Wednesday, March 3, 2010

ဖားနှစ်ကောင်


တိုက်ဆိုင်တာပဲလား ၊ တကယ်ပဲကံကောင်းတာလားတော.မသိဘူး။ ကျွန်တော် ဧည်.သည်တွေ Entertainment လုပ်တဲ. စားသောက်ဆိုင် က ကျွန်တော်လာရင်အရမ်းရောင်းရတယ်ဆိုပဲ။ ဟုတ်တော.လည်းဟုတ်တယ်။ ကျွန်တော်နာမည်ကို ဘွတ်ကင်ထဲမှာတွေ.ရင် သူတို. ကအဲဒီညဆို အလုပ်များမယ်လို. ကြိုတွက်ထားကြတယ်။ မန်နေဂျာ က ခဏခဏပြောတယ် နင်ငါတို.ဆိုင် ကိုညနေတိုင်းလာပေးပါတဲ.။ နင်လာရင်ရောင်းကောင်းလွန်းလို.ပါတဲ.။ ဟုတ်သော်ရှိမဟုတ်သော်ရှိကျွန်တော်ကျေနပ်ပါတယ်။ နောက်တစ်ခါ ဒါရိုက်တာက လည်းစကားစပ်မိတော. ပြောတယ်။ မင်း ဟာဘာလုပ်လုပ်အောင်မြင်မယ်.လူတစ်ယောက် လို.ငါယုံကြည်တယ်တဲ.။ ၀ါကျလေး တစ်ကြောင်းတည်းဆိုပေမယ်. ကျွန်တော် တော်တော်တန်ဖိုးထားပါတယ်။ လူတစ်ယောက်ရဲ. ချီမွမ်းမှု ကိုခံရတာ ဟာကျေနပ်စရာတစ်ခုလို.ကျွန်တော်ထင်တယ်။ အဲဒီအပေါ်မှာသာယာမနေဖို.တော. လိုတာပေါ.လေ။ ၇ ရက်ထက်ပိုပြီးချီးမွမ်းမှာမှမဟုတ်တာ။ ဒါပေမယ်. လူတစ်ယောက်ယောက်အပေါ်မှာ စိတ်ချမ်းသာ သွားအောင် ပျော်ရွှင်သွားအောင်လုပ်ပေးနိုင်ရင် ချီမွမ်းခံရသည် ဖြစ်စေမခံရသည်ဖြစ်စေ ကျွန်တော်ပျော်ပါတယ်။ Encouraging ဆိုတာ လူတစ်ယောက်ရဲ. ဘ၀ကို ပြောင်းပြန်လှန်ပစ်လိုက်လို.ရတယ်လို. ကျွန်တော်ယုံကြည်တယ်။ လူတစ်ယောက်ကို အောင်မြင်အောင်တွန်းအားပေးနိုင်တယ်လို.လည်း ယုံကြည်တယ်။ အနည်းဆုံး လျှာဖျားလေး နဲ. စကားလုံးလေးတွေ ပဲစိုက်ထုတ်ပေးဖို.လို.တာလေ ။ တစ်ဖက်သားအတွက် ရသွားနိုင်တဲ.အင်အားက မမြင်နိုင်အောင်ကြီးမားသွားနိုင်ပါတယ်။ တစ်ခါတုန်းက ဖားပြုပ်အုပ်စုတစ်စု က တောကြီးတစ်ခုထဲကနေဖြတ်ပြီးခရီးသွားကြတယ် ။ အဲဒီ မှာ ဖားပြုပ်နှစ်ကောင်က ကျင်းအနက်ကြီးထဲကို ချော်ပြီးပြုတ်ကျသွားတယ်။ ကျင်းရဲ.အနက်က ကလည်း ဖားပြုပ်တစ်ကောင်အတွက် ခုန်မတက်နိုင်လောက်တဲ.အနက်ဆိုတော. ကျန်တဲ. ဖားတွေက အဲဒီဖားပြုပ်နှစ်ကောင်ကို ပြောတယ်။ မင်းတို.တော. ဒီကျင်းထဲမှာပဲ သေရမှာပဲတဲ.။ ဖားပြုတ်နှစ်ကောင်ကတော. ကျန်တဲ.ဖားတွေပြောတာကို ဥပေက္ခာပြုပြီး သူတို.မှာစွမ်းအားရှိသလောက်ကျင်းဝပေါ်ကို ခုန်တက်ကြတာပေါ.။ အဲဒီအခါကျန်တဲ.ဖားတွေက ဆက်ပြောမြဲပြောကြတယ်။ မင်းတို.လောက်မိုက်မဲတာမရှိဘူး။ မင်းခုန်တက်နေရင်အားကုန်ပြီးသေလိမ်.မယ် ။ ဒီအတိုင်းပဲကျင်းထဲမှာ အစာငတ်ခံသေလိုက်ကြပါကွာလို.ပြောတယ်။ နောက်ဆုံးကြိုးစားနေရင်းမှာ ပဲ ဖားပြုတ်နှစ်ကောင်ထဲက တစ်ကောင် က ကျန်တဲ.ဖားတွေပြောတာကိုနားယောင်သွားပြီး လက်လျော.လိုက်တယ်။ ကျင်းဝရောက်ခါနီးမှ အားလျော.လိုက်တာဆိုတော. ပြုတ်ကျပြီးတစ်ခါတည်းသေသွားတယ်။ ကျန်တဲ.ဖားတစ်ကောင်ကတော. အားလုံးဝမလျော.ဘူး။ သူ.အစွမ်းရှိသလောက်ဆက်ကြိုးစားတယ် တစ်ထစ်ခုန်တက်လိုက် တစ်ထစ်ပြန်လျှောကျလိုက်နဲ.ပေါ.။ ကျန်တဲ.ကျင်းပေါ်ကဖားတွေကသူ.ကိုဝိုင်ပြီးအော်ကြတယ်။ မိုက်မဲလှတဲ.ကောင် မင်းသေမယ်.ကောင် စသဖြင်.အမျိုးမျိုးအော်ကြီးဟစ်ကျယ်နဲ.၀ိုင်းကဲ.ရဲ.ကြတယ်။ နောက်ဆုံးမှာတော. အဲဒီဖားပြုတ်လေး ကအောင်မြင်စွာနဲ.ကျင်းဝပေါ်တက်နိုင်ခဲ.ပါတယ်။ ကျင်းပေါ်ရောက်တဲ.အခါမှာ ကျန်တဲ. ဖားတွေက သူ.ကိုဝိုင်းမေးကြတယ်။ မင်းအတော်ကံကောင်းတာပဲ၊ ငါတို.၀ိုင်းအော်နေတာမင်းမကြားဘူးလားလို.မေးတယ်။ ဖားလေးက ဘာမှပြန်မဖြေပါဘူး။ တကယ်တော. အဲဒီဖားပြုပ်လေးဟာ နားကန်းနေပါတယ်။ ဒါပေမယ်. ကျင်းဝပေါ်က ဖားတွေက သူ. ကိုတစ်ချိန်လုံး ကျင်းပေါ်ရောက်အောင် ခုန်တက်နိုင်ဖို. အားပေးအော်ဟစ်နေကြတယ်လို. သူထင်ခဲ.တာပါ။ …………………………………………………………………
မှတ်ချက် ။ ။ လျှာသည် အလွန်အရေးကြီးပါသည်။

2 comments:

  1. လျှာက လူတစ်ယောက်ရဲ့ဘ၀ကို သေစေ၊ ရှင်စေနိုင်တယ်ဆိုတာ လက်တွေ့ခံရဖူးတယ်။

    ReplyDelete
  2. ကိုဗျတ်ဇရေ...
    ထောက်ခံတယ်ဗျာ....တစ်ကယ်...။
    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete

User Online