်းသာ သူနှင့်ရလျှင်ဟု အစချီတတ်သည် …
ထိုအခါတွင် …
အိမ်လှလှတစ်လုံးဆောက်ပါမည်။
ထိုအိမ်တွင် ရေကန်တစ်ခု ပါရပါမည်။
ထိုအိမ်တွင် ခင်ဝမ်းတို့ လှေစီးကြပါမည်။
လျှောက်လည်ရန်နှင့် ရုပ်ရှင်ကြည့်ရန် ကားတစ်စီးဝယ်ထားမည်ဟု ဆိုပါသည်။
တစ်ဖန်လည်း …
ခင်ဝမ်းသည် ကျောက်ဒိုးပစ် အင်မတန်ဝါသနာပါလှသည်။ ထို့ကြောင့် သူနှင့်ရလျှင် သူ့ကို ကျောက်ဒိုးကစားနည်းသင်ပေး၍ ကျောက်ဒိုးပစ်ကြမည်ဟု
ပြောပါသည်။
အဘယ်မျှ အတိတ်ကာလကို ခင်ဝမ်းတွက်ဆနေပါစေ။
ခင်ဝမ်းသည် အရုပ်ဆိုး၏။
ဣနြေ္ဒလည်းမရ။
ဘယ်လိုနေနေ အကျည်းတန်သည်ချည်း။
ခင်ဝမ်းချစ်သူသည် …
အလွန်လှ၏။
ဣနြေ္ဒလည်းရ၏။
ပြုံးလိုက်ရင် ပို၍ပင် ချစ်စရာကောင်းသည်။
သည်တော့ ခင်ဝမ်းတို့သည် ဆန့်ကျင်စွာမဆုံဆည်းမိကြပေ။ ခင်ဝမ်းချစ်သောသူသည် မိန်းကလေးဖြစ်သောကြောင့် အလှအပကို မြတ်နိုးပါမည်။
ခင်ဝမ်းသည် လှသောသူမဟုတ်ပါ။
ထိုအခါတွင် ဤမျှလှပသောသူနှင့် အရုပ်ဆိုးသူကို ဖန်တီးပေးသောမြတ်စွာဘုရားကို ခင်ဝမ်း စကားနာထိုးပါသည်။ သတ္တဘာဂကို ကျိန်ဆဲပါသည်။
နောက် သူ့မိဘကိုလည်း သူ့ကို အရုပ်ဆိုးစွာမွေးဖွားသောကြောင့် အပြစ်တင်မိပါသည်။
သို့သော် သူ့ကိုမူ သည်မျှလှသောကြောင့် အပြစ်မတင်ရက်ပါ။
ခင်ဝမ်း၏ဇာတ်လမ်း ဤတွင်တစ်ခန်းရပ်ပါသည်။
ရှေ့ပိုင်းအခန်းများကို ခင်ဝမ်း၏ပစ္စုပ္ပန်က စုံစမ်းပါလိမ့်မည်။ ထိုခင်ဝမ်း၏ ရှေ့ပိုင်းဘ၀တွင် သူ့အတွက်ကျရသောမျက်ရည်များ၊ သူ့ကိုတမ်းတသော
အလွမ်းများ …
သူ့ကိုဆွေးသော အတွေးများကိုသာ …
ပြည်ဖုံးကားချနိုင်မည်ဆိုပါလျှင် …
ခင်ဝမ်းသည် ထာဝရပင် …
ဆိုးသော …
ရိုင်းသော …
နောက်သော …
ခင်ဝမ်း ဖြစ်နေပါလိမ့်မည်။

ခင်ဝမ်း
ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ အမှတ်(၆)၊ ဇူလိုင်လ၊ ၂၀၀၆
User Online