Saturday, July 3, 2010

ဘာဖြစ်ချင်တာလဲ

ပြီးခဲ.တဲ.အပတ်က MRTV မှာ ဂီတတံခါးလေးဖွင်.ပါဦးဆိုတဲ. အစီအစဉ်ကို ကြည်.လိုက်ရပါတယ်။ အစီအစဉ်လေးက အရင်.အရင် အပတ်တွေနဲ.မတူ ထူးထူးခြားခြား တစ်တန်း အရွယ်၊ နှစ်တန်းအရွယ် ၊ သုံးတန်းအရွယ် ကျောင်းသူသမီးလေးများ ကို သီဆိုယှဉ်ပြိုင်ခိုင်းတာဖြစ်ပါတယ်။ ကလေးမလေးတွေက လည်း အရွယ်နဲ. မလိုက်အောင်ကို အထူးကောင်းမွန်စွာ သီဆိုသွားနိုင်ကြတာကိုတွေ.ရပါတယ်။ ကလိုက်တာကလည်း လူကြီးတွေတောင် အရှုံးပေးရမယ်ထင်ပါတယ်။ နာမည်လေးတွေ က လည်းအမိုက်စားလေးတွေ။ အက်စတာဒွေး ၊အန်နီရှိုင်း စသဖြင်. ခရစ်ယာန်နာမည်းလေးတွေပါ။ အင်းစိန် ခ၀ဲခြံဘက်က ဆိုတော. ကရင်မလေးတွေဖြစ်မလားပဲ။ သူတို.မှာ ထူးခြားတာက စင်ပေါ်မှာသီချင်းတက်ဆိုရတယ် ဆိုပြီးတော. ကြောက်စိတ်လုံးဝ မရှိတာပါပဲ။ ကျွန်တော်တို. လူကြီးတွေတောင် စင်ပေါ်ရောက်တဲ. အခါ ၊ ပရိသတ်နဲ. နဖူးတွေ.ဒူးတွေ. ဆုံရတဲ. အခါမျိုးမှာ စိတ်လှုပ်ရှားပြီး ၊ လက်တွေတုန်အသံတွေတုန်တာတွေဖြစ်တတ်သေးတယ်။ သူတို.က တော. မကြောက်တဲ. အပြင် ဟန်ပန်အမူအရာ အမျိုးမျိုးနဲ. သီချင်းကို ကီးအ၀င်အထွက် နုတ်စ် မှန်မှန်ကန်ကန် သီဆိုသွားနိုင်ကြတယ်ဗျာ။ အံ.ရော။ တစ်တန်းကျောင်းသူလေး ကို အစီအစဉ်တင်ဆက်သူ အရိုင်းက မေးတယ်။ သမီးလေးက ဘာသီချင်းလေးကို သီဆိုဖို. ရွေးချယ်ထားပါသလဲဆိုတော. ။ အယ်ဆိုင်းဇီ ရဲ. “ ဟိုတုန်းကလို” တဲ.။ အရိုင်းက ပြောတယ် ။သြော် သမီးက အခု တစ်တန်း နော် ဟိုတုန်းကလို ဆို တော. တော်တော် ကြာပြီပေါ.နော် လို.ပြောတော. ရယ်လိုက်ရတာ။ ဆိုသွားကြတဲ. ကလေးတွေ အားလုံးကောင်းကြပါတယ်။ ခုနပြောတဲ. ဟိုတုန်းကလို ဆိုတဲ. သီချင်းကိုသီဆိုသွားတဲ. တစ်တန်းကျောင်းသူလေး အန်နီရှိုင်း ကပဲပထမရသွားပါတယ်။ သူသီဆိုပြီးတဲ. အခါမှ အစီအစဉ်တင်ဆက်တဲ. အရိုင်းက သမီးကြီးလာရင်ဘာလုပ်မလဲလို.မေးတော. ။ “ ဆရာဝန် အဆိုတော် “ လို.ဖြေပါတယ်။ အရိုင်းတောင်လန်.ပြီး နောက်ကိုလန်သွားပါသေးတယ်။ ဒီမှာတင် တွေးစရာလေးတွေရှိလာတော.တာပါပဲ။ ခုခေတ် ကလေးလေးတွေ ယောင်္ကျားလေးပဲ ဖြစ်ဖြစ် ၊ မိန်းကလေးပဲ ဖြစ်ဖြစ် သားသားကြီးလာရင် ၊ မီးမီး ကြီးလာရင် ဘာလုပ်မလဲ လို.မေးလိုက်ရင် ၉၀ ရာခိုင်နှုန်းက တော. ဆရာဝန်လို.ပဲဖြေကြတာချည်း ပဲ။ အဲဒီလိုဖြေတာမျိုး ဆိုရင် မိဘတွေက လည်းပြုံးပြုံး ပြုံးပြုံး နဲ. သိပ်ကိုကျေနပ်ကြပါတယ်။ သြော် ၊ ငါ.သမီးလေး နာမည်ရဲ. ရှေ.မှာ ဒေါက်တာလေးတပ်လိုက်ရရင် ငါ.သမီးနာမည်လေးက သိပ်ကိုကျက်သရေ ရှိသွားမှာပဲဆိုပြီးတွေးကြတယ်။ ဒီမှာတင် ကလေး ကို ဆရာဝန်မဖြစ်ဖြစ်အောင် ပုံသွင်းကြတော.တယ်။ ကလေးကဘာကို ၀ါသနာပါလဲ ထည်.မစဉ်းစားတော.ဘူး။ ဆရာဝန်ဖြစ်ဖို.ကလွဲ ရင် တခြားဘာကိုမှ လည်း ၀ါသနာမပါစေချင်တော.ဘူး။ ဆရာဝန် ဆိုတဲ. ဂုဏ် ဟာ မိဘတွေအတွက် အရမ်းကို လိုအပ်တဲ.အရာတစ်ခု ဖြစ်လာတယ်။ ဆရာဝန်ဖြစ်ဖို.ဆိုတာ က ၁၀ တန်းမှာ အမှတ်အများဆုံးရမှ ဖြစ်မှာ။ ဒီတော. အမှတ်အများဆုံးရ ဖို.ကို ဦးစားပေးတော.တယ်။ ၀ိုင်းတွေ ကျူရှင်တွေ ဂိုက်တွေ အကုန်ထားတယ်။ သင်ရိုးညွှန်းတမ်းမှာ ပါသမျှစာအားလုံးကို နှလုံးသားထဲကို သွင်းရမယ်.အစား ဦးနှောက်ထဲရိုက်သွင်းတယ်။ ၁၀ တန်းမှာ အမှတ်အများဆုံးရပြီး ဆေးတော. ၀င်ပါရဲ. ။ ကျောင်းစာကလွဲရင် ကျန်တာဘာမှမသိတော.တဲ. ဆေးကျောင်းသား ၊ ဆေးကျောင်းသူတွေအများကြီးရှိပါတယ်။ ဆရာလူထုစိန်ဝင်းဆိုရင် မဟာဆွေ ဆိုတာ ဇတ်မင်းသားထင်နေတာဆိုတဲ. ဆရာဝန်မလေးတစ်ယောက်ကို တွေ.ဖူးပါသတဲ.။ အမှန်က မိဘတွေတိုင်း ကိုယ်.သားသမီးကို ကောင်းစားစေချင်ကြတာချည်းပါပဲ။ ကိုယ်.သားသမီးကို ဘယ်သူကမှ ဆန်ကုန်မြေလေး မဖြစ်စေချင်ဘူး။ လူ.လောကရဲ. အဖိုးတန်လူသားတစ်ယောက်ဖြစ်စေချင်ကြတယ်။ အားလုံးက လေးစားအားကျရတဲ. ၊ စံနမူနာထားလူတစ်ယောက်ဖြစ်စေချင်ကြတယ်။ အဲဒီအပေါ်မှာလည်း ဂုဏ်ယူချင်တယ်။ရှေးရောမခေတ်တုန်းကတော. အသိညဏ်ပညာ ရှိတဲ.လူ ၊ အတွေးအခေါ်အမြော်အမြင်ရင်.သန်တဲ.သူ ကို တန်ဖိုးရှိတဲ.လူတစ်ယောက်အဖြစ်သဘောထားကြပေမယ်. အခုလိုစက်မှုနည်းပညာ၊ သိပ္ပံပညာထွန်းကားနေတဲ. ခေတ်ကြီးမှာတော. အသိပညာကော အတတ်ပညာ ကော ရှိတဲ. သူတစ်ယောက်ကိုမှ တန်ဖိုးရှိတဲ.လူ လို. ယေဘုယျအားဖြင်.သတ်မှတ်ကြပါတယ်။ ဒီတော. ဆေးပညာတတ်တဲ. ဆရာဝန်တစ်ယောက်ဖြစ် မှ လူ.အသိုင်းအ၀ိုင်း ၊ လူ.ပတ်ဝန်းကျင်မှာ အဖိုးတန်လူတစ်ယောက်ဖြစ်မှာလား ဆိုတာမေးစရာရှိလာပါတယ်။ အရှင်ဆန္ဒာဓိက လည်း ၁၀ တန်းအောင်တဲ.အချိန်ဆေးတက္ကသိုလ် ၀င်ဖို. အမှတ်မီခဲ.တာပဲ။ ဒါပေမယ်. သူယုံကြည်ရာ ၊ သူ.ရဲ.ခံယူချက်ဖြစ်တဲ. သာသနာ.ဘောင်ထဲကို ရဲရဲကြီးဝင်ခဲ.ပြီး ဗုဒ္ဓဘာသာ သာသနာအတွက် အဖိုးတန်လူတစ်ယောက်ဖြစ်ခဲ.တာပဲလေ။
နိုင်ငံတစ်နိုင်ငံ ရဲ.စီးပွားရေး ဖွံ.ဖြိုးတိုးတက်မှုမှာ ထုတ်လုပ်ရေးစွမ်းရည်မြင်.မားမှုဆိုတာ အဓိကအရေးကြီးတဲ. အချက်လို. ယေဘုယျအားဖြင်.သတ်မှတ်ကြပါတယ်။ ထို.အတူပဲ အုပ်ချုပ်ရေး ၊ တရားစီရင်ရေး ၊ ဥပဒေပြုရေး နဲ. သတင်းနှင်.ပြန်ကြားရေး (မီဒီယာ)ဆိုတဲ. မဏ္ဍိုင်လေးခုနဲ. တည်ဆောက် ထားရတဲ. နိုင်ငံတစ်နိုင်ငံမှာ အဓိ မပါမဖြစ်အရေးအကြီးဆုံးကတော. ပြည်သူလူထုပါ။ လူ.အဖွဲ.အစည်းပါ။ နိုင်ငံတစ်နိုင်ငံရဲ. ပြည်သူလူထုထဲမှာ ရှိနေတဲ. ပညာရှင်များ၊ လုပ်သားများဟာ နိုင်ငံတစ်နိုင်ငံရဲ. Asset ပါ။ နိုင်ငံရဲ. စီပွားရေး ဖွံ.ဖြိုးတိုးတက်ဖို. အတွက် ၊ ထုတ်လုပ်မှုစွမ်းရည်မြင်.မားဖို.အတွက် နိုင်ငံအတွင်းမှာရှိတဲ. ကဏ္ဍပေါင်းစုံမှာ ပညာရှင်ပေါင်းများစွာလိုအပ်ပါတယ်။ အင်ဂျင်နီယာ ၊ စိုက်ပျိုးရေး ၊ သုတေသန၊ စီးပွားရေး ၊ ရုက္ခဗေဒ၊ ဇီဝဗေဒ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊ ကွန်ပျူတာ ၊ ဆေးပညာ၊ ရုပ်ရှင် ဂီတ အနုပညာ အစရှိသဖြင်. ထောင်.တိုင်းထောင်.တိုင်း မှာ တကယ်တတ်ကျွမ်း ထူးချွန်တဲ. ပညာရှင်တွေ လိုအပ်တယ်လို. ကျွန်တော်ထင်ပါတယ်။ ဘာပဲပြောပြော ၁၀ တန်းအောင်လို. အမှတ်အများဆုံးရတယ်ဆိုတဲ. သူတွေဟာ သာမန်လူတွေထက် ပိုပြီးဇွဲကောင်းတယ် ၊ ညဏ်ရည်ညဏ်သွေးကောင်း တယ် ၊ ထူးချွန်တယ် လို.ပြောနိုင်ပါတယ်။ ဒီလိုလူတွေဟာ ဒီဆေးကျောင်းကို ပဲ သွားတက်နေမယ်ဆိုလို.ရှိရင် ကျန်တဲ. ကဏ္ဍတွေမှာ ထူးချွန်သူတွေ ဆုံးရှုံးရသလို ဖြစ်နေမယ်လို. တွေးမိပါတယ်။ ဆေးတက္ကသိုလ် ကိုပြီးအောင်မတတ်ဘဲနဲ. တိုးဂိုက် ၀င်လုပ်တဲ.သူ ၊ စကော.ဈေးထဲမှာ ရတနာရောင်းတဲ.သူ၊ ထုတ်ကုန်သွင်းကုန် လုပ်ငန်းလုပ်တဲ.သူ စသဖြင်.တွေ.ဖူးပါတယ်။ တချို.ကျတော.လည်း အမ်ဘီဘီအက်စ် ဘွဲ.ကြီးရပြီးမှ ကိုယ်တကယ်ဝါသနာပါတဲ. သီချင်းဆိုတဲ. အလုပ်လုပ်တယ်။ ရုပ်ရှင်မင်းသမီးလုပ်တယ်။ မော်ဒယ်လုပ်တယ်။ ဒီလို အဆိုတော် ဆရာဝန်မတွေ ၊ မော်ဒယ်ဆရာဝန်မတွေ ဟာ တကယ်ဆရာဝန်လိုအပ်နေတဲ. ကျေးလက်တောရွာတွေ ကိုသွားနိုင်ပါ.မလား။ အနုပညာကို ဇောက်ချလုပ်နေတဲ. အောင်မြင်တဲ. ရုပ်ရှင်မင်းသမီးတစ်ယောက်ဆိုရင်တောင် သူ.ဟာနဲ.သူ ကားရိုက်ရက်၊ ကြော်ငြာရိုက်ရက်တွေနဲ.ပြည်.နေပြီး အပိုချိန်တောင်မရှိတာ ၊ ဆရာဝန် အဆိုတော်တစ်ယောက် ၊ ဆရာဝန်ရုပ်ရှင်မင်းသမီးတစ်ယောက်ဟာ လူသားတွေကို ဆေးကုသပေးဖို. အချိန်ပေးနိုင်ပါ.မလား။ နိုင်ငံ က ၁၅ နှစ် ၁၆ နှစ် ကြာသင်ပေးလိုက်တဲ. ဆေးပညာနဲ. လူသားတွေအတွက် တကယ်ပဲ အကျိုးပြုရဲ.လား ဆိုတာမေးစရာရှိပါတယ်။ ဆရာဝန်ဆိုတဲ. ဂုဏ်ကို သူတို. ရပြီးပြီ ။ နောက်တစ်ခါထပ်ပြီးတော. Celebrity ဆိုတဲ. ဂုဏ်ကို ထပ်လိုချင်ကြတဲ.သူမျိုးတွေလို. ဆိုရင်လွန်မလားမသိဘူး။ ဆရာဝန်ဖြင်. ဆရာဝန် ၊ အဆိုတော်ဖြင်.အဆိုတော် ကိုယ်ပိုင်နိုင်တဲ.နေရာမှ ကိုယ်.တာဝန်ကိုယ်ကျေပွန် ဖို.ပဲလိုပါတယ်။ အရာရာတိုင်းမှာ ထူးချွန်တယ်ဆိုတဲ. အောလ်ရောင်ဒါ မရှိပါဘူး။ ဆေးတက္ကသိုလ်ဆိုတာက လည်း အမှတ်အမြင်.ဆုံးတွေကို မှ ဒီနှစ်တော.ဖြင်. ဘယ်နှစ်ယောက်လက်ခံမယ်ဆိုပြီးရွေးချယ်တာမျိုးပါ။ ဥပမာ ဒီနှစ်အတွက် အမှတ် ၄၀၀ နဲ. ဆေးတက္ကသိုလ်ဝင်ခွင်.ကို လက်ခံတယ်။ အမှတ် ၃၉၈ မှတ်ရတဲ.သူတွေက ဆေးတက္ကသိုလ် ၀င်ခွင်.နဲ.လွဲချော်ရတယ်။ ဒါပေမယ်. အဲဒီအထဲမှာ တကယ်.ကို ဆရာဝန်ပညာကို ရေကုန်ရေခန်း လေ.လာလိုက်စားချင်တဲ.သူ၊ တိုင်းပြည်နဲ.လူမျိုးကို အကျိုးပြုချင်တဲ.သူတွေပါနေမယ်။ တကယ်တမ်းဆေးတက္ကသိုလ်ဝင်ခွင်.ရပြီးမှ နဂိုမိဘ ကပိုက်ဆံရှိလို.သော်လည်းကောင်း ၊ ကိုယ်ကိုယ်၌ က ၀ါသနာမပါလို.သော်လည်းကောင်း ဆက်မတက်တဲ.သူတွေက ခုနလို တကယ်တက်ချင်တဲ.သူမျိုးတွေကို အားနာဖို.မကောင်းပေဘူးလား။ နိုင်ငံအတွက်လည်း တကယ်အကျိုးပြုမယ်. ဆရာဝန်ကောင်းတွေကိုဆုံးရှုံးရမှာပါ။ ပြောချင်တာက ဆေးပညာ ကိုလေ.လာတတ်မြောက်ချင်တာထက် ဆရာဝန်ဆိုတဲ. ဂုဏ်ကို ပိုပြီးမက်မောနေကြတာကများတာကိုပါ။ Patch Adam ဆိုတဲ.ဇတ်ကားလေးကို မကြည်.ရသေးရင် ကြည်.ဖို.တိုက်တွန်းလိုပါတယ်။
ကျောင်းတွေမှာလည်းရှိပါတယ်။ ၁၀ တန်းမှာပေါ. ၊ ကိုယ်.အတန်းဖော်တစ်ယောက်က တော.ဖြင်. ဆေးဝင်သွားတယ်။ ငါကတော. မ၀င်ဘူးဆိုပြီးအရှက်ကြီးရှက်ကြပါတယ်။ ကိုယ်တကယ် ၀ါသနာပါတာမပါတာမတွေးတော.ပါဘူး။ ဆေးဝင်ဖို.ကို ပဲ အသားကုန်ပြိုင်ဆိုင်ကြပါတယ်။ ၀ါသနာဆိုတာက လည်းခက်တော.ခက်သားပဲ။ မြိတ်ကျွန်းစုမှာ ရှိတဲ. ဆလုံကလေးငယ်တစ်ယောက်က ကွန်ပျူတာ ပရိုဂရန်းမင်း ၀ါသနာပါဖို. ၊ နျူကလီးယားနည်းပညာ ၀ါသနာပါဖို.ဆိုတာ ဘယ်လိုအခွင်.အရေးရှိနိုင်မှာလဲနော်။ ဒီတော. ၀ါသနာဆို တာ ကိုယ်. လူ.ပတ်ဝန်းကျင် ၊ လူ.အသိုင်းအ၀ိုင်းမှာ ထိတွေ.ရ ၊ ကြုံရမြင်ရ ၊ ကြားရ တာတွေအပေါ်မှာအများကြီးမူတည်တယ်ဆိုတာ ငြင်းလို.မရပါဘူး။ လူတစ်ယောက်ဟာ မွေးဖွားလာပြီဆိုတာနဲ. ကိုယ်.ရဲ. မွေးဖွာရာ ဇာတိ ၊ လူမျိုး ၊ လိင် နဲ. မိဘတွေရဲ. လူမှုရေး အဆင်.အတန်းတွေ ကိုရွေးချယ်ခွင်.မရှိပါဘူး။ လူတစ်ယောက်ရဲ. ၀ါသနာဟာ လဲ အဲဒါတွေပေါ် မှာ အရင်းခံပြီးကာ မှ အသက်အရွယ် ၊ အခြေအနေ ၊ ပတ်ဝန်းကျင်ကို လိုက်ပြီး ပြောင်းလဲလာတာမျိုးပါ။ ကလေးငယ် ဘ၀ မှာ ကိုယ်ဘာ ကို ၀ါသနာပါတယ်ဆိုတာ ကို အသေအချာမသိနိုင်သေးပေမယ်. အနည်းငယ်အရွယ်ရောက်လာတဲ. အခါမှာ ကိုယ်.ကိုယ်ကို Self Identification လုပ်တတ်လာပါပြီ။ ကိုယ်က ဘာကိုလုပ်ရင်ပျော်နေလည်း ဆိုတာသိလာပါပြီ။ အနာဂတ်မှာလည်း ဘာတွေကို လုပ်ချင်နေလည်း ဆိုတာသိလာပါပြီ။ ကိုယ်ဝါသနာပါတာ ကို ခံယူချက်ရှိရှိနဲ. လုပ်နိုင်ရင် ကိုယ်.အတွက်ကော လူတွေအတွက်ကော နိုင်ငံအတွက်ပါ အကျိုးရှိတာပေါ.။

If you are a gentleman and bring up your family in a proper way, society will look after itself

Confucius

အကယ်၍ သင်သည် လူတော်လူကောင်းတစ်ယောက်ဖြစ်မည် ၊ သင်.မိသားစု ကိုလည်း နည်းမှန်လမ်းမှန်ဖြင်. ပျိုးထောင်စောင်.ရှောက်ပေးမည်ဆိုလျှင် လူ.အဖွဲ.အစည်းသည် ၎င်းဘာသာ ကာကွယ်စောင်.ရှောက်ပါလိမ်.မည်။
ကွန်ဖြူးရှပ်

The price of greatness is responsibility.

Winston Churchill

တာဝန်သိမှုသည် ကြီးမြတ်ခြင်း၏ ဆုလာဘ် ဖြစ်သည်။
ဝင်စတန်ချာချီ

ဗျတ်ဇ

1 comment:

  1. မြန်မာပြည်မှကိုကိုမမတို့ခင်များကလေးအစိစဉ်တွေကိုပေါ်ခါစတုန်းကဟာတွေသာအွန်လိုင်းပေါ်မှာကြည့်ရတာပါခုနောက်ပိုင်းတင်မည့်သူမရှိလို့မကြည့်ရတော့ပါဒါကြောင့်တတ်နိုင်သမျှကြိုးစားပီးတင်ပေးပါရန်..နိုင်ငံခြားရောက်ကလေးချစ်သူများ

    ReplyDelete

User Online