Saturday, November 28, 2009

အခမ်းနားဆုံးအရာ


ပြီးခဲ.တဲ.တစ်ရက်က ကျွန်တော် Telecommunications ကုပ္မဏီ တစ်ခုကို အလုပ်ကိစ္စနဲ. သွားရပါတယ်။ နေရာ က နည်းနည်းဝေးတော. ကျွန်တော် ရထားနဲ. သွားတယ်။ ပြီးတော. တက္ကစီပြန်စီးတယ် ။ တက္ကစီမောင်းတဲ. သူက အင်ဒီးယန်း တစ်ယောက်ပါပဲ။ အသက်ခပ်ငယ်ငယ်ပဲရှိဦးမယ်။ ကျွန်တော်သွားချင်တဲ.နေရာ ကို အတိုဆုံး လမ်း အမှန်ဆုံးလမ်းက နေသူမောင်းပေးခဲ.ပါတယ်။ များသောအားဖြင်. တက္ကစီသမားတွေက သူတို.မီတာ ခတက်အောင်လို.၊ကော်မရှင်များများရအောင်လို.ပတ်မောင်းကြတာများပါတယ်။ ဒီတစ်ယောက်ကတော. အဲဒီလိုမဟုတ်ပါဘူး။ ကျွန်တော် ကိုယ်တိုင်ကလည်း အဲဒီနေရာကို အမြဲ သွားနေကြမို. ဘယ်လမ်းကသွားရင်ဖြင်.မှန်တယ်။ ဘယ်လမ်းကသွားရင် ပိုဝေးတယ် စသဖြင်.ခွဲတတ်ပါတယ်။ ကျွန်တော်သွားချင်တဲ. ကုပ္မဏီ ကို ရောက်တော. ကားခရှင်းဖို.လုပ်ပါတယ်။ ကားခ က ၂၁ ကျပ် ခွဲ ကျပါတယ်။ ကျွန်တော်.မှာ က လည်းတစ်ရာတန်ပဲပါတယ်။သူ.မှာကအမ်းစရာမပါဘူး။ ဒါနဲ. သူကပိုက်ဆံကိုတခြား တက္ကစီသမားတစ်ယောက် ဆီက လဲပါတယ်။ ကျွန်တော်အာရုံကအဲဒီကို ရောက်နေတာနဲ. ဖုန်းကို ဘေးမှာချထားတာကိုမေ.သွားပါတယ်။ ကားခလဲရှင်းပြီးရော ကျွန်တော် က ကုပ္မဏီ အဆောက်အအုံထဲ ကို ကော.ကော.ကော. ကော.နဲ. ၀င်သွားပါတယ်။ အဲဒီအချိန်ကားတွေက အတော်.ကို ကြပ်နေပါတယ်။ ကျွန်တော် အဆောက်အအုံထဲ မရောက်ခင်မှာ အနောက်က ဟွန်းသံရှည် အကျယ်ကြီးကို ကြားရပါတယ်။ ကိုယ်မနဲ. မဆိုင်ရင် လှည်.မကြည်.တတ်တဲ.အကျင်.ရှိတာမို. ကျွန်တော် ကလှည်.တောင်မကြည်.ဖြစ်ခဲ.မိပါဘူး။စိတ်ထဲကတော. ဘယ်အကောင်က ဒီလောက်ဟွန်းအကျယ်ကြီးတီးတာပါလိမ်.လို.တောင်တွေးခဲ.မိပါသေးတယ်။ ဒီလိုနဲ. အထဲကို အရောက်၊ ကျွန်တော်. Client ကို ဖုန်းခေါ်ဖို. လည်းလုပ်ရော ၊ ဖုန်းကိုမတွေ.တော.ပါဘူး။ ဟိုဘက်အိပ်စမ်း၊ ဒီဘက်အိပ်စမ်း၊ ဘယ်မှာစမ်းစမ်းမရှိပါဘူး။ ဒါနဲ. ကျွန်တော်လည်း ပျာသွားပါတယ်။ တက္ကစီထဲမှာ ကျန်ခဲ.ပြီဆိုတာကို လည်းတပ်အပ်သိလိုက်ပါတယ်။ ခက်တာက ကားနံပါတ်ကို လည်းမမှတ်မိ။ Receipt ယူခဲ.ဘို.လည်းမေ.သွားတော. ဖုန်းလေးတော. ဆုံးပြီလို.သတ်မှတ်လိုက်ပါတယ်။ အရင်တစ်ခေါက်တုန်းကလည်း ကျွန်တော် မော်တာရိုလာလေးတစ်လုံး ကားပေါ်မှာ မေ.ကျန်ခဲ.ဖူးပါတယ်။ ပြန်မရခဲ.ပါ။ ဒီမှာ က ကားနံပါတ်မမှတ်မိလို.ကတော. ဘာပစ္စည်းကျန်ခဲ.ကျန်ခဲ.ပြန်ရဖို. မသေချာပါဘူး။ ဖုန်းကျန်ခဲ.ရင် ကားသမားတွေက ဖုန်းကို တစ်ခါတည်း ပိတ်ဆင်းမကတ် ကိုလွှင်.ပစ် အဲဒါမျိုးလုပ်ကြပါတယ်။ ဒါပေမယ်. စီးတဲ. သူ က Receipt ယူသွားတယ်ဆိုရင်တော. သူတို.မလုပ်ရဲကြပါဘူး။Receipt မှာကားနံပါတ်၊အချိန်အတိအကျ၊သွားခဲ.တဲ.ခရီးအစရှိသဖြင်.ပါတယ် ဆိုတော.ပြန်လိုက်လို.ရပါတယ်။ အခုဒီ ဖုန်းက လည်း ရုံးက ပေးထားတဲ.ဘလက်ခ် ဘယ်ရီ ၊ လျော်ရရင် အနည်းဆုံး ၂၄၀၀ လောက်သွားမှာဆိုတော. ရေရေလည်လည်စိတ်ညစ်သွားပါတယ်။ဒါနဲ. ပြန်ရလိုပြန်ရငြား အဆောက်အအုံအပြင်ဘက်က လုံခြုံရေးကိုသွားမေးပါတယ်။ကံကောင်းချင်လို.ပဲလားတော.မသိဘူး။ လုံခြုံရေးက ကျွန်တော်.ကိုပြောတယ်။ ခင်ဗျားကို တက္ကစီသမားက ဟွန်းတီးပြီးပြန်ခေါ်နေတာတဲ.။ ခင်ဗျားက အထဲကို အမြန်ဝင်သွားတော. ဘယ်လိုမှ လိုက်လို.မမီတော.လို. ကျွန်တော်. ကို သူ.ကားနံပါတ်ရယ်ဖုန်းနံပါတ်ရယ်ပေးခဲ.တယ်တဲ.။ ကျွန်တော်ပျော်သွားပါတယ်။ တက္ကစီသမားကိုလည်းကျေးဇူးတင်သွားပါတယ်။ ချက်ခြင်းပဲ လုံခြုံရေးဆီက ဖုန်းနဲ. တက္ကစီသမားကို ကျွန်တော် ခေါ်ပါတယ်။ သူကပြောတယ်။ကျွန်တော်ပြန်လာပေးမယ်၊ ဒါပေမယ်. လာပေးလို.ကျတဲ. မီတာခ ကို တော. ကျွန်တော်.ကပေးရမယ်လို.ပြောတယ်။ ကျွန်တော်က ဘယ်လောက်လောက်ပေးရမလဲလို.မေးတော. သူက ၂၀ လောက်ကျမယ်လို.ပြောတယ်။အခု တခြား ကာစတန်မာကို လိုက်ပို.နေလို. နောက် ၁၅ မိနစ် လောက်ကြာမှရောက်မယ်စောင်.နေပါလို.ပြောတယ်။ သူပြောတဲ. ၁၅ မိနစ် ဆိုတဲ. အချိန်အနည်းငယ်ကြာပြီးတဲ. အခါမှာ တက္ကစီသမားရောက်လာပါတယ်။ အဲဒီမှာ ကျွန်တော် အရမ်းအံ.သြ စရာတစ်ခု ကို မြင်လိုက်ရပါတယ်။ တက္ကစီသမားကို လည်းတော်တော်လေးစားသွားပါတယ်။ ကားထဲမှာ လည်း လူတစ်ယောက်မှ မပါပါဘူး။ ကျွန်တော်.ဆီကို ပဲ သက်သက်လာတာပါ။အမှန်တကယ်ကျွန်တော်မျှော်လင်.ထားတာ က သူလာမယ်။ မီတာကို တော.ပိတ်ထားမယ်၊ ကျွန်တော်က လည်း ပြန်လာရင် ပိုက်ဆံပေးမယ်လို. ကတိပေးထားပြီးသား။ဒီတော. ကျွန်တော်.ဆီရောက်တာနဲ.သူပြောတဲ. ပိုက်ဆံ ၂၀တောင်းပေးလိုက်မယ်။ဒီလိုပေါ.။ဒါပေမယ်. သူအဲဒီလိုမလုပ်ခဲ.ပါဘူး။ ကျွန်တော်ရှေ.မှာ ကားကိုရပ်ပါတယ်။ ဖုန်းကိုလှမ်းပေးပြီးမီတာကို ပြပါတယ်။ ၁၉ ကျပ်ကျတယ်လို.ပြောပါတယ်။ တကယ်ဆိုကားထဲမှာစီးတဲ.သူမပါဘဲနဲ. သူမီတာကိုဖွင်.ထားစရာမလိုပါဘူး။ ကားကိုဒီအတိုင်းမောင်းလာ။ကျွန်တော်ဆီရောက်တာနဲ. ပိုက်ဆံတောင်းပြီးသူ.အိတ်ထဲထည်.လိုက်ရင်ရတာပဲ။ ကျွန်တော်.ဆီက အပိုဘောက်ဆူးလေးဘာလေးတောင်မျှော်လင်.လို.ရနိုင်သေးတာပဲ။အခုစီးတဲ.သူတစ်ယောက်မှမပါဘဲနဲ.တောင်သူက မီတာကိုဖွင်.ထားပါတယ်။ အခြားသူတစ်ယောက်ယောက်အတွက်တော. အသေးအဖွဲကိစ္စဖြစ်ချင်ဖြစ်နိုင်ပေးမယ်. ကျွန်တော.်အတွက်တော. သူဟာ လေးစားထိုက်တဲ.အပြုအမူတစ်ခုကို ပြုလုပ်ခဲ.တာဖြစ်ပါတယ်။ဒါနဲ.ကျွန်တော်လည်းအိတ်ကပ်ထဲမှာရှိတဲ. ငါးရာတန်တစ်ရွက်ကလွဲရင် ကျန်တဲ.ပိုက်ဆံ အကုန်လုံး ကို ရေတောင်မရေပဲနဲ. သူ.ကိုပေးလိုက်ပါတယ်။ ကျွန်တော်.ဖုန်းပြန်ရတဲ.အတွက်ကြောင်.ရော၊ သူ.ရဲ.ရိုးသားဖြောင်.မတ်ခြင်းကို အသိအမှတ်ပြုတဲ.အနေနဲ.ရောပေါ.။ ဒါတောင်သူကမယူဘူးလို.ငြင်းပါတယ်။ ကျသလောက်မီတာခကိုပဲယူပါမယ်လို.ပြောရှာတယ်။ နောက်ဆုံးတော.ကျွန်တော်မရမက အတင်းပေးလို.သူယူသွားပါတယ်။ လူတွေဟာ ကိုယ်တိုင်သာ ရိုးသားချင်မှ ရိုးသားမယ် ကိုယ်.အပေါ်အခြားသူတစ်ယောက်က ရိုးသားတာကိုတော. နှစ်သက်ကြတယ်မဟုတ်လား။ဝီလီယံမ်ရှိတ်ခ်စပီးယားကပြောဖူးတယ်။ ဟောဒီလောကမှာ .. ရိုးသားဖြောင်.မတ်ခြင်းလောက်ကြီးကြယ်ခမ်းနားတဲ. အရာမရှိတဲ.။ ဟုတ်ပါတယ်။ ရိုးသားဖြောင်.မတ်ခြင်းဟာ အင်မတန်မှ ဂုဏ်ရှိပါတယ်။ ရိုးသားသူတစ်ယောက်ဟာ လူအများလေးစားခြင်းကိုခံရပါတယ်။ လူအများရဲ. ယုံကြည်မှုကိုရရှိပါတယ်။ ရိုးသားဖြောင်.မတ်ခြင်းမရှိတဲ.သူကို ဘယ်သူကမှမနှစ်မြို.ကြပါဘူး။ ဒီနေရာမှာ ရိုးသားဖြောင်.မတ်ခြင်းနဲ. ရိုးအခြင်း ဟာမတူဘူးလို. ကျွန်တော်ယူဆပါတယ်။ ရိုးအခြင်း ဟာ အမြင်မကျယ်ခြင်း၊ မသိနားမလည်ခြင်း ၊ ဗဟုသုတမရှိခြင်း၊ ခေတ်မမီခြင်း၊ တုံးအခြင်း ၊ထုံခြင်း စသဖြင်.ကျွန်တော်မြင်ပါတယ်။ ဘယ်မှာလဲမသိဘူး ကျွန်တော်ဖတ်လိုက်ရတယ်။ နီကိုရဲရေးတဲ. ဆောင်းပါးလေး ။ သူချောင်းသာ ကိုကားရိုက်သွားတုန်းက ကြုံခဲ.ရတဲ. ဆီးသီသည်တစ်ယောက်အကြောင်းကိုရေးထားတာ။ ဆီးသီသည်လေးက ပြောတယ်။ ဆီးသီးတစ်ဘူးကို ၁၀ တဲ. ။ နီကိုရဲ က ငါးဘူးကို ၅၀ထားပါလားဆို တော. မရလို.ပါဦးဦးရယ်တဲ.။သမီးတို.ကတစ်နေ.လုပ်မှတစ်နေ.စားတွေပါ။ဈေးလျော.ရောင်းရင်အမေကရိုက်လိမ်.မယ်လို. ဆီးသီးသည်လေးက ပြောတယ်။ ဒါမျိုးကြတော. သူကစာမတတ်လို. " အ " တာပေါ.။ နောက်ကျွန်တော်တို.ငယ်ငယ်က အမြဲကြားဖူးနေတဲ.ပုံပြင်လေး။ ဘုန်းကြီးကျောင်းမှာ ကြောင်မကြီး ကကြောင်ကလေးတွေကိုမွေးတော. ၊ ဘုန်းကြီးက ကိုရင်လေးတစ်ပါး ကို ဘယ်နှစ်ကောင်မွေးလည်း ကြည်.ခဲ.လို.ပြောတော. ကိုရင်လေး က သွားကြည်.တယ်။ ပြီးတော. ဘုန်းကြီးကိုပြောတယ်။ လေးကောင်ပါဘုရား တဲ.။ အထီးဘယ်နှစ်ကောင်အမ ဘယ်နှစ်ကောင်လည်းကိုရင် လို.မေးတော. ၊ ကိုရင်က မမှတ်ခဲ.ရဘူးဘုရား ၊ သွားပြန်ကြည်.လိုက်ဦးမယ်လို.ပြောပြီးထပ်သွားကြည်.တယ်။ အထီးနှစ်ကောင် အမ နှစ်ကောင်ပါဘုရားလို.ဘုန်းကြီးကို ပြန်လာပြောတယ်။ဘုန်းကြီးကထပ်မေးတယ် ဒါဖြင်.ရင် ဘာအရောင်လေးတွေတုန်းကွဲ.ဆို တော. ၊ ကိုရင်လေး က မမှတ်ခဲ.ရဘူးဘုရား သွားပြန်ကြည်.လိုက်ဦးမယ်လို.ဖြေတယ်။ ဒါမျိုး ကြတော. ထုံတာ အမြင်မကျယ်တာလို.ကျွန်တော်ထင်ပါတယ်။ ရိုးသားဖြောင်.မတ်တာ ကြတော. ကိုယ်ကျင်.တရားနဲ. ဆိုင်ပါတယ်။ သူများအပေါ်မှာ မဟုတ်မမှန်တာမလုပ်တာ။ လိမ်လည်လှည်.ဖြားခြင်းမပြုတာ၊ မှန်သောစကားကိုဆိုတာ အဲဒီမျိုး ကျွန်တော်ထင်ပါတယ်။ကျွန်တော်.အဖေဟာ အရင်တုန်းက လာဘ်လာဘ အရမ်းရတဲ. အစိုးရဌာနတစ်ခုမှာလုပ်ပါတယ်။ သူသာအဲဒီတုန်းက တခြား သူနဲ.လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းတွေလိုမျိုး မရိုးမသားလုပ်ခဲ.မယ်ဆိုရင်ကျွန်တော်တို. အခုအချိန်မှာ အရမ်းချမ်းသာနေလောက်ပါတယ်။ အဲဒီတုန်းက ဆွေမျိုးတွေ၊အဖေ.ရဲ.သူငယ်ချင်းတွေက အဖေ.ကို "လူအကြီး" လို.ပြောကြတယ်။ သူများမိုးခါးရေသောက်ရင်ကိုယ်လည်းလိုက်သောက်ရမှာပေါ.လို.အဖေ.ကိုပြောကြတယ်။ အခုအချိန်မှာပြန်စဉ်းစားကြည်.တော. အဖေ.ကို ကျွန်တော် နားလည်ပါတယ်။ လေးလည်းလေးစားရပါတယ်။သူ.ရဲ. ကိုယ်ကျင်.တရား နဲ. ရိုးသားဖြောင်.မတ်ခြင်းကိုအဖေက ဘယ်နည်းနဲ.မှ အပွန်းပဲ.မခံခဲ.တာပါ။ သူ.ရဲ. လုပ်ဖော်ကိုင်ဖက်တစ်ချို.ထောင်ထဲ ၀င်ခဲ.ရတဲ. အချိန်မှာ အဖေဟာ သူ.ရဲ. ရိုးသားဖြောင်.မတ်ခြင်း ရဲ. အကျိုးကျေးဇူးကြောင်. ၊ဘယ်လိုဘေးအန္တရာယ်တစ်စုံတစ်ခုမှ မကြုံခဲ.ရပါဘူး။အမှန်အတိုင်း ပြောရရင်တော. ဘယ်သူမှ ၁၀၀ ရာခိုင်နှုန်းမရိုးသားကြပါဘူး။ လူတိုင်းဟာ လိမ်ဘူးကြတာပဲ။ အနည်းဆုံးတော. အဖြူရောင်မုသား လေးတွေလောက်ကတော. သုံးဖူးခဲ.ကြတာပါပဲ။ ဒါပေမယ်.အတတ်နိုင်ဆုံး တော. ရိုးသားဖြောင်.မတ်အောင် ၊ လိမ်လည်မုသားမဆိုဖြစ်အောင်ကြိုးစားသင်.ပါတယ်။အမေရိကန်သမ္မတ လင်ကွန်းနဲ. ဂျော.ခ်ျဝါရှင်တန်တို.ဟာ လိမ်လည်မုသားမဆိုခဲ.တဲ.သူတွေအဖြစ် ရိုးသားဖြောင်.မတ်တဲ.နေရာမှာစံပြဖြစ်ခဲ.ပါတယ်။ ဂျော.ခ်ျဝါရှင်တန် အသက်ခြောက်နှစ်လောက်အရွယ်မှာ ၊ တခြားရွယ်တူကလေးတွေလိုပဲ ရဲတင်းတစ်လက်နဲ. စစ်သည်လုပ်တမ်းကစားရတာကိုနှစ်သက်ပါတယ်။အဲဒီရဲတင်းတစ်လက်နဲ. မြင်မြင်သမျှကို ခုတ်ထစ်တော.တာပါပဲ။ တစ်ရက် သူ.အဖေရဲ. ဥယျာဉ်ထဲမှာစိုက်ထားတဲ. ချယ်ရီပင်လေးကို သူ ကစားနေရင်းနဲ. ခုတ်မိလိုက်တော. ချယ်ရီပင်လေးဟာသေသွားပါတယ်။ နောက်ရက်အနည်းငယ်ကြာတော. သူ.အဖေဟာ သူအမြတ်တနိုးထားတဲ.၊ အမြဲတမ်းဂုဏ်ယူရတဲ. ချယ်ရီပင်လေးသေသွားတာကိုသိတော. အင်မတန်ပဲဒေါသထွက်ပြီး အိမ်မှာရှိတဲ.သူတွေအကုန်လုံးကို ဒီအပင်ဟာ ရွှေဒင်္ဂါးပေါင်းများစွာတန်တယ်ကွ ဘယ်သူသေအောင် လုပ်တာလဲလို.မေးပါတယ်။ ဘယ်သူမှမလိမ်နဲ. မှန်မှန်ပြော လို.ဒေါသတကြီးပြောတယ်။ ဘယ်သူမှတုပ်တုပ်မလှုပ်ရဲကြပါဘူး။ အဲဒီအချိန်မှာ ပဲ ဂျော.ခ်ျ လေးဟာ ငိုကြီးချက်မနဲ. သူ.အဖေကို ပြောပါတယ်။ အဖေရယ် ကျွန်တော် တကယ်ကိုမလိမ် ပါဘူး။ ကျွန်တော်အဲဒီအပင်လေး ကို ရဲတင်းနဲ.ခုတ်ခဲ.မိပါတယ်လို.ပြောပါတယ်။သူလုပ်ခဲ.တာကို သူ.အဖေသိသွားရင်သူ.ကို ရိုက်မယ်ဆိုတာကိုသူသိပါတယ်။အရိုက်ခံရမှာကိုလည်း သူကြောက်ပါတယ်။အဲဒီလိုကြောက်ပေမယ်.လည်း သူလိမ်မပြောခဲ.ပါဘူး။ အဲဒီမှာ ဒေါသထွက်နေတဲ.သူ.အဖေဟာချက်ခြင်းပဲပျော.ပြောင်းသွားပြီး သူ.သားသားကိုစကားတစ်ခွန်းပြောခဲ.ပါတယ်။
" ဒီမှာ ငါ.သား ....အကြောက်တရားကိုလွန်ဆန်ပြီး မှန်သောစကားကိုဆိုခြင်းဟာ အဖေ.အတွက် ဟောဒီလို ချယ်ရီပင်ပေါင်း တစ်ထောင်ထက်ပိုတန်ဖိုးရှိတယ်။ သူတို.ရဲ. အပွင်.တွေ အရွက်တွေဟာ ရွှေငွေတွေ အတိဖူးပွင်.နေစေဦးတော. ၊ မှန်ကန်သောစကားကိုအဖေပိုတန်ဖိုးထားတယ်ငါ.သား ... ."
လို.ပြောခဲ.ပါတယ်။ အဲဒီစကားလေး ကိုကျွန်တော်တော်တော်နှစ်သက်မိပါတယ်။

"Always tell the truth. If you can't always tell the truth, don't lie"

ဗျတ်ဇ

8 comments:

  1. သားလုပ်သူက အကြောက်တရားကို လွန်ဆန်ပြီး မှန်သောစကားကို ဆိုခဲ့သလို ဖခင်ဖြစ်သူက မှန်ကန်တဲ့ အတွေး အခေါ်နဲ့ ပြောခဲ့တဲ့ စကားလေးဟာ လိမ္မာတဲ့ သားသမီးလေးတွေ အတွက်ပိုပြီး လိမ္မာရေးခြား ရှိလာဘို့ရာ အထောက်အကူ ပြုတယ်လို့ ယူဆပါတယ်

    ReplyDelete
  2. ရိုးသားခြင်းဟာ ဘာနဲ့ မှလဲလို့မရနိုင်တဲ့ အရာတစ်ခုပေါ့ လူရိုးဆိုလို့ သချို င်္းမှာပဲရှိတော့တယ်လို့ ပြောနေတဲ့ ခေတ်ကြီးထဲမှာ ကိုဗျတ်ဇ ကြုံလိုက်ရတဲ့ အဖြစ်အပျက်ကလေး ဟာ ရိုးသားဖြောင့်မတ်တဲ့ လူတွေ လည်း ရှိပါသေးတယ်ဆိုတဲ့ သက်သေခံချက်ပေါ့ဗျာ

    ReplyDelete
  3. ဟုတ်ပါတယ်...
    ရိုးသားမှု က အရမ်းအရေးကြီးပါတယ်... ဘယ်သူဘာလုပ်လုပ် ကိုယ်က ရိုးသားနေရင် ရိုးသားမှုရဲ့ ရလဒ်က တန်ပြန်တာပါပဲ...
    အရမ်း အကျိုးရှိတဲ့ ပို့စ်လေးပါ...

    ခင်မင်လေးစားလျက်
    ညရဲ့ကောင်းကင်

    ReplyDelete
  4. ဗျတ်ဇရေ...
    ဖတ်ရတာ..ကျေးဇူးတင်ပါတယ်ဗျာ...။
    တစ်ကယ်ကို..ဆုံဖို့ခဲယဉ်းတဲ့ လူမျိုးနဲ့ တိုက်တိုက်ဆိုင်ဆိုင်သွားဆုံတွေ့ခွင့်ရတာ...ကျွန်တော်တောင် အားကျမိတယ်...။
    ဟုတ်ပါတယ်...။ ရိုးသားခြင်းဆိုတာ...ဘယ်တော့မှ ပျောက်ကွယ်သွားမယ့် အရာမဟုတ်ပါဘူးဗျာ...။
    ကျေးဇူးးးး

    ခင်မင်လျှက်...

    ဏီလင်းညို

    ReplyDelete
  5. ဟုတ်ပါတယ်
    ရိုးသားမှုဂုဏ် က စားလို့ မကုန်နိုင်ပါဘူး..
    ရွှေစငွေစ တွေထက် တန်ဖိုးကြီးမားလို့ပါ...
    ပျော်ပါစေ

    ReplyDelete
  6. အကိုရေ
    အကိုတွေ့ခဲ့ဘူးတဲ့ တက္ကစီမောင်းသူက
    ဒီတိုင်းပြည်မှာ ရှာမှရှားတဲ့ ကားသမားကောင်းတစ်ယောက်ပါ။
    သူ့ရဲ့ ရိုးသားမှုကို ချီးကျူးမိပါတယ်။
    ရိုးသားမှုဆိုတာ အင်မတန်မှ ရှားပါးလွန်းတဲ့ ဂုဏ်သိက္ခာတစ်ခုပါ....


    မနှင်း

    ReplyDelete
  7. ဟုတ်ဗျာ မနှင်းပြောသလို ဒီတက္ကစီသမားမျိုးက အတော်ရှားမှရှားဗျာ။သူရိုးသားမှုကိုတော့ လေးစားမိပါတယ်ဗျာ။ ဂျော့ဝါရှင်တန်အဖေရဲ့ ဆုံးမစကားလေးလဲသဘောကျတယ်ဗျာ။

    ReplyDelete
  8. ဒီလို တက္ကစီသမားမျိုးရှားတယ် ကိုဗျက်ဇရေ.. တခါတလေများ ကိုယ်က လမ်းတိုကို သိလို့ပြောလိုက်ရင် စိတ်ကဆိုးသေးတယ်။ MOE ကိုသွားတာ ဘယ်လမ်းကနေဆိုတာ ညျွန်ကောင်းလိုက်တာ :) လမ်းလယ်ခေါင်မှာ ချသွားတယ်လေ။

    ReplyDelete

User Online